• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မိခင်များနေ့ဆုတောင်း

ဆရာရဲမင်း

10 月 17, 2024

မိခင်များနေ့ဆုတောင်း

မေတ္တာတော်ရှင်အဖဘုရား
ကျွန်ုပ်တို့အတွက်လောကမှာအသက်ရှင်တဲ့အခါဘုရားသခင်ရဲ့‌ မေတ္တာကိုနားလည်ခံစားမိအောင်မိခင်ကိုပေးထားတဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်။

အမေအားဖြင့်လောကကြီးထဲမှာ
ပထမခြေလှမ်းလှမ်းခဲ့ရပါတယ်၊
ပထမဆုံးအချစ်ကိုခံစားမိခဲ့ရတယ်၊
ပထမဆုံးငိုကြွေးနေတာကိုနှစ်သိမ်မှုရရှိမိခဲ့တယ်၊
ပထမဆုံးအပြုံးနဲ့ပထမဆုံးအကွယ်အကာခံစားရခဲ့တယ်။
ပထမဆုံးအားပေးစကားကြားခဲ့ရတယ်။
လဲကျတဲ့အခါရှေ့လျှောက်လှမ်းနိုင်ဖို့ပထမဆုံးခွန်အားရရှိခဲ့တယ်။
ပထမဦးဆုံးဆုံးမပဲ့ပြင်ပေးခဲ့တာကြောင့်ဘယ်အရာဟာလုပ်သင့်မလုပ်သင့်ပထမဆုံးသိလာခဲ့တယ်။
ကိုယ်တိုင်ပထမဆုံးမိဘလုပ်တဲ့အခါကိုယ့်သားသမီးကိုဘယ်လိုသွန်သင်ရမလဲဆိုတာအမေကြောင့်နားလည်လာခဲ့ရတယ်။

ဒါကြောင့်
အမေတွေကိုယေရှုနာမအားဖြင့်ကောင်းကြီးပေးပါတယ်။
လောကမှာရှိတဲ့အလွှာပေါင်းစုံကအမေများကျန်းမာချမ်းသာပါစေ၊အမေများအားလုံးပျော်ရွှင်ပါစေ။
ကလေးတွေကိုကိုးလအထိလွယ်နေရတဲ့မိခင်လောင်းတွေကိုလဲကောင်းကြီးပေးပါတယ်၊ဘုရားသခင်ကျေးဇူးပြုတော်မူပါ။ကလေးတွေမွေးဖွားပြီးပြုစုပျိုးထောင်နေရတဲ့မိခင်တွေကိုလဲဘုရားသခင်ကောင်းကြီးပေးပါစေ။အိုမင်းနေပြီးပြုစုသူမရှိဖြစ်နေတဲ့မိခင်တွေကိုလည်းဘုရားသခင်အောက်မေ့တော်မူပါ။မိခင်ကျေးဇူးမေ့နေကြတဲ့သားသမီးတိုင်းကိုဆုံးမပဲ့ပြင်တော်မူပါ။

မိခင်‌တွေရဲ့ဆုံးမပဲ့ပြင်ခြင်းဟာလည်းအလိုတော်တိုင်းဖြစ်စေလျက်သားသမီးရဲ့ဘဝတခုလုံးဘုန်းထင်ရှားဖို့ဖြစ်စေတော်မူပါအဖဘုရား။

မေတ္တာတော်ရှင်အဖ
ယနေ့မိခင်အားဖြင့်ကိုယ့်တော့်အချစ်ကိုနားလည်စေပါ၊မိခင်ရဲ့အနမ်းအားဖြင့်၊မိခင်ရဲ့မျက်ရည်အားဖြင့်၊မိခင်ရဲ့ဆုတောင်းပေးခြင်းအားဖြင့်၊မိခင်ရဲ့ပေးဆပ်မှုအားဖြင့်၊မိခင်ရဲ့ခွင့်လွတ်ခြင်းအားဖြင့်၊မိခင်ရဲ့ကြီးမားတဲ့မေတ္တာအားဖြင့်ကိုယ်တော်ဘုရားကိုမြင်စေတော်မူပါ။မိခင်ကိုပြန်လည်ကျေးဇူးဆပ်နိုင်သေားသားသမီးဖြစ်စေလျက်ကိုယ်တော်ဘုရားကိုသာ၍ယုံကြည်ကိုးစားတတ်သောသားသမီးများဖြစ်စေတော်မှုပါ။

မိခင်များ‌နေ့မှရိုသေပြခြင်းမဟုတ်ဘဲနေ့ရက်စဥ်တိုင်းအစဉ်မပြတ်ရိုသေတတ်သောသူဖြစ်စေတော်မူပါ။တနင်္ဂတနေ့မှာဘဲဝတ်ပြုပြခြင်းမျိုးမဟုတ်ဘဲ‌၊နေ့ရက်စဉ်တိုင်းကိုယ်တော်နဲ့အတူသွားလာတတ်စေပါမည့်အကြောင်းဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းကြပါသည်အဖဘုရား၊အာမင်။

Ye Ming(ပတ္တမြားမြေ)