• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မေး-အာမင်(Amen)ဆိုတာဘာလဲ?
ဖြေ-အာမင်ဆိုတာဟီဘဘရူး(Hebrew)ဘာသာစကားပါ။အဓိပ္ပာယ်ကတော့တိကျသေချာစွာနားလည်
ပြီးယုံကြည်ထောက်ခံခြင်းဖြစ်ပါတယ်။ဥပမာ သဘောတူလက်မှတ်ထိုးခြင်းလိုပါဘဲ။မှန်တယ်၊ဒီတိုင်းဖြစ်ပါစေ(so let it be)…လို့အဓိပ္ပာယ်သက်ရောက်ပါတယ်။ဒါကြောင့်ယုံကြည်သူညီကိုမောင်နှမများ……..အာမင်ကိုပေါ့ပေါ့မပြောကြပါနဲ့၊ဥပမာဆုတောင်းတဲ့သူကဆုတောင်းတာမမှန်တဲ့အခါမျိုး၊တရားဟောတဲ့သူကမမှန်တဲ့တရားဟောတဲ့အခါမျိုး၊facebookမှာမမှန်တဲ့သမ္မာတရားသွန်သင်နေတဲ့အောက်မှာ အာမင် လုပ်နေတဲ့အခါမျိုးကျရင်၊ကိုယ်ကအာမင်ပြောလိုက်တာနဲ့ကိုယ်လဲသူပြောတဲ့တိုင်းသဘောတူခြင်း၊မှန်တယ်လို့ထောက်ခံခြင်းသက်ရောက်တဲ့အတွက်ကြောင့်ကိုယ်ကပါမမှန်တဲ့သူဖြစ်သွားပါမည်။ဒါကြောင့်ဟောတဲ့တရားတိုင်း၊ကြားတဲ့တရားတိုင်း၊ဆုတောင်းခြင်းတိုင်းမှာသမ္မာကျမ်းအားဖြင့်သေချာဆန်းစစ်ပြီးထောက်ခံသင့်သလားဆိုတာဆုံးဖြတ်ကြပါ။
Ye Ming(ပတ္တမြားမြေ)