• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ရှင်ပြန်ထမြောက်နေ့(Easter Sunday)

ဆရာရဲမင်း

10 月 23, 2024

ရှင်ပြန်ထမြောက်နေ့(Easter Sunday)

အင်္ဂလိပ်လိုEaster Sundayလို့ခေါ်ပြီး၊ဒဲ့ပြောရရင်တော့Resurrectionပါ။လက်တင်ဘာသာလိုနဲ့Pascha ခေါ်ပါတယ်၊ဂရိလိုနဲ့Πάσχαဖြစ်ပြီဟေဘရူးလိုפֶּסַחလို့ခေါ်ပါတယ်။စကားလုံးသမိုင်းကိုလေ့လာကြည့်ရင်ပသခါပွဲဆိုတဲ့အဓိပ္ပာယ်သက်ရောက်နေပါတယ်။

ဒီနေ့ဟာအစိုးရရုံးပိတ်ရက်ဖြစ်ပြီးဝါတွင်းရက်လေးဆယ်(Lent)ထဲကအထွဋ်အထိပ်နေ့လဲဖြစ်ပါတယ်၊သန့်ရှင်းသောအပတ်(Holy Week)ပြီးနောက်ခရစ်ယာန်ယုံကြည်သူတွေအောင်ပွဲခံတဲ့နေ့ဖြစ်ပါတယ်။နှစ်စဉ်နှစ်တိုင်းရဲ့ရှင်ပြန်ထမြောက်ရာနေ့မတူကြပါဘူး၊ရက်မြတ်ကအသေမသတ်မှတ်ထားဘဲ“၃လပိုင်း၂၂ရက်ကနေ၄လပိုင်း၂၅ရက်ကြားကလပြည့်ပြီးနောက်တပတ်ရဲ့တနင်္ဂနွေနေ့”အဖြစ်‌ ရွှေ့လျားနေတာပါ။(အကယ်၍အဲဒီလပြည့်‌ နေ့ကတနင်္ဂနွေကျခဲ့ရင်လာမဲ့အပတ်တနင်္ဂနွေမှရှင်ပြန်ထမြောက်ရာနေ့ကျရောက်မှာဖြစ်ပါတယ်။)နေ့ရက်နဲ့ပတ်သတ်ပြီးအသင်းတော်သမိုင်းမှာကွဲလွဲမှုတွေတချို့ရှိခဲ့ပါတယ်၊ကနဦးအသင်း တော်တွေကယုဒလူမျိုးရဲ့ပသခါပွဲနေ့(Nisanလ၁၄ရက်နေ့)မှာရှင်ပြန်ထမြောက်ရာနေ့ပြုလုပ်ခဲ့ကြပေမဲ့၊AD325နိစိန်အစည်းအဝေးကြီးရဲ့ဆုံးဖြတ်ချက်မှာရှင်ပြန်ထမြောက်ရာနေ့ကိုနွေဦးရာသီလပြည့်ပြီးတပတ်ရဲ့တနင်္ဂနွေနေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။အဲဒီကနေစပြီးဂျူးပြက္ခတိန်နဲ့နေ့ရက်ကိုမချိန်သုံးတော့ဘဲခရစ်နှစ်ကိုအဓိကအစွဲပြုသုံးလာကြပါတယ်။

ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကဘာတွေယူဆောင်လာသလဲ?ဘာလို့ခရစ်ယာန်တိုင်းအဲဒီနေ့မှာပျော်ရွှင်အောင်ပွဲခံကြရတာလဲ?သမ္မာကျမ်းစာကြည့်တဲ့အခါခရစ်တော်ရဲ့သေရာကနေရှင်ပြန်ထမြောက်ခြင်းဟာလူသားတိုင်း ကြောက်နေရတဲ့သေခြင်းကိုအောင် နိုင်ခဲ့ပြီး၊သူ့ကိုယုံကြည်လက်ခံသူတိုင်းဟာလဲသေခြင်းကိုအောင်မြင်မှာဖြစ်ကြောင်း ဟေဗြဲဩဝါဒစာ ၂:၁၄-၁၅မှာဖော်ပြထားပါတယ်။အထူးသဖြင့်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ယုံကြည်သူတိုင်းကိုငြိမ်သက်ခြင်းပေးတယ်(မသဲ ၁၁:၂၈)၊အသစ်သောအသက်တာပေးတယ်(၂ေကာ၅:၁၇)၊ထာဝရအသက်ကိုပေးပါတယ်။(ယော၃: ၁၆) ဟာလေလုယာ။ဒါကြောင့်သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာခရစ်ယာန်ယုံကြည်မှုရဲ့အုတ်မြစ်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သမ္မာကျမ်းစာကောရိန်သုဩဝါဒစာ ပဌမစောင် ၁၅:၁၄-၁၅မှာဒီလိုတိကျရှင်းလင်းစွာဖော်ပြထားပါတယ်”ခရစ်ေတာ်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။”ဒီကျမ်းချက်အားဖြင့်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဟာဘယ်လောက်အရေးပါကြောင်းပေါ်လွင်စေပါတယ်၊ကုန်ကုန်ပြောရရင်ခရစ်စမတ်တောင်တရက်ဘဲလုပ်ပါတယ်၊ရှင်ပြန်ထေမြာက်ရာနေ့ကတော့အပတ်စဉ်တိုင်းရဲ့တနင်္ဂနွေမှာအတူအောက်မေ့ဝတ်ပြုနေကြတာယနေ့ထိပါဘဲ။

အီစတာကြက်ဥနဲ့ယုန်
ရှင်ပြန်ထမြောက်ရာနေ့မှာကြက်ဥတွေစားကြပါတယ်၊အရောင်တွေဆိုးပြီးလက်ဆောင်တွေပေးကြပါတယ်၊ဒါဟာအသစ်သောအသက်သာနဲ့တစ်ဖန်ပြန်လည်မွေးဖွားခြင်းကိုပုံဆောင်တဲ့သင်္ကေတတခုဘဲဖြစ်ပါတယ်။ရောင်စုံကြက်ဥလုပ်ထုံးဖြစ်ပေါ်လာပုံကတော့ပိုတေးမီးယားကယုံကြည်သူတွေဟာကြက်ဥပေါ်ယေရှုအသွေးတော်ဆိုပြီးအနီရောင်ဆိုးခြင်းကနေစခဲ့တယ်လို့ေလ့လာမိပါတယ်။ယနေ့ခေတ်မှာတော့အရောင်စုံပါ၊တချို့ကချောကလတ်တို့ချိုချဉ်တို့ထည့်ထားတဲ့ကြက်ဥအတုတွေပါခေတ်စားလာကြပါၿပီ။အီစတာယုန္ကေတာ့ခရစ္စမတ်ဘိုးဘိုးကြီးလိုပေါ့၊ဂျာမနီနိုင်ငံရဲ့လုသာရင်အသင်းတော်ကနေစခဲ့တာပါ။ကလေးတွေအတွက်ရည်မှန်းတဲ့ပုံပြင်လေးပါ၊လိမ်လိမ်မာမာနေရင်အီစတာယုန်ကေရာင်စုံကြက်ဥနဲ့အတူလက်ဆောင်ယူလာပေးမယ်ဆိုတဲ့ဒဏ္ဍရီပုံပြင်ကနေဆင်းသက်လာတာပါ။အီစတာယုန်ကတော့ပွားများခြင်းနဲ့ကောင်းကြီးကိုပုံဆောင်ပါတယ်။