• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

Easterလို့မသုံးရဘူးတဲ့လား?ကြက်ဥမစားရဘူးတဲ့လား?

ဆရာရဲမင်း

10 月 23, 2024

Easterလို့မသုံးရဘူးတဲ့လား?ကြက်ဥမစားရဘူးတဲ့လား?

ဒီနေ့Easter Sundayနဲ့ပတ်သတ်ပြီးအီစတာလို့မသုံးရကြောင်း၊ကြက်ဥမစားရကြောင်းပြောဆိုမှုတွေအများကြီးတွေ့နေရပါတယ်၊နောက်ဆုံးကျနော့ကိုလာမေးတဲ့သူတွေပါရှိလာတော့အနည်းငယ်ဖြေရှင်းပေးပါရစေ။
Easterဆိုတဲ့စကားလုံးဟာရှင်ပြန်ထ‌မြောက်ရာနေ့ဖြစ်လာရတဲ့သမိုင်းကြောင်း၂ခုရှိပါတယ်။

၁။Oxford english dictionary နဲ့တချို့ကနဦးခရစ်ယာန်စာအုပ်တွေမှာဂျူးဘာသာကသုံးတဲ့ပါစကား(Pascha-ပသခါပွဲ)စကားလုံးဟာEasterစကားလုံးနဲ့အရင်းအမြစ်တူတာမို့ပါ။ဒါကြောင့်ရှေးကျမ်းစာဘာသာပြန်ကျမ်းတချို့မှာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်တဲ့နေ့ကိုEasterလို့ဘာသာပြန်သုံးကြဝာာရှိခဲ့ကြတယ်လို့Wikiမှာဖော်ပြပါတယ်။

၂။ဒုတိယတမျိုးက၄လပိုင်းဟာနတ်ဘုရားမရဲ့လလို့ခေါ်တွင်တာကြောင့်၊အဲဒီနတ်စား တွေပြောင်းလဲလာတဲ့အခါ၊၄လပိုင်းမှာလုပ်တဲ့ရှင်ပြန်ထမြောက်ပွဲကိုEasterလို့ဘဲလတစ်လရဲ့အ‌ ခေါ်အဝေါ်နဲ့သတ်မှတ်ခေါ်တွင်ခဲ့ကြောင်းပါ။ဥပမာယနေ့ကျနော်တို့သုံးနေတဲ့ဆန်းဒေး(Sunday)ဟာလည်းနဂိုနေနတ်ဘုရားနေ့ကနေအစွဲပြုပြီးပေါ်လာတာပါ၊ဒါပေမယ့်ယနေ့ဝတ်ပြုတဲ့အခါဆန်းဒေးဝတ်ပြုခြင်းလို့သုံးနေကြတဲ့အတိုင်းပါဘဲခင်ဗျာ။အနှစ်သာရပြောင်းလဲသွားပြီမို့သုံးလို့ရနေပါတယ်။

အနည်းငယ်ရှင်းပြပါမယ်။
လက်ရှိကမ္ဘာတဝမ်းမှာအသုံးပြုနေတဲ့တပတ်ခုနစ်ရက်ဆိုတာAD312.၃လပိုင်း၇ရက်နေ့ကဘုရင်Constantine the Greatကနေအတည်ပြုသတ်မှတ်ခဲ့တာပါ။သူတို့တွေရဲ့အမည်နာမကတော့
Sunday, Monday, Tuesday, Wednesday, Thursday, Friday, Saturday ဖြစ်ပါတယ်။
ဒီအခေါ်အဝေါ်တွေကိုလေ့လာကြည့်တဲ့အခါ၆ရာစုဝန်းကျင်ကဘေဘီလုန်အင်ပါယာကနေအစပြုပေါ်ထွက်လာတာတွေ့ရပါတယ်။ရှေးဟောင်းဘေဘီလုန်လူမျိုးတွေဟာအာကာသပေါ်ကကြယ်မျိုး၇လုံးအမည်နာမနဲ့ယဇ်ပူဇော်စင်လုပ်ခဲ့ကြပါတယ်၊ဒီယဇ်စင်ဟာခုနစ်ထပ်ရှိပြီးအထပ်တိုင်းမှာဂြိုလ်တာရာဘုရားတဆူရှိပါတယ်၊အပေါ်ဆုံးကနေစပြောရရင်နေနတ်ဘုရား၊လနနတ်ဘုရား၊မီးနတ်ဘုရား၊ရေနတ်ဘုရား၊သစ်နတ်ဘုရား၊ရွှေနတ်ဘုရားနဲ့မြေနတ်ဘုရားတို့ဘဲဖြစ်ပါတယ်။ဒီနတ်မင်းခုနစ်ပါးအမည်အလိုက်တပတ်၇ရက်ကိုအမည်အသီးသီးပေးပြီးပူဇော်ကြပါတယ်။
Sun’s-day(နေနတ်ဘုရားနေ့)နေဂြိုလ်။
Moon’s-day(လနတ်ဘုရားနေ့)လဂြိလ်။
Mars’s-day(မီးနတ်ဘုရားနေ့)မားစ်ဂြိုလ်။
Mercury’s-day(ရေနတ်ဘုရားနေ့)မာကျူရီဂြိုလ်။
Jupiter’s-day(သစ်နတ်ဘုရားနေ့)ကျူပီတာဂြိုလ်။
Venus’-day(ရွှေနတ်ဘုရားနေ့)ဗီးနပ်စ်ဂြိုလ်။
Saturn’s-day(မြေနတ်ဘုရားနေ့)စားဒန်ဂြိုလ်…တို့ဘဲဖြစ်ပါတယ်။
နောက်ပိုင်းAnglo-Saxonလူမျိုးတွေကတခါဒီအမည်နာမထဲကလေးခုကိုသူတို့နတ်ဘုရားနာမည်အဖြစ်ပြန်ပြောင်းခဲ့ပါတယ်…Mars’s-day 、Mercury’s-day 、Jupiter’s-day 、Venus’-dayဆိုတဲ့ဒီလေးရက်ကိုTuesday 、Wednesday、Thursday、Fridayဆိုတဲ့နတ်ဘုရားနာမည်အြသီးသီးပြန်ပြောင်းခဲ့ပြန်ပါတယ်။
Tuesdayဆိုတာ =Anglo-Saxonလူမျိုးတွေရဲ့စစ်ဘုရား။
Wednesdayဆိုတာ=Anglo-Saxonလူမျိုးတွေရဲ့သခင်ဘုရား။
Thursdayဆိုတာ=Anglo-Saxonလူမျိုးတွေရဲ့မိုးကြိုးဘုရား။
Fridayဆိုတာ=Anglo-Saxonလူမျိုးတွေရဲ့အချစ်နတ်မယ်ဘုရား။

ထိုကြောင့်
Sundayဆိုတာနေနတ်ဘုရားနေ့ဆိုပေမဲ့ခရစ်ယာန်ယုံကြည်သူတွေအတွက်တော့ရှင်ပြန်ထမြောက်ရာနေ့ပါ။Sundayဆိုပြီးအသုံးပြုပေမဲ့ခံယူချက်ကတော့ကွာပါတယ်။အလားတူအခြားရက်မြတ်တွေကလဲအခေါ်အဝေါ်သုံးပေမဲ့ခံယူမှုတော့နတ်ဘုရားကိုးကွယ်မှုမဟုတ်ပါဘူး။Easter Sunday ဆိုတာလဲနတ်ဘုရားအလေ့အထကနေဆင်းသက်လာတယ်ပြောကြပေမဲ့ယနေ့ယုံကြည်သူများအသုံးပြုတဲ့အခါထိုခံယူချက်မဟုတ်တော့ချေ၊အီစတာလို့ပြောလိုက်တာနဲ့ယေရှုခရစ်တော်ရှင်ပြန်ထမြောက်လာသောနေ့ဆိုတာရှင်းပြစရာမလိုအောင်အားလုံးသိပြီးသားဖြစ်ပါတယ်။ထို့အတူခရစ္စစမတ်နေ့ရဲ့ဖြစ်ပေါ်လာပုံလည်းနေနတ်ဘုရားမွေးနေ့နဲ့တိုက်ဆိုင်‌ နေခဲ့တယ်ဆိုရင်‌တောင်မှ၊ဒီနတ်ကိုးကွယ်တဲ့လူတွေဟာပြောင်းလဲလာတဲ့အခါနေနတ်ဘုရားမွေးနေ့ကိုအသက်ရှင်သောယေရှုခရစ်တော်မွေးနေ့အဖြစ်ပြောင်းလဲလုပ်ဆောင်တာဟာမင်္ဂလာတပါးဖြစ်ပါတယ်။

ဆိုလိုချင်တဲ့သဘောကရှင်းရှင်းလေးပါ။
အကယ်၍Easterဆိုတာကိုနတ်ဘုရားနာမည်မို့မသုံးရဘူးဆိုရင်၊တပတ်၇ရက်အမည်နာမတွေ‌ကော၊ဥပမာSundayဆိုတဲ့နေနတ်ဘုရားနာမကိုကောသုံးလို့ရပါသေးသလား?စဉ်းစားပါ။အီစတာ(Easter)တော့သုံးလို့မရဘူး၊ဆန်းဒေးဝတ်ပြု(Sunday Worship)ဆိုတာတော့သုံးလို့ရတယ်ဆိုရင်ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေတာပါဘဲ။ဒီစကားကိုကအချင်းချင်းဆန့်ကျင်နေလို့ပါ ။အမှန်ကခရစ်တော်၌ပြောင်းလဲပြီးမို့ခံယူချက်တမျိုးနဲ့အသုံးပြုနေတာလေးပါ။တနည်းအားဖြင့်အီစတာဆန်းဒေးပြောလိုက်ရင်ခုခေတ်ဘယ်သူမှနတ်ဘုရားကိုသွားကိုးကွယ်ဖို့ဆိုပြီးနားလည်နေမှာမဟုတ်တော့ပါဘူး၊ခရစ်တော်၌ပြောင်းလဲပြီးဖြစ်တယ်၊ဒါကြောင့်နဂိုရှင်းနေတာကိုအတင်းကြီးနတ်ဘုရားဖက်စိတ်ဝင်အောင်ပြန်မတွန်းဝင်ချင်ကြပါနဲ့။အားလုံးကိုနားလည်စေပါ၊အကယ်၍Easter Sundayသုံးလိုက်လို့ယုံကြည်ခြင်းအားနည်းသွားစေရင်မသုံးပါနဲ့၊ဒါပေမဲ့သုံးနေသူကိုလဲခွင့်ပြုပေးလိုက်ပါလို့တိုက်သွန်းရင်းနိဂုံးချုပ်လိုက်ပါရစေ။

ကြက်ဥကတော့အီစတာဆန်းဒေးမှစားကြတာမဟုတ်ပါဘူး၊တချို့အိမ်မှာအမြဲတမ်းစားနေကျအစားအစာဖြစ်တာမို့၊မစားရလို့ပြောနေသူဟာအခြေအမြစ်မရှိဘဲပြောနေကြောင်းကလေးတောင်နားလည်နိုင်ပါတယ်။အကယ်၍ကြက်ဥကိုပုံမှန်ရက်တွေမှာတော့စားလို့ရပြီး၊တနင်္ဂနွေနေ့အီစတာပွဲလုပ်တဲ့ချိန်မှာစားလို့မရဘူးဆိုရင်အခြေအမြစ်မရှိတဲ့စကားသာဖြစ်ပါတယ်။ရှင်ပြန်ထမြောက်ပွဲမှာကြက်ဥဘဲစားစား၊ဒံပေါက်နဲ့အအေးဘဲသောက်သောက်မရဘူးလား?ရတာပေါ့ဗျာ။နတ်ဘုရားဘာညာဆင်းသက်လာတဲ့ပုံပြင်တွေမရှိခင်ကြက်ဥနဲ့တခြားအစားအစာကိုဘုရားဖန်ဆင်းပြီးသားဖြစ်ပါတယ်။စားစရာ‌ကောင်းတဲ့ကြက်ဥကိုမှနတ်ဘုရားဖက်အတင်းဆွဲမထည့်ချင်ပါနဲ့ဗျာ။

နောက်တခုကရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုကြက်ဥအသုံးပြုပြီးပုံဆောင်ဟောကြားတာအင်မတန်မွန်မြတ်တဲ့အရာပါ။(ကောလောသဲ၁:၂၈ပ​ညာ​အ​မျိုး​မျိုး​နှင့် ဆုံး​မ​သွန်​သင်​လျက် ခ​ရစ်​တော်၏​တ​ရား​ကိုဟော​ပြော​ကြ၏။)ပညာအမျိုးမျိုးဆိုတဲ့အထဲမှာဧဝံဂေလိကိုပုံဆောင်ဟောပြောခြင်းရှိတာမမေ့ပါနဲ့။နားလည်ပါစေ။

(ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၅:၁၇ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။)