Easterအီစတာမသုံးရဘူးလား(၂)
Easterကနတ်ဘုရားပါလို့ဆိုသူ
ကျမ်းစာမှာမရှိဘူးလို့ဆိုသူ
အီစတာကပသခါဆိုတဲ့Passoverနဲ့လုံးဝမဆိုင်ဘူးစသဖြင့်ဆိုသူတွေ
တမန်တော်ဝတ္ထု၁၂:၄ကိုအင်္ဂလိပ်kjvဗားရှင်းလေ့လာကြည့်ပါ။
ဒီမှာဂျူးတွေရဲ့ပဿခါပွဲကိုKjvဗားရှင်းကEasterလို့ဘာသာပြန်သုံးထားပါတယ်။Easterကနတ်ဘုရားကိုဆိုလိုရင်kjvကပသခါဆိုတဲ့ဘုရားနဲ့ဆိုင်တဲ့ပွဲကိုသိသိကြီးနဲ့နတ်ဘုရားအဖြစ်ဘာသာပြန်မှားခဲ့လေသလား?kjvကသိသိကြီးဒီလောက်ကြီးတဲ့အမှားမျိုးကိုကျူးလွန်ခဲ့လေသလားဆိုတာလည်းတခါထဲဖြေကြည့်ပါ။
(ကျနော်ကအင်္ဂလိပ်လိုမကျွမ်းလို့ကျွမ်းကျင်သူတွေကိုမေးပြီးအတည်ပြုထားတာမို့မှားနေရင်မှတ်ချက်ပြုထောက်ပြကြည့်ပါ)
【Act12:4】And when he had apprehended him, he put him in prison, and delivered him to four quaternions of soldiers to keep him; intending after Easter to bring him forth to the people.Easter: Gr. Passoverquaternions: a file of four soldiers
ဒီတမန်တော်ဝတ္ထု၁၂:၄ကိုမူရင်းဂရိအပါအဝင်၊မြန်မာလိုနဲ့တရုတ်လို၊တခြားအင်္ဂလိပ်ဘာသာပြန်ကျမ်းတိုင်းမှာတော့ပသခါပွဲလို့ဒဲ့ဘာသာပြန်ထားပါတယ်။
ပသခါကအမှန်ဆိုရင်ယေရှုရဲ့အသေခံခြင်းကိုပုံဆောင်ပေမယ့်၊ကနဦးအသင်းတော်ကထမြောက်ပွဲကိုဂျူးတွေရဲ့ပသခါပွဲနေ့နဲ့ထပ်တူပြုလုပ်ခဲ့ကြောင်း၊နောက်ပိုင်းအစည်းဝေးထိုင်ပြီးနွေဦးရာသီရဲ့တနင်္ဂနွေနေ့တရက်ကိုထမြောက်ပွဲအဖြစ်အတည်ပြုခဲ့ ကြောင်းသမိုင်းမှတ်တမ်းရှိပါတယ်။အမည်နာမကိုတော့အီစတာဘဲဆက်လက်အသုံးပြုခဲ့တာကြတာလို့ဆိုထားပါတယ်။
ဆိုတော့
Easterကိုနတ်ဘုရားနာမနဲ့ဆင်တူနေလို့နတ်ဘုရားပါလို့ပြောရင်Kjvဗားရှင်းရဲ့ဘာသာပြန်မှုကနတ်ဘုရားနာမည်ထည့်ခဲ့တာလားဖြေကြည့်ပါ။အမှန်တော့ပသခါပွဲကိုဘာသာပြန်ထားတာမို့၊ရှင်ပြန်ထမြောက်ရာနေ့မှာလည်းသုံးလို့ရနေတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။
ကျမ်းစာမှာပါတဲ့Easterကိုတော့နတ်ဘုရားလို့ပြောပြီးမသုံးခိုင်းကြဘဲ၊ကျမ်းစာမှာမပါတဲ့Sundayကိုတော့နေနတ်ဘုရားနေ့မှန်းသိသိကြီးသုံးလို့ရပါတယ်ဆိုတာမျိုးကဂျင်းပါဘဲ။ဒါကပထမပိုင်းမှာနောက်တလှမ်းဆုတ်ပြီးရှင်းပြခဲ့တာပါ၊အကယ်၍အီစတာဆိုတာနတ်ဘုရားနာမဆိုရင်တောင်ယနေ့ခရစ်တော်၌ပြောင်းလဲပြီမို့Sundayလိုဘဲသုံးချင်သုံးလို့ရနေကြောင်းရှင်းပြခဲ့တာပါ။
တကယ်တော့Sundayဖြစ်ဖြစ်Easterဖြစ်ဖြစ်ရှင်ပြန်ထမြောက်တဲ့ဘုရားကိုသာကိုးကွယ်ကြတာပါဘဲ။မသုံးချင်သူမသုံးကြပါနဲ့၊သုံးချင်သူသုံးကြပါစေဗျာ။နောက်တခါအီစတာကနတ်ဘုရားဘာညာလာပြောရင်တမန်တော်ဝတ္ထု၁၂:၄Kjvဗားရှင်းသာချပြလိုက်ပါ။
ပသခါနှင့်ခရစ်တော်ပက်သက်ပုံ
(၁ကော၅:၇ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ်သည် ငါတို့အဖို့ ယဇ်ပူဇော်ရာဖြစ်၏။)