• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မျက်မှောက်ကာလကိုဆင်ခြင်သုံးသပ်ခြင်း

ဆရာရဲမင်း

10 月 25, 2024

မျက်မှောက်ကာလကိုဆင်ခြင်သုံးသပ်ခြင်း

၁။ကိုယ်ကျိုးအတွက်ခရစ်တော်နောက်လိုက်သူများလာတယ်။ခရစ်တော်အတွက်အနွံတာခံချင်သူနည်းနေတယ်။

၂။ကျမ်းတတ်ဆရာဒေါက်တာတွေပေါများလာတယ်။ခရစ်တော်ကိုတကယ်သိပြီးသမ္မာတရားအတိုင်းလက်တွေ့အသက်ရှင်သူနည်းနေတယ်။

၃။သူတပါးအပြစ်ကိုမြင်သူများလာတယ်။မိမိအပြစ်ကိုမြင်တတ်တဲ့သူနည်းသွားတယ်။

၄။ကိုယ့်စီးပွားတိုးတက်ရေးလမ်းတွေကျယ်ပြန့်လာတယ်။မိမိဝိညာဉ်ရေးရာလမ်းကတော့ကျဉ်းမြောင်းနေတယ်။

၅။ဘဏ်ထဲကစုငွေဂဏာန်းတွေပိုပိုတိုးလာတယ်။ဧဝံဂေလိမှာပါဝင်မှုနူန်းနည်းပါးလာတယ်။

၆။ပုတ်ပျက်နိုင်တဲ့မြေကြီးဘဏ္ဍာစည်းပူးသူများလာတယ်။ထာဝရမြဲတဲ့ကောင်းကင်ဘဏ္ဍာသိုထားသူနည်းလာတယ်။

၇။ငွေရေးကြောင့်သမ္မာတရားရောင်းစားသူများလာတယ်။လွဲမှားနေတဲ့သွန်သင်မှုကိုအမုန်းခံထောက်ပြသူနည်းလာတယ်။

၈။လောကသတင်းအတင်းရှဲလ်ဖို့မြန်ဆန်တတ်လာတယ်။ခရစ်တော်ရဲ့သတင်းကောင်းရှဲလ်ဖို့နှေးကွေးနေတယ်။

၉။အင်တာနက်လိုင်းအသုံးပြုသူများလာတယ်။အသင်းတော်လာဖို့နဲ့ဆုတောင်းကျမ်းစာဖတ်သူနည်းသွားတယ်။

၁၀။ခရစ်တော်မရှိရင်ရတယ်အင်တာနက်လိုင်းမရှိရင်မရဘူးဆိုသူများလာတယ်။မိမိအနှစ်သက်ဆုံးအရာကိုခရစ်တော်အတွက်ဖြစ်စေမယ်ဆိုသူနည်းလာတယ်။

ကိုယ်တိုင်ဆင်ခြင်မိသောအရာများဖြစ်ပါသည်။စာဖတ်သူများလည်းဆင်ခြင်မိပြီးပြောင်းလဲနိုင်သောသူများဖြစ်ကြပါစေ။အာမင်။