နှစ်သစ်သန္နိဌာန်(၄)ချက်
နိဒါန်း
နှစ်သစ်မှာဆာလံ၁ထဲက“မ”သုံးမျိုး ဖြစ်တဲ့ မလိုက်၊မရပ်၊မထိုင်နဲ့၊လုပ်ရမည့်အရာတခုကိုအတူတကွဆုံးဖြတ်ချက်ချပြီးအစပြုရအောင်ပါ။
၁။မတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်(ဆာလံ၁:၁)
ဤနှစ်သစ်မှစ မတရားသောသူ(မှန်သမျှ)တို့၏တိုက်တွန်းသွေးဆောင်ခြင်းမှရှောင်ပါမည်၊ကင်းအောင်နေပါမည်။ကိုယ်တော်ဘုရားကူညီမ စတော်မူပါ၊အားနည်း၍မတရားသောသူရဲ့တိုက်တွန်းခြင်းထဲရောက်မိပါကကျွန်ုပ်ကိုဆွဲခေါ်တော်မူပါ။
၂။လူဆိုးတို့၏လမ်းတွင်မရပ်မနေ(ဆာလံ၁:၂)
ဤနှစ်သစ်မှစ လူဆိုးတို့သွားလာတတ်သောနေအိမ်၊လမ်းအဝင်အထွက်မှစ၊ရောက်တတ်သည့်နေရာတိုင်းတွင်ပါဝင်ရပ်တည်နေမည်မဟုတ်ပါ။ကိုယ်တော်ဘုရားကူညီမ စတော်မူပါ၊အားနည်း၍လူဆိုးရဲ့ နေရာထဲသွားရောက်ရပ်နေမိပါကကျွန်ုပ်ကိုဆွဲခေါ်တော်မူပါ။
၃။မထီမဲ့မြင်ပြုသောသူတို့၏အစည်းအဝေး၌မထိုင်(ဆာလံ၁:၂ခ)
ဤနှစ်သစ်မှစ ဘုရားသခင်ကိုမထီမဲ့မြင်ပြုတတ်သောလူတွေရဲ့အစည်းအဝေး၌လုံးဝ(လုံးဝ)တက်ရောက်မည်မဟုတ်ပါ။ကိုယ်တော်ဘုရားကူညီမ စတော်မူပါ၊အကယ်၍အားနည်းပြီးမထီမဲ့မြင်ပြုတတ် သောသူတို့ရဲ့အစည်းအ ဝေးထဲပါဝင်မိပါကကျွန်ုပ်ကိုဆွဲခေါ်တော်မူပါ။
၄။ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့ပါမည်။(ဆာလံ၁:၂)
တရားတော်ဆိုတဲ့နူတ်ကပတ်သမ္မာကျမ်းစာရဲ့သွန်သင်ချက်ကိုအချိန်ရှိတိုင်းခံယူတည်ဆောက်သွားပါမည်။ကိုယ်တော်ဘုရားကူညီမ စတော်မူပါ၊အကယ်၍အားနည်းပြီးတရားတော်နဲ့ဝေးခဲ့မိပါကကျွန်ုပ်ကိုဆွဲခေါ်တော်မူပါ။
နိဂုံး
ဤကဲ့သို့ဆုံးဖြတ်ခြင်းကြောင့်
နှစ်သစ်မှာကျွန်ုပ်သည်မင်္ဂလာရှိသောသူဖြစ်ပါသည်။အာမင်။
နှစ်သစ်မှာကျွန်ုပ်သည်ပြုလေသမျှ၌အောင်မြင်ခြင်းရရှိသောသူဖြစ်ပါသည်။အာမင်။
ဆာလံ၁:၂-၃တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍၊ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်သတည်း။