နှစ်သစ်ဝန်ခံကြွေးကြော်ချက်(၁၀)ချက်
၁။ဤနှစ်သစ်သည်ခရစ်တော်အားဖြင့်နှစ်ဟောင်းထက်သာ၍အောင်မြင်ပြီး၊ကောင်းကြီးနှစ်ဆခံစားရမည့်နှစ်ဖြစ်သည်။အာမင်။
၂။ဤနှစ်သစ်သည်အနာရောဂါများချုပ်ငြိမ်းပြီး၊ခန္ဓာစိတ်ဝိညာဥ်ကျန်းမာရွှင်လန်းသောနှစ်ဖြစ်သည်။အာမင်။
၃။ဤနှစ်သစ်သည်နှစ်ဟောင်းထက်ဧဝံဂေလိများစွာလုပ်ပြီးရိတ်သိမ်းမည့်နှစ်ဖြစ်သည်။အာမင်။
၄။ဤနှစ်သစ်သည်အသက်တာသာ၍တိုးတက်ပြောင်းလဲပြီး၊အလို တော်အတိုင်းနာခံအသက်ရှင်မည့်နှစ်ဖြစ်သည်။အာမင်။
၅။ဤနှစ်သစ်သည်ချည်နှောင်ခြင်းအမျိုးမျိုးမှလွတ်မြောက်ခြင်းခံရမည့်နှစ်ဖြစ်သည်။အာမင်။
၆။ဤနှစ်သစ်သည်နှစ်ဟောင်းထက်ဝိညာဉ်ရေးရာနှင့်ခန္ဓာဥစ္စာစီးပွားတိုးတက်သောနှစ်ဖြစ်သည်။အာမင်။
၇။ဤနှစ်သစ်သည်နှစ်ဟောင်းထက်ခွင့်လွတ်ခံရသောနှစ်၊သူတပါးကိုလည်းခွင့်လွတ်မည့်နှစ်ဖြစ်သည်။အာမင်။
၈။ဤနှစ်သစ်သည်မြန်မာပြည်တဝမ်းငြိမ်းချမ်းပြီးအလျင်အမြန်တိုးတက်မည့်နှစ်ဖြစ်သည်။အာမင်။
၉။ဤနှစ်သစ်သည်နှစ်ဟောင်းထက်သာ၍ပေးလှူနိုင်မည့်နှစ်ဖြစ်သည်။အာမင်။
၁၀။ဤနှစ်သစ်သည်ကျွန်ုပ်နှင့်ကျွန်ုပ်အိမ်သားများအတွက်အံ့ဩဖွယ်ကောင်းကြီးခံစားရသောနှစ်ဖြစ်ပါသည်။အာမင်။
ဤ၁၀ချက်ကိုယေရှုခရစ်တော်နာမ၌ဝန်ခံကြွေးကြော်ပါသည်။
ဟာလေလုယာ၊အာမင်။
၂ကော၁:၂၀ထိုသခင်မှာ ဘုရားသခင်၏ ကတိတော်ရှိသမျှတို့သည် ငါတို့အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှားစေခြင်းအလိုငှာ၊ ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ အာမင်ဟူ၍ လည်းကောင်းဖြစ်သတည်း။