Covid19ကြောင့်တန်ဖိုးထားတတ်လာစေသောအရာ(၃)မျိုး
နိဒါန်း
ကိုဗစ်၁၉ဆိုတဲ့ကူးစက်ရောဂါဟာတရုတ်ပြည်ကစတင်ပြီးယနေ့ကမ္ဘာတဝမ်းကူးစက်နေပါပြီ။ဒီ ရောဂါကြောင့်သေသူရှိသလိုအခက်ခဲပေါင်းစုံကြုံတွေနေရသူရှိနေကြပါတယ်၊ယုံကြည်သူအ နေနဲ့တော့ဘုရားသခင်ရဲ့အခွင့်တော်ထဲကနေဘုရားမြင်စေချင်တဲ့အရာတချို့ကိုမြင်တတ်ဖို့လိုပါတယ်။ကိုဗစ်ရောဂါဟာမကောင်းပေမယ့်၊ဒီမကောင်းတဲ့အရာတွေထဲကနေကျနော်တို့အတွက်ဆင်ခြင်စရာ၊မြင်လာစေတဲ့အရာအနည်းဆုံးအချက်၃ချက်ရှိနေပါတယ်။ဒါကိုခွန်အားပေးပါရစေ။
၁။ဓမ္မစည်းဝေးကိုတန်ဖိုးထားတတ်လာခြင်း။
မြန်မာနိုင်ငံအပါအဝင်ကမ္ဘာတဝမ်းမှာဒီရောဂါအခြေနေကြောင့်ဘုရားကျောင်းမှာလူစုလူဝေးနဲ့ဝတ်ပြုဖို့ကိုယ်စီရပ်တန့်ခဲ့ရကြပါတယ်။ကိုယ်စီိမိသားစုနဲ့အိမ်မှာဝတ်ပြုလို့ရနေသေးတာကြောင့်“ဝတ်ပြု”တာရပ်နားခြင်းမဟုတ်ပေမယ့်၊“စည်းဝေး”တာကတော့ရောဂါကူးစက်မှာစိုးလို့ရပ်နားလိုက်ရကြပါတယ်။သမ္မာကျမ်းစာမှာ တော့စည်းဝေးခြင်းကိုတမင်ရှောင်လွဲခြင်းမပြုကြနဲ့လို့ဖော်ပြထားပါတယ်၊ယနေ့စည်း ဝေးရပ်နားတာဟာတမင်ရပ်နားချင်လို့မဟုတ်ဘဲအခြေအနေကြောင့်ခေတ္တရပ်နားခဲ့ကြရတာပါ။တနည်းအားဖြင့်လူစုလူဝေးမလုပ်ခြင်းဖြင့်လူတွေကိုကူညီကယ်တင်နေတာပါ။
ချစ်သောညီကိုမောင်နှမတို့၊တချိန်ကဘုရားကျောင်းမှာစည်းဝေးခြင်းကိုခေတ္တရပ်နားကြောင်းကြေငြာတဲ့အခါမှာပျော်နေတဲ့သူရှိကောင်းရှိပါမယ်၊ဒါပေမယ့်ခုလိုတစ်လကျော်စည်းဝေးခြင်းကိုမပါလိုက်ရတဲ့အခါမှာတော့စစ်မှန် သောယုံကြည်သူတိုင်းအသင်းတော်စည်းဝေးမှုကိုလွမ်းလာကြမှာပါ၊သတိရလာကြမှာအမှန်ပါ။အရင်လိုပါဝင်ချင်တဲ့အခွင့်ရေးလိုချင်လာကြမှာပါ။ဒီလိုနဲ့အခြေအနေပိုဆိုးလာပြီး၊စည်းဝေးပါဝင်ခွင့်မရဘဲဖြစ်နေကြရင်ဒီဝတ်ပြုစည်း ဝေးကိုပိုပြီးတန်ဖိုးထားတတ်လာပါလိမ့်မယ်။ပါဝင်ခွင့်ရတုန်းမပါဝင်ခဲ့တာစိတ်မကောင်းဖြစ်လာပါလိမ့်မယ်၊စောစောသွားလို့ရရဲ့သားနဲ့အမြဲနောက်ကျနေခဲ့တာစိတ်မကောင်းဖြစ်လာပါလိမ့်မယ်။ဒီလိုပါဘဲလူဆိုတာဆုံးရှူံးသွားမှတန်ဖိုးထားတတ်ရမှန်းပိုသိလာတာပါ။ချစ်သောညီကိုမောင်နှမတို့၊ဝတ်ပြုစည်း ဝေးပါဝင်ခြင်းဟာအခွင့်အရေးတခုဖြစ် ကြောင်းယနေ့ဘုရားသခင်ကကျနော်တို့ကိုမြင်လာစေတာပါ၊ဒါကြောင့်နောင်တချိန်ရောဂါမရှိတော့တဲ့အချိန်မှာမိမိအသင်းတော်ကဓမ္မစည်းဝေးခြင်းအမှုကိုသာ၍တန်ဖိုးထားကြရအောင်၊အခြေနေကောင်းသွားတဲ့အခါကျရင်ဝတ်ပြုစည်းဝေးမှာအားရပါးရအချင်းချင်းလက်ဆွဲနူတ်ဆက်ကြရအောင်၊အတူချီးမွမ်း၊အတူပွဲတော်ဝင်ပြီးအတူဆု တောင်းကြရအောင်လို့ခွန်အားပေးချင်ပါတယ်။အခုတော့အိမ်မှာဘဲဝတ်ပြုရင်းမျှော်လင့်ကြရုံပါ။
(လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။ဟေဗြဲဩဝါဒစာ10:25 )
၂။ငြိမ်သက်ခြင်းကိုတန်ဖိုးထားတတ်လာခြင်း
ကိုဗစ်ရောဂါကြောင့်တကမ္ဘာလုံးကလူတွေမငြိမ်မသက်ဖြစ်နေကြရပါတယ်၊ နေ့တိုင်းလိုလိုသတင်းတွေစောင့်ကြည့်နေရပြီး၊ဘယ်ချိန်မှာငါတို့ဘေးရောက်လာမလဲဆိုပြီးကြောက်နေရကြတာပါ။သတင်းဖတ်လိုက်ရင်ဟိုမှာမသင်ကာသူ တွေ့ရကြောင်း၊ဒီမှာလူဘယ်နှစ်ယောက်ကူးစက်ပြီဖြစ်ကြောင်း၊ဟိုမှာလူဘယ်လောက်သေသွားပြီဖြစ်ကြောင်းနဲ့နေ့စဉ်သဲထိတ်ရင်ဖိုဖြစ်ပြီးကြောက် နေရတာပါ။ဒီလိုအကြောက်တရားနဲ့မငြိမ်မသက်ဖြစ်နေရတဲ့အချိန်မှာလူသားတိုင်းလိုအပ်နေတာစိတ်ရဲ့ငြိမ်သက်ခြင်းပါဘဲ။တကယ်တမ်းကတော့ ရောဂါမပြန့်ပွားခင်လူတွေငြိမ်သက်ခြင်းမလိုသေးတာမဟုတ်ပါဘူး၊လိုအပ်ကြောင်းသတိမပြုမိသေးတာလေးပါ။ခုဒီရောဂါကြောင့်ငြိမ်သက်ခြင်းကိုတန်ဖိုးထားမြင်တတ်တတ်လာတာပါ။သမ္မာကျမ်းစာရှင်ယောဟန်ခရစ်ဝင်14:27ထဲမှာ ယေရှုက“ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။”လို့ဖော်ပြပေးပြီးသားပါ။
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ယုံကြည်သူတွေအနေနဲ့အားယူပြီးရဲ့ရင့်ခြင်းရှိကြပါ၊သင်ဟာစစ်မှန်သောယုံကြည်သူဆိုရင်ဘုရားသခင်ကသင့်ကိုစစ်မှန်သောငြိမ်သက်ခြင်းရစေပါလိမ့်မယ်။ဒီငြိမ်သက်ခြင်းဆိုတာအခက်ခဲပြဿနာမရှိတော့တာမဟုတ်ပါဘူး၊အခက်ခဲပြဿနာကြားထဲကဘုရားပေးတဲ့အြံ့သဖွယ်ငြိမ်သက်ခြင်းမျိုးပါ။သင်ကိုယ်တိုင်ခံစားရရင်သင့်မိသားစုနဲ့ပတ်ဝန်းကျင်ခံစားရဖို့ဆုတောင်းပေးပါ၊မိမိတတ်နိုင်တဲ့အခန်းကဏ္ဍကနေလုပ်ဆောင်ပေးဖို့လိုအပ််ကြောင်းခွန်အားပေးချင်ပါတယ်။
၃။အသက်ရှင်ခြင်းကိုတန်ဖိုးထားတတ်လာခြင်း
ကိုဗစ်ရောဂါကြောင့်ဒီနေ့ထိတကမ္ဘာလုံးအတိုင်းအတာနဲ့လူပေါင်း၂သိန်းလောက်သေခဲ့ပါပြီ၊ဆက်ပြီးလဲဘယ်လောက်သေကြမလဲမသိပါ။ဒီအချိန်မှာလူတိုင်းလူတိုင်းကြုံတွေ့နေရတဲ့အရာတခုကသေခြင်းတရားဟာမိမိဘေးမှာဘဲရှိပြီး၊အချိန်မရွေးမိမိကိုခေါ်သွားနိုင်တယ်ဆိုတာပါဘဲ။ပုံမှန်ဆိုရင် ရောဂါရသွားတဲ့တဦးတယောက်ကသာသံဝေဂရတတ်ပြီး၊ကျန်သူတွေကအသက်ရှင်နေခြင်းကိုသိပ်မတွေးမိကြသလို၊တန်ဖိုးသိပ်မထားမိကြဘူး။ဒါပေမယ့်ခုလိုရောဂါကပ်ဆိုးဆိုက်တဲ့အချိန်မှာတော့လူတိုင်းလိုလိုအသက်ဆက်ရှင်သန်နေဖို့အစိုးရကျန်းမာရေးဌာနရဲ့ညွန်ကြားချက်မှန်သမျှကိုဂရုစိုက်လိုက်နာနေရကြပါတယ်။ဒါဟာကိုဗစ်ရောဂါကြောင့်လူသားတစုလုံးအသက်ရှင်နေခြင်းကိုတခါထဲတန်ဖိုးထားတတ်လာကြသလို၊သေခြင်းတရားကိုဆင်ခြင်တတ်လာခြင်းဘဲဖြစ်ပါတယ်။
ချစ်သောညီကိုမောင်နှမတို့၊အသက်ရှင်ခြင်းကိုတန်ဖိုးထားတတ်လာတာဟာအင်မတန်ကောင်းပါပေတယ်၊ဒါပေမယ့်သေခြင်းတရားကိုတော့လူတိုင်းတနေ့ရင်ဆိုင်လာကြရအုံးမှာပါ။ကိုဗစ်ရောဂါအားဖြင့်လူ့ရဲ့အသက်ဟာအင်မတန်ပြိုလဲလွယ်တဲ့အရာဖြစ်ကြောင်းမြင်လာစေပါတယ်။ဒါကြောင့်ထာဝရအသက်ရှင်ခြင်းကိုတန်ဖိုးထားတတ်လာကြဖို့လိုအပ်ပါတယ်။ဒီခန္ဓာဟာအိုခြင်း၊နာခြင်း၊သေခြင်းရဲ့ကန့်သတ်ချက်ထဲရှိနေသေးတယ်ဆိုရင်၊မအို၊မနာ၊မသေတဲ့ထာဝရအသက်ကိုပိုတန်ဖိုးထားတတ်ဖို့လိုအပ်ပါပေတယ်။ဒီထာဝရအသက်ဟာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းနဲ့၊ဒီယုံကြည်ခြင်းကိုသက်သေထူပြီးသမ္မာတရားအတိုင်းအသက်ရှင်ဖို့ဖြစ်ပါကြောင်းခွန်အားပေးပါရစေ။ယနေ့ယုံကြည်သူတွေရဲ့အသက်တာထဲမှာအသက်ရှင်ဖို့အတွက်ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်နေသလို၊ထာဝရအသက်ရှင်ဖို့ဘုရားတရားကိုတန်ဖိုးထားလုပ်ဆောင်တတ်ဖို့သာပြီးလိုအပ်ပါပေတယ်။
(ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ရှင်ယောဟန်ခရစ်ဝင်3:16)
နိဂုံး
ချစ်သောညီကိုမောင်နှမတို့၊ယနေ့ခေတ်ဟာဆိုးယုတ်သောကာလဖြစ်ပါတယ်၊နောက်ဆုံးသောကာလရဲ့နိမိတ်တွေလဲအများကြီးဖြစ်တည်နေတဲ့ကာလပါ။ဘုရားသခင်ဟာဒီအရာများစွာနဲ့လူသား တွေကိုသတိပေးနေတာဖြစ်ပါတယ်။ဒါကြောင့်အသက်တာမှာဦးစားပေးသင့်တဲ့ဘုရားတရားကိုတန်ဖိုးထားလုပ်ပါ။ဘုရားဝတ်ပြုမှာမပြင်းရိဘဲစာငတ်တတ်စေပါ၊ငြိမ်သက်ခြင်းကိုရယူပြီးမျှဝေပါ၊ထာဝရအသက်ကိုသေချာဝေငှပါလို့ခွန်အားပေးရင်းနိဂုံးချုပ်လိုက်ရပါတယ်။ဖတ်ရှုသူအားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်။