ဝိညာဉ်တော်ရရှိခြင်းသက်သေ(၇)မျိုး
နိဒါန်း
လူတယောက်ဟာအပြစ်ကနေနောင်တရပြီး၊ ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်လာတဲ့အခါသန့်ရှင်းဝိညာဉ်တော်ဟာအဲဒီလူရဲ့အထဲမှာ လာနေတယ်လို့ကျမ်းစာကသွန်သင်ထားပါတယ်။ ဒါဆိုရင်ခရစ်ယာန် ယုံကြည်သူ တယောက် အနေနဲ့ ကိုယ့်အထဲမှာ သန့် ရှင်းသောဝိညာဉ်တော်ရှိမရှိ ဘယ်လိုသိနိုင်မလဲ? ဒါကိုရှင်းလင်းစေဖို့ သမ္မာကျမ်းစာတော်မြတ်ထဲကနေသန့်ရှင်းသောဝိညာဉ်တော် ရခြင်းသက်သေ(၇)မျိုးကိုအ
တူတကွလေ့လာခွန်အားပေးချင်ပါတယ်။
၁။မိမိအပြစ်ကိုမြင်လာခြင်း
(ရှင်ယောဟန်ခရစ်ဝင် ၁၆:၈ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။)
၂။ယေရှုရဲ့ ဩဝါဒကိုမှတ်မိနေခြင်း
(ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၆ ခမည်းတော်သည် ငါ့အတွက်ကြောင့်စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာ တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်း သောအရာတို့ကိုပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကိုမှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူ၏။)
၃။ယေရှုရဲ့သက်သေခံဖြစ်လာခြင်း
(ရှင်ယောဟန်ခရစ်ဝင် ၁၅:၂၆ခမည်းတော်ထံမှထွက်လာ၍သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည်ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။)
၄။သမ္မာတရားကိုပိုမိုနားလည်လာခြင်း
(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၃ သမ္မာတရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည်ရောက်လာသောအခါ၊သမ္မာတရားကိုသင်တို့အားအကြွင်းမဲ့သွန်သင်ပြလိမ့်မည်။ … နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။)
၅။ကယ်တင်ခြင်းရကြောင်းသိလာခြင်း
(ရောမဩဝါဒစာ ၈:၁၆ငါတို့သည်ဘုရားသခင်၏သားဖြစ်ကြသည်ဟုဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။)
၆။ဝိညာဥ်တော်အတူရှိကြောင်းသိခြင်း
(ရှင်ယောဟန်ခရစ်ဝင် ၁၄:၁၆- ၁၇ ခမည်းတော်သည်သမ္မာတရားကိုပြသောဝိညာဉ်တော်တည်းဟူသောတပါးသောဥပဇ္ဈယ်ဆရာကိုသင်တို့နှင့် အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူမည်။ ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိ မမြင်
သောကြောင့်မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည်သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။)
၇။မတူညီသောဝိညာဥ်ဆုကျေးဇူးရှိလာခြင်း
(၁ကော၁၂:၈-၁၁ အဘယ်သို့နည်းဟူမူကား၊ဝိညာဉ်တော်အားဖြင့်တယောက်သောသူအားပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖငြ့်တယောက်သောသူအား ထိုးထွင်းခြင်းတရားကိုပေးတော်မူ၏။ထိုဝိညာဉ်တော်အားဖြင့်တယောက်သောသူအားယုံကြည်ခြင်းကိုပေးတော်မူ၏။ထိုဝိညာဉ်တော်အားဖြင့်တယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကိုပေးတော်မူ၏။တယောက်သောသူအား၊တန်ခိုးကိုပနြိုင်သောအခွင့်ကို၎င်းင်း၊တယောက်သောသူအားပရောဖက်ပြုနိုင်သောအခွင့်ကို၎င်းင်း၊ တယောက်သောသူအားစိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိနိုင်သောအခွင့်ကို၎င်းင်း၊တယောက်သောသူအား အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားထိုဘာသာစကား၏အနက်ကိုဖော်ပြနိုင်သောအခွင့်ကို၎င်းပေးတော်မူ၏။ဤအခွင့်ရှိသမျှတို့ကိုတပါးတည်းသော ဝိညာဉ်တော်သည်ပြုပြင်၍လူအသီးအသီးတို့အား အသီးအသီးခံရသော အခွင့်ကိုအလိုတော်ရှိသည်အတိုင်း ဝေငှ၍ပေးတော်မူ၏။)
နိဂုံး
ဝိညာဉ်တော်ရရှိခြင်းသက်သေ(၇)မျိုး
၁။ မိမိအပြစ်ကိုမြင်လာခြင်း
၂။ ယေရှု၏သြဝါဒကိုမှတ်မိနေခြင်း
၃။ ယေရှု၏သက်သေခံဖြစ်လာခြင်း
၄။ သမ္မာတရားကိုပိုမိုနားလည်လာခြင်း
၅။ ကယ်တင်ခြင်းရကြောင်းသိခြင်း
၆။ ဝိညာဉ်တော်အတူပါရှိကြောင်းသိခြင်း
၇။ မတူညီသောဝိညာဉ်ဆုကျေးဇူးများရှိလာခြင်း