• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နေမရှိဘဲအလင်းဘယ်ကလာတာလဲ?

ဆရာရဲမင်း

11 月 20, 2024

မယုံကြည်သူများ၏မေးခွန်းကိုဖြေခြင်း(၁)

မေး-နေကို၄ရက်မြောက်နေ့မှဖန်ဆင်းပြီးပထမ၃ရက်မှာအလင်းရှိတယ်ဆိုတာဖြစ်နိုင်ပါသလား?နေမရှိဘဲအလင်းဘယ်ကလာတာလဲ?

ဖြေ-သိပ္ပံပညာနဲ့ကြည့်ရင်တော့ဖန်ဆင်းခြင်းဟာယုတ္တိမရှိပါဘူးဗျ၊ဒါပေမဲ့ဘုရားသခင်ရဲ့တန်ခိုးတော်ရှုထောင့်ကြည့်ရင်တော့မဖြစ်နိုင်စရာမရှိပါ။ခက်တာကကျမ်းစာကိုသိပ္ပံရှု‌ ထောင့်နဲ့လာဖက်ကြရင်ဂွမ်းမှာဘဲဗျ။ဥပမာရေ‌ ပေါ်လမ်းလျှောက်တာ၊လူသေကိုရှင်စေတာ၊ရောဂါမှန်သမျှ ‌‌ ယေရှုစကားတစ်ခွန်းနဲ့ပျောက်သွားတာ…စသဖြင့်သိပ္ပံပညာနဲ့ကြည့်ရင်မဖြစ်နိုင်တဲ့ကိစ္စတွေပါ။ဘုရားသခင်ကသစ်ပင်ကြီးတစ်ပင်ဖြစ်‌စေဆိုပြီးစက္ကာန့်အတွင်းဖန်ဆင်းထားတာကိုသိပ္ပံပညာရှင်တွေလာကြည့်ရင်ဒီသစ်ပင်ကြီးကအနည်းဆုံးနှစ်ရာချီပြီလို့ခန့်မှန်းကြပါလိမ့်မယ်။အာဒံကိုဖန်ဆင်းတာတခနတွင်းလူကြီးဖြစ်နေပြီ၊သိပ္ပံပညာအရကြည့်ရင်ကြီးထွားဖို့-စကားပြောတတ်ဖို့ဆိုအနည်းဆုံးနှစ်၃၀ကျော်အသက်ရှင်ခဲ့ပြီလို့သတ်မှတ်ကြလိမ့်မယ်။ဒါပေမဲ့ဘုရားဖန်ဆင်းထားတာတစ်ရက်တောင်မရှိသေးဘူး။ဒါဟာသိပ္ပံပညာလိုက်မမှီတဲ့ဘုရားရဲ့တန်ခိုးတော်ဖြစ်တယ်ဗျ။
ဒီလိုပါဘဲ၊လူတွေခံယူထားတာကနေမင်းကြီးကသာအလင်းရဲ့အရင်းအမြစ်ပေါ့၊နေမရှိရင်အကုန်မှောင်သွားမယ်ပေါ့၊ဒါပေမဲ့သမ္မာကျမ်းစာထဲမှာတော့ဘုရားသခင်ကိုယ်တိုင်အလင်းဖြစ်တယ်လို့ဆိုထားပါတယ်(၁ယော၁:၅)။နေအလင်းကိုမလိုဘဲဘုရားကအမှောင်ကိုလင်းစေနိုင်တဲ့ဘုရားပါ၊အာမင်။ဗျာဒိတ်ကျမ်း၂၂:၅မှာလည်းကောင်းကင်သစ်မြေကြီးသစ်မှာနေအလင်းကိုတောင်မလိုအပ်ဘဲဘုရား‌ရဲ့အလင်းနဲ့ထာဝရလင်းနေမယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်နေကိုမဖန်ဆင်းခင်အလင်းရှိနေတာဖြစ်နိုင်လားဆိုတော့ဘုရားတန်ခိုးတော်ကြောင့်မဖြစ်နိုင်စရာမရှိဘူးလို့သာဖြေရပါမယ်။
နေကိုဘုရားသခင်က၄ရက်မြောက်မှဖန်ဆင်းရခြင်းဟာ
၁။အလင်းရဲ့အရင်းအမြစ်ဟာနေမဟုတ်၊ဘုရားသာဖြစ်ကြောင်းလူတွေကိုနားလည်စေတာပါ။
၂။နေကိုဖန်ဆင်းရခြင်းဟာ နေ့ရက်ကိုထိန်းချုပ်ဖို့၊တွက်ချက်ဖို့သာဖြစ်ပါတယ်။နေမရှိဘဲဘုရားကအလင်းပေးနိုင်တယ်ဆိုတာမြင်မိပါစေ။
၃။နေကိုအလင်းရှင်ထင်ပြီးကိုးကွယ်ဖို့မဟုတ်၊တကယ့်အလင်းရှင်ဖြစ်တဲ့ဖန်ဆင်းရှင်ကိုသာကိုးကွယ်တတ်ဖို့ပါ။
သမ္မာကျမ်းစာဟာသိပ္ပံပညာကိုကိုက်ညီဖို့ရေးထားတာမဟုတ်ဘူးဗျ၊သိပ္ပံပညာကသာကျမ်းစာကိုမှီ‌အောင်သက်သေထူ‌နေရတာပါ။ဒါကြောင့်သိပ္ပံရှုထောင့်ကဖတ်ရင်မဖြစ်နိုင်ဘူးဆိုတာတွေဘဲဖတ်မိလိမ့်မယ်။သမ္မာကျမ်းစာဟာဘုရားသခင်ရဲ့တန်ခိုးတော်ဖြစ်တယ်၊သဘာဝလွန်၊သိပ္ပံပညာလွန်ဖြစ်တာမို့မိမိရဲ့ပုံစံခွက်ထဲကထွက်လာမှလက်ခံနိုင်လိမ့်မယ်ဗျာ။
(အာဒံသားကာဣနဇနီးဘယ်ကလာသလဲသိချင်ရင်ကောမန့်မှာကြည့်ပါ။)
ဝိညာဉ်တော်အလင်းပေးပါစေ၊အာမင်။
(‭‭ကမ္ဘာဦး၁:၃ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ )