မေး-မင်းတို့ယေရှုဘုရားမွေးနေ့အတိကျပြောနိုင်ရင်ငါခရစ်ယာန်ထဲဝင်မယ်ကွာ?
ဖြေ-ပထမဦးဆုံးနားလည်ထားရမှာကယေရှုဘုရားဟာလူကနေကျင့်စဉ်တခုခုကြောင့်ဘုရားဖြစ်သွားတာမဟုတ်ဘူးဆိုတာပါ။ယေရှုဆိုတာမွေးလာမှယေရှုလို့ရယ်ဖြစ်လာတာမဟုတ်ဘူး၊လူမလာလုပ်ခင်ကတည်းကသူဟာနဂိုဘုရားသခင်ဖြစ်တယ်။ဒါကြောင့်ဘုရားရဲ့မွေးနေ့ကိုမေးရင်ဖြေလို့မရဘူး၊သူကရှေးကမ္ဘာအဆက်ဆက်ကနေနောက်ကမ္ဘာအဆက်ဆက်ထိထာဝရတည်ရှိနေတဲ့ဘုရားမို့ပါ။စဉ်းစားကြည့်-အချိန်ဆိုတာဘယ်ကတည်းကစတင်တည်ရှိလာတာလဲ?စဉ်းစားလို့မရရင်အဲဒီအချိန်ကိုဖန်ဆင်းပြီး-အချိန်ရဲ့အကန့်သတ်ထဲမှာမရှိတဲ့ဘုရားသခင်ကဘယ်ချိန်ကတည်ရှိနေတာလဲမစဉ်းစားနဲ့တော့၊လူ့ညာဏ်နဲ့မမှီတော့လို့ပါ။
ဘုရားကနေလူ့ဇာတိလာခံတဲ့ ယေရှုခရစ်ရဲ့မွေးနေ့တော့ရှိပါတယ်။ဒါပေမဲ့ယေရှုမွေးနေ့အတိအကျကိုကျမ်းစာမှာမမှတ်သားထားပါဘူး(၁၂လ၂၅ရက်ဆိုပြီးခန့်မှန်းပြုလုပ်တာလည်းရှိမယ်)။ဒါကလည်းသူဟာဘုရားဖြစ်ကြောင်းကိုနည်းနည်းမှမထိခိုက်ပါဘူး။ဥပမာ-မိတ်ဆွေရဲ့အဘိုးရဲ့အဘိုးမွေးနေ့ကိုမိတ်ဆွေမသိဘူးဆိုရင်မိတ်ဆွေမှာအဘိုးရဲ့အဘိုးမရှိခဲ့ဘူးလို့သတ်မှတ်ရမလား?(မညာနဲ့၊တချို့ကကိုယ့်အဖေမွေးနေ့တောင်မသိဘူး၊ဒါဆိုရင်အဖေမရှိဘူးပြောလို့ရလား?မဆိုင်ပါ။)မွေးနေ့နဲ့မျိုးရိုးစဉ်ဆက်မမှတ်မိခြင်း(သို့)မမှတ်သားထားခြင်းကအဲဒီလူမတည်ရှိခဲ့ဘူးလို့မသက်ရောက်ပါဘူး။ မွေးနေ့ကိုအတိအကျသိခြင်းမှတ်မိခြင်းကလည်းဘုရားဖြစ်ခြင်းရဲ့သက်သေကိုမထူနိုင်ပါဘူး၊ဘာမှမဆိုင်လို့ပါ။
အမှန်က
ကျမ်းစာရေးသူတွေဟာ
ယေရှုလူ့ဇာတိခံတဲ့မွေးနေ့ကိုမသိတာမဟုတ်ပါဘူး၊မိဘ ဆွေမျိုးအသိုင်းဝိုင်းကနေသိကြမှာပါ။ဒါပေမဲ့ကျမ်းစာမှာတမင်တကာကိုမဖော်ပြတာဖြစ်တယ်။ဘာလို့လဲဆိုတော့ယေရှုမွေးနေ့ကိုအတိအကျရေးမှတ်ထားရင်ဘာသာဝင်အားလုံးအဲဒီနေ့ရက်ကိုကိုးကွယ်ကုန်မှာစိုးလို့ပါ။ဒါကြောင့်ကျမ်းစာကနေ့ရက်ထက်ဘုရားသခင်ကိုကိုးကွယ်ဖို့သာလမ်းညွန်ခဲ့ပါတယ်။
နောက်တခုက
ယေရှုခရစ်တော်ကိုလိုလိုလားလားယုံကြည်ခြင်းမဟုတ်ဘဲခရစ်ယာန်ဘာသာထဲသာဝင်ခြင်းဟာအချည်းနှီးသက်သက်သာဖြစ်ပါတယ်။ဒီလိုဘာသာကိုအတင်းဝင်ခိုင်းခြင်း(သို့မဟုတ်)မဝင်ချင်ဘဲဖိအားတခုခုကြောင့်ဘာသာဝင်ခြင်းမျိုးကိုယေရှုဘုရားလည်းမနှစ်သက်ပါ။
ဘုရားသခင်အလင်းပေးပါစေ။
အာမင်။