• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားကျောင်းထဲကခုန်ချီးမွမ်းတာအပြစ်လား?

ဆရာရဲမင်း

11 月 20, 2024

ဘုရားကျောင်းထဲကခုန်ချီးမွမ်းတာအပြစ်လား?

၁။ကခုန်ချီးမွမ်းခြင်းကအပြစ်မဟုတ်ဘူး၊ဒါပေမဲ့ချီးမွမ်းကိုးကွယ်ခြင်းစိတ်မပါဘဲစိတ်အာသာဖြေဖို့ကခုန်နေတာမျိုးကအပြစ်ဖြစ်ပါတယ်။

၂။ကခုန်ချီးမွမ်းခြင်းကအပြစ်မဟုတ်ဘူး၊ဒါပေမဲ့စည်းမဲ့ကမ်းမဲ့၊ဖရိုဖလဲ၊‌အတိုအပြတ်နဲ့လောကီဆန်ဆန်ကခုန်တာမျိုးကအပြစ်ဖြစ်ပါတယ်။

၃။ကခုန်ချီးမွမ်းခြင်းကအပြစ်မဟုတ်ဘူး၊ဒါပေမဲ့မီးပိတ်ပြီးအမှောင်ထဲကခုန်တာမျိုးကစာတန်အကြိုက်မို့အပြစ်ဖြစ်စေပါတယ်။

၄။ကခုန်ချီးမွမ်းခြင်းကအပြစ်မဟုတ်ဘူး၊ဒါပေမဲ့နိုက်ကလပ်လိုရောင်စုံမီးရောင်တွေဖွင့်ပြီး‌လောကီရေစီးကြောင်းအတိုင်းလိုက်လုပ်ပြီးကခုန်တာမျိုးကအပြစ်ဖြစ်စေပါတယ်။

၅။ကခုန်ချီးမွမ်းခြင်းကအပြစ်မဟုတ်ဘူး၊ဒါပေမဲ့လဲအကြောစွဲသလိုလိုလူးလိမ့်နေကြပြီး၊ဝိညာဥ်တော်တို့ထိလို့ဆိုပြီးကျား/မ(မရွေး)လုံးထွေးနေတာမျိုးကအပြစ်ဖြစ်စေပါတယ်။

၆။ကခုန်ချီးမွမ်းခြင်းကအပြစ်မဟုတ်ဘူး၊ဒါပေမဲ့နားမလည်နိုင်တဲ့အပါရှာလာလာလာတွေဆက်တိုက်အော်ဟစ်ပြီးကခုန်နေတာမျိုးကသူတပါးကိုထိမိလဲကျစေနိုင်ပါတယ်။

၇။ကခုန်ချီးမွမ်းခြင်းကအပြစ်မဟုတ်ဘူး၊ဒါပေမဲ့ဆန်းဒေးဝေါရှစ်ရောက်မှသာဟန်ဆောင်ကခုန်ချီးမွမ်းပြပြီး၊ကျန်တဲ့ချိန်မှာအပြစ်ဘဲဆက်လုပ်နေရင်ဒီလိုလူဟာငရဲနှစ်ဆကျသင့်သူပါ။

၈။ကခုန်ချီးမွမ်းခြင်းကအပြစ်မဟုတ်ဘူး၊ဒါပေမဲ့အခြောက်လိုဝတ်ဆင်ပြီး(ယောကျာ်းကမိန်းမအင်္ကျီဝတ်၊မိန်းမက‌ယောကျာ်းအင်္ကျီဝတ်ပြီးကခုန်တာမျိုး၊ဟာသလုပ်တာမျိုး)ဟာဘုရားသခင်ရွံမုန်းတဲ့အရာပါ။

ဒါဆိုရင်
လူငယ်တွေဘုရားကျောင်းမှာကခုန်ချီးမွမ်း‌ နေတာမကြိုက်ရင်၊နိုက်ကလပ်မှာသွားပြီးကခုန်နေကြမှာပေါ့လို့မေးကောင်းမေးနိုင်မယ်။
အဖြေကပြောပြီးပါပြီ၊ချီးမွမ်းကခုန်တိုင်းအပြစ်မဟုတ်ပါဘူး၊သမ္မာကျမ်းစာထဲမှာဆိုရင်လဲကခုန်ချီးမွမ်းတာမျိုးမှတ်သားထားပါတယ်။
၁။ပ‌ရောဖက်မမိရိအံကခုန်ချီးမွမ်း(ထွက်၁၅:၂၀)
၂။ဒါဝိဒ်ကခုန်ချီးမွမ်း(၂ရာ၆:၁၆)
၃။ကခုန်ပြီးချီးမွမ်းလို့ရ(ဆာလံ၃၀:၁၁၊၁၄၉:၃၊၁၅၀:၄)
ဒါပေမဲ့အပြင်လောကဆန်ဆန်စည်းလွတ်ဝါးလွတ်လုပ်လို့မရပါဘူး(အထူးသဖြင့်ဘုရားကျောင်းအတွင်း)၊အကယ်၍လူငယ်တွေကိုဘုရားကျောင်းလာစေချင်လို့လုပ်တယ်ဆိုရင်သူ့စည်းကမ်းနဲ့သူထိန်း²သိမ်း²လုပ်ရပါမယ်။ဒီလိုမဟုတ်ဘဲဘုရား‌ကျောင်းရောက်ရင်ပြီးရောဆိုရင်…
လူငယ်တွေအရက်ဆိုင်မှာမထိုင်ဘဲဘုရားကျောင်းမှာအရက်ယူလာသောက်တာကိုအားပေးရမှာလား?
လူငယ်တွေဂိမ်းဆိုင်မှာဂိမ်းမဆော့ဘဲဘုရားကျောင်းမှာဖုန်းနဲ့ဂိမ်းလာခိုးဆော့တာကိုအားပေးနေရမှာလား?
လူငယ်တွေနိုက်ကလပ်မှာရူးရူးမူးမူးမကခုန်ဘဲ၊ဘုရားကျောင်းမှာစည်းလွတ်ဝါးလွတ်ကခုန်တာကိုအားပေးရမှာလား?
မရပါ။
ဘုရားသခင်ကိုသင်စိတ်ကြိုက်ကိုးကွယ်ချင်သလိုစည်းလွတ်ဝါးလွတ်ကိုးကွယ်လို့မရပါဘူး၊သမ္မာကျမ်းစာအတိုင်းနာခံကိုးကွယ်ရပါတယ်။ ဆိုတော့ ဘုရားကျောင်းထဲစည်းကမ်းတကျကခုန်ချီးမွမ်းလို့မရဘူးဆိုတာမျိုးကအစွန်းရောက်သလို၊စည်းမဲ့ကမ်းမဲ့ကခုန်နေတာမျိုးကလဲအစွန်းရောက်ပါတယ်။
အတူတကွစဉ်းစားဆင်ခြင်ကြပါစို့။
ဝိညာဉ်တော်အလင်းပေးပါစေ၊အာမင်။

ယော၄:၂၄ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။
၁ကော၁၄:၄၀ခပ်​သိမ်း​သော​အ​မှု​ကို တင့်​တယ်​လျောက်​ပတ်​စွာ အ​စဉ်​အ​တိုင်း(စည်းကမ်းတကျ)စီ​ရင်​ကြ​လော့။