• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကယ်တင်ခြင်းနဲ့လုပ်ဆောင်မှုသက်သေ

ဆရာရဲမင်း

11 月 20, 2024

ကယ်တင်ခြင်းနဲ့လုပ်ဆောင်မှုသက်သေ

၁။အကျင့်ကောင်းလို့ကယ်တင်ခြင်းရတာမဟုတ်ဘူး၊
ကယ်တင်ခြင်းရလို့အကျင့်‌ကောင်းလာရတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးအကျင့်ဆိုးကနေမပြောင်းလဲဘဲဆက်အသက်ရှင်နေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။

၂။ကောင်းမှုပြုလို့ကယ်တင်ခြင်းရတာမဟုတ်ဘူး၊
ကယ်တင်ခြင်းရလို့‌ကောင်းမှုပြုတတ်လာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးမ ကောင်းမှုတွေဘဲဆက်လုပ်နေပြီးကောင်းမှုတခုမှမပြုဘဲနေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။

၃။နှစ်ခြင်းခံလို့ကယ်တင်ခြင်းရတာမဟုတ်ဘူး၊
ကယ်တင်ခြင်းရလို့နှစ်ခြင်းခံရတာဖြစ်တယ်။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးနှစ်ခြင်းခံလို့ရရက်သားနဲ့မခံရဲဘဲအမြဲပုန်းနေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။

၄။ကျမ်းစာဖတ်၊ဆုတောင်း၊ဘုရားကျောင်းတက်နိုင်လို့ကယ်တင်ခြင်းရတာမဟုတ်ပါဘူး။ကယ်တင်ခြင်းရထားလို့ကိုကကျမ်းစာဖတ်ချင်လာတာ၊ဆုတောင်းချင်လာတာ၊ဘုရားကျောင်းသွားချင်လာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးကျမ်းစာမဖတ်ချင်၊ဆုမ‌တောင်းချင်၊ဘုရားကျောင်းမသွားချင်ဘဲအမြဲဆက်ဖြစ်နေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။

၅။မိဘကိုရိုသေမှကယ်တင်ခြင်းရတာမဟုတ်ဘူး၊
ကယ်တင်ခြင်းရသူမို့မိဘကိုရိုသေတတ်လာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးမိဘကိုမရိုမသေအမြဲပြုနေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။

၆။အပြစ်မလုပ်ဘဲနေနိုင်လို့ကယ်တင်ခြင်းရတာမဟုတ်ပါဘူး၊ကယ်တင်ခြင်းရလို့အပြစ်မလုပ်တော့တာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးအပြစ်ကိုအားရပါးရနှစ်နှစ်ခြိုက်ခြိုက်ဆက်လုပ်နေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။

၇။လူတိုင်းကိုသင်ချစ်နိုင်လို့၊ခွင့်လွတ်နိုင်လို့ကယ်တင်ခြင်းရထားတာမဟုတ်ဘူး၊ကယ်တင်ခြင်းရထားလို့လူတိုင်းကိုသင်ချစ်တတ်လာတာ၊ခွင့်လွတ်တတ်လာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးလူတွေကိုခွင့်မလွတ်နိုင်ဘဲဆက်မုန်းနေသေးရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။

၈။မူးယစ်ဆေးဝါးရှောင်နိုင်လို့သင်ကယ်တင်ခြင်းရထားတာမဟုတ်ပါဘူး၊ကယ်တင်ခြင်းရလို့မူးယစ်ကျေးကျွန်ကနေလွတ်မြောက်ခွင့်ရလာတာပါ။
ဒါကြောင့်-ကယ်တင်ခြင်းရပြီဆိုပြီးမူးယစ်‌‌ဆေးဝါးကိုအားရပါးရနှစ်နှစ်ခြိုက်ခြိုက်ဆက်သုံးနေသေးနေရင်သင်ရထားတဲ့ကယ်တင်ခြင်းဟာအတုဘဲဖြစ်ပါလိမ့်မယ်။

ကယ်တင်ခြင်းဆိုတာ
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်ရုံနဲ့တင်ရတယ်ဆိုပေမဲ့၊ဒီယုံကြည်ခြင်းဟာစစ်မှန်ကြောင်းအသက်တာပြောင်းလဲမှုနဲ့သက်သေထူရတာဖြစ်ပါတယ်။ကယ်တင်ခြင်းရဖို့အကျင့်နဲ့မဆိုင်ပေမဲ့၊ကယ်တင်ခြင်းရပြီးရင်တော့အကျင့်နဲ့ဆိုင်နေရကြောင်းနားလည်ရပါမယ်။

ရွှေကျမ်းချက်
‭‭ဧဖက်‬ ၂:၈-၁၀ ယုံ​ကြည်​သော​အား​ဖြင့်ကျေး​ဇူး​တော်​ကြောင့်ကယ်​တင်​ခြင်း​သို့ရောက်​ရ၏။ကိုယ်​အ​လို​အ​လျောက်ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။ကိုယ်​ကု​သိုလ်​ကြောင့်ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှဝါ​ကြွား​စ​ရာအ​ခွင့်​မ​ရှိ။အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ငါ​တို့​သည်ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ပြု​ပြင်၍ဖန်​ဆင်း​တော်​မူ​ရာဖြစ်​ကြ၏။ထို​ကောင်း​သောအ​ကျင့်​တို့၌ငါ​တို့​သည်ကျင်​လည်​ရ​မည်အ​ကြောင်း၊ဘု​ရား​သ​ခင်​သည်ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။