ဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်
၁။ယုံကြည်တာနဲ့ထာဝရအသက်ရပြီ။
ဒါပေမဲ့အိုခြင်းနာခြင်းသေခြင်းကရှိသေးတယ်၊
၁၀၀%ထာဝရကိုမဝင်စားရသေးဘူး၊
ဒါပေမဲ့ထာဝရအသက်ရပြီဆိုတာယုံကြည်တာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။
၂။ယုံကြည်တာနဲ့ကယ်တင်ခြင်းခံရပြီ။
ဒါပေမဲ့လက်ရှိအခက်ခဲပြဿနာကရှိသေးတယ်၊
၁၀၀%ကယ်တင်ခြင်းမဝင်စားရသေးဘူး၊
ဒါပေမဲ့ကယ်တင်ခြင်းရပြီဆိုတာယုံကြည်တာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။
၃။ယုံကြည်တာနဲ့အပြစ်ဆေးကြောခံရပြီ။
ဒါပေမဲ့လက်ရှိမှာအားနည်းပြီးအပြစ်ပြုမိနိုင်သေးတယ်၊
၁၀၀%အပြစ်နဲ့ကင်းစင်သွားခြင်းမရှိသေးဘူး၊
ဒါပေမဲ့အပြစ်ဆေးကြောခြင်းခံရပြီဆိုတာကိုယုံတာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။
၄။ယုံကြည်တာနဲ့ကျန်းမာခြင်းကတိတော်ခံရပြီ။
ဒါပေမဲ့ခေတ္တဘဝမှာဖျားနာတတ်သေးတယ်၊
၁၀၀%ဖျားနာခြင်းနဲ့မကင်းလွတ်သေးဘူး၊
ဒါပေမဲ့ဘုရားသခင်ရဲ့ကုသပေးခြင်းကိုကြိုယုံတာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။
၅။ယုံကြည်တာနဲ့ထာဝရကောင်းကင်စည်းစိမ်ချမ်းသာရပြီ။
ဒါပေမဲ့လက်ရှိမှာဆင်းရဲခြင်းတွေရှိနေသေးတယ်၊
၁၀၀%ဆင်းရဲခြင်းနဲ့မကင်းလွတ်သေးဘူး၊
ဒါပေမဲ့ဘုရားပေးတဲ့ချမ်းသာခြင်းကိုကြိုယုံတာ၊
အဲဒါကိုယုံကြည်ခြင်းလို့ခေါ်တယ်။အာမင်။
ယုံကြည်ခြင်းဆိုတာဥပမာ-မန်းလေး-ရန်ကုန်ကားပေါ်တက်လိုက်တာနဲ့သတ်မှတ်ချိန်မှာရန်ကုန်ရောက်မယ်ဆိုတာ(မရောက်သေးခင်)ကြိုတင်သေချာတာမျိုး။ကားပေါ်တက်ပြီးရန်ကုန်ရောက်ကောရောက်ပါ့မလား?ဆိုပြီးတွေးပူတာမျိုးမရှိဘူး။တနည်းအားဖြင့်ဒါဟာယုံကြည်ခြင်းပါဘဲ။ဒါကကားနဲ့ကားဆရာကိုယုံကြည်တာမျိုးပေါ့။
သခင်ယေရှုဘုရားကိုယုံကြည်ခြင်းဆိုသည်မှာလည်းဒီအတိုင်းပါဘဲ။မဖြစ်သေးတာကိုဖြစ်ပြီလို့အတည်ပြုတာ၊မရောက်သေးတာကိုရောက်မယ်လို့သေချာတာ၊မရသေးတာကိုရမယ်လို့အကြွင်းမဲ့စိတ်ချတာ။မပြည့်စုံ သေးတာကိုပြည့်စုံမယ်လို့အတိကျယုံကြည်တာ။ဒါယုံကြည်ခြင်းပါဘဲ။အာမင်။
ရမှယုံတာမမှားဘူး၊ဒါပေမဲ့မရခင်ရမယ်လို့ယုံကြည်တာကိုဘုရားပိုနှစ်သက်တယ်။
မြင်မှယုံတာမမှားဘူး၊ဒါပေမဲ့မမြင်ခင်ယုံကြည်တာကိုဘုရားပိုနှစ်သက်တယ်။
ရောက်မှယုံတာမမှားဘူး၊ဒါပေမဲ့မရောက်ခင်ရောက်မယ်လို့ယုံကြည်တာကိုဘုရားကိုနှစ်သက်တယ်။
ကျန်းမာမှယုံတာမမှားဘူး၊ဒါပေမဲ့မသက်သာခင်သက်သာမယ်လို့ယုံကြည်တာကိုဘုရားပိုနှစ်သက်တယ်။
ချမ်းသာကြွယ်ဝမှယုံတာမမှားဘူး၊ဒါပေမဲ့မချမ်းသာခင်ထာဝရကြွယ်ဝမယ်လို့ယုံကြည်နေတာကိုဘုရားပိုနှစ်သက်တယ်။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။
ဟေဗြဲ၁၁:၁ ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။
ရှင်ယောဟန် 20:29 ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။
ရှင်ယောဟန် 11:40 ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။