ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းရင်း(၅၀)
၁။အပြစ်ရဲ့ကျေးကျွန်မှလွတ်မြောက်ခွင့်ရခဲ့လို့ကျေးဇူးတော်ချီးမွမ်းပါ။ (ရောမ၆:၁၇-၁၈)ဒါဖြောင့်မတ်ခြင်း။
၂။ခရစ်တော်အားဖြင့်ဇာတိသဘောကိုအောင်နိုင်ခွင့်ရလို့ ကျေးဇူးတော်ချီးမွမ်းပါ။(ရောမ၇:၂၅)ဒါကသန့်ရှင်းခြင်း။
၃။ခရစ်တော်အားဖြင့်သေခြင်းကိုအောင်မြင်ခွင့်ရပြီမို့ကျေးဇူးတော်ချီးမွမ်းပါ။ (၁ကော၁၅:၅၇)ဒါကအောင်မြင်ခြင်း။
၄။အသက်တာမှာဘုရားရဲ့ကူညီဖေးမခြင်းကလက်တွေ့ သက်သေရရှိနေလို့ကျေးဇူးတော်ချီးမွမ်းပါ။ (၂ကော၂:၁၄)ဒါကသက်သေခံခြင်း။
၅။မလှုပ်နိုင်သောထာဝရနိုင်ငံတော်ကိုအမွေခံရပြီမို့ကျေးဇူးတော်ချီးမွမ်းပါ။ (ဟေဗြဲ၁၂:၂၈)ဒါကစိတ်ချခြင်း။
၆။ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ကရုဏာတော်သည်အစဉ်အမြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါ၏(ဆာလံ၁၀၇:၁)
၇။ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှဟာဘုရားသခင်ဆီကလာသောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ။ ( ယာကုပ် ၁:၁၆-၁၇ )
၈။ကြုံလာသမျှအရာခပ်သိမ်းဟာဘုရားသခင်ကိုချစ်တဲ့သူတွေအကျိုးဖြစ်စေဖို့တညီတညွတ်ထဲပြုစုပေးနေသောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။(ရောမ ၈:၂၈)။
၉။အနာရောဂါကိုပြောက်ကင်းစေသည်သာမက၊အသက်ကိုပင်ဖျက်ဆီးခြင်းထဲကရွေးနူတ်ပေးခဲ့တဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းပါ(ဆာလံ၁၀၃:၂-၄)။
၁၀။မနက်စောစောအိပ်ကောင်းတုန်းနိုးစက် ကြောင့်လန့်နိုးလာလို့စိတ်တိုနေမဲ့အစား၊ဩော် ငါဒီနေ့အသက်ရှင်နေသေးတာဘဲ ဆိုတာမြင်ပြီးကျေးဇူးတော်ချီးမွမ်းပါ။
၁၁။အသံမမှန်ဘဲသီချင်းဆိုနေတာကြားရင် ညံ့လိုက်တာဆိုပြီးအပြစ်တင်နေမဲ့အစား၊ ဩော်ငါ့မှာကောင်းတဲ့အကြားအာရုံရှိနေ တာဘဲဆိုတာမြင်ပြီးကျေးဇူးတော်ချီးမွမ်းပါ။
၁၂။ထမင်းစားပြီးတိုင်းအိုးခွက်ပန်းကန်တွေအများကြီးပါလားလို့ငြီးငြူနေမဲ့အစား၊ငါ့ မှာသူငယ်ချင်းဧည့်သည်ဝိုင်းလို့နေပါလား ဆိုတာမြင်ပြီးကျေးဇူးတော်ချီးမွမ်းပါ။
၁၃။တံခါးပြင်နေရ၊ခြုံရှင်းနေရ၊ရေမီးပြင်နေရတာမောလှပါလားလို့ငြီးငြူနေမဲ့အစား၊ ငါ့မှာမိသားစုအိမ်လေးပိုင်ဆိုင်ပါလားဆို တာမြင်ပြီးကျေးဇူးတော်ချီးမွမ်းပါ။
၁၄။လုပ်ငန်းအခွန်တွေဆောင်နေရတာဆိုပြီး ငြီးငြူနေမဲ့အစား၊ဩော် ငါ့မှာအလုပ် လက်မဲ့မဟုတ်၊အလုပ်ရှိနေသေးတာဘဲ ဆိုတာမြင်ပြီးကျေးဇူးတော်ချီးမွမ်းပါ။
၁၅။အင်္ကျီဝတ်လေ သေးလေ ပါလားလို့စိတ် ညစ်နေမဲ့အစား၊ဩော် ငါဝလင်စွာစားနေ ရပြီး ပုံမှန်ကြီးထွားနေပါလား ဆိုတာမြင် ပြီးကျေးဇူးတော်ချီးမွမ်းပါ။
၁၆။အဝတ်တွေအများကြီးအမြဲလျှော်နေရပါ လားဆိုပြီးစိတ်ညစ်နေမဲ့အစား၊ဩော်ငါ့ မှာဝတ်စရာအဝတ်အပိုတွေရှိနေသေးတာ ဘဲဆိုတာမြင်ပြီးကျေးဇူးတော်ချီးမွမ်းပါ။
၁၇။တစ်နေ့ကုန်ပြန်ပြီ၊လုပ်ရတာမောလိုက်ပါ လားဆိုပြီးငြီးငြူနေမဲ့အစား၊ဩော်ငါနေ့ တိုင်းအလုပ်ကြိုးစားနေပါလားဆိုတာမြင် ပြီးကျေးဇူးတော်ချီးမွမ်းပါ။
၁၈။အိပ်စက်သွားတဲ့အခါအသိစိတ်ပျောက်ပြီးမိမိကိုယ်ကိုမကာကွယ်နိုင်တော့ဘဲဖြစ်သွားပေမဲ့၊ညတိုင်းလိုလိုအကောင်းဆုံးအိပ်စက်ခွင့်ပေးပြီး၊စောင့်မပေးတဲ့ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါ။
၁၉။အောက်ဆီဂျင်တွေဈေးကြီးပေးလုဝယ်နေရတဲ့အချိန်၊အောက်ဆီဂျင်ကိုဖန်ဆင်းပေးပြီးနေ့တိုင်းအခမဲ့ရှုရှိုက်ခွင့်ပေးတဲ့ဘုရားသခင့်ကျေးဇူးတော်ကိုချီးမွမ်းပါ။
၂၀။မှောင်မဲတဲ့မိုးတိမ်တိုက်တွေရှိခဲ့လို့၊နေရောင်ကိုခံစားတတ်လာသလို၊နေပူထဲလမ်းလျှောက်ခဲ့လို့အရိပ်ဆိုတဲ့အရသာကိုသိခဲ့ရ တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါ။
၂၁။ကြောက်စရာကောင်းတဲ့အမှောင်ညတွေရှိခဲ့လို့၊မနက်ခင်းအလင်းတန်းကပိုသာယာနေတယ်လို့ခံစားတတ်စေတာမို့ ကျေးဇူး တော်ချီးမွမ်းပါ။
၂၂။နာမကျန်းတွေဖြစ်ခဲ့လို့ကျန်းမာရေးကိုပို မိုဂရုစိုက်တတ်လာသလို၊ကျန်းမာနေသောအရသာကိုပိုခံစားတတ်လာပြီမို့ ကျေးဇူးတော်ချီးမွမ်းပါ။
၂၃။နှစ်တွေအလီလီပြောင်းလဲမှုကြောင့်၊ငယ်ရွယ်နုပျိုခြင်းကိုပိုတန်ဖိုးထားတတ်လာသလို၊မတည်မြဲတဲ့ခန္ဓာဆိုတာသံဝေဂရခွင့် ရလို့ ကျေးဇူးတော်ချီးမွမ်းပါ။
၂၄။စစ်ဘေးဒဏ်၊သဘာဝဘေးဒဏ်အမျိုးမျိုးကြောင့်၊ထာဝရငြိမ်းချမ်းတဲ့ကောင်းကင် ရွှေပြည်ကိုဝင်ရောက်လိုစိတ်ပြင်းပြခဲ့သလို ၊သေခြင်းကြောင့်ထာဝရအသက်ကိုလို လားစေခဲ့ပြီမို့ ကျေးဇူးတော်ချီးမွမ်းပါ။
၂၅။ကျောင်းနေ့တိုင်းတက်ခဲ့ရလို့ ကျောင်းပိတ်ချိန်ကပိုချိုမြိန်စေခဲ့တယ်မဟုတ်ပါလား…ဒါကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ။
၂၆။သေခြင်းတည်ရှိနေတာကြောင့်၊လူတိုင်းယေရှုပေးမဲ့ထာဝရကိုလိုလားခဲ့ကြပြီးမဟုတ်ပါလား…ဒါကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ။
၂၇။အထီးကျန်မှုကြောင့်၊ကောင်းကင်အဖခမည်းတော်ရင်ခွင်ကိုပိုတမ်းတခဲ့ပြီမဟုတ်ပါလား…ဒါကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါ။
၂၈။လူဆိုတာ၁၀၀% ဖြောင့်မတ်တဲ့သူမရှိလို့၊ ၁၀၀% ဖြောင့်မတ်တဲ့ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းကိုယုံကြည်တာနဲ့ ခံစားနိုင် ရပြီမို့ ကျေးဇူးတော်ချီးမွမ်းပါ။
၂၉။ခဏခဏရန်လာရှာတဲ့သူအတွက်ကြောင့် ဘုရားကိုကျေးဇူးတင်ပါ၊သူ့ကြောင့်သင့် သီးခံစိတ်ကိုလေ့ကျင့်ခွင့်ရခဲ့လို့ပါ။
၃၀။ကိုယ့်ကိုချော်လဲအောင်မကောင်းကြံတဲ့သူ အတွက်ကြောင့်ဘုရားကိုကျေးဇူးတင်ပါ၊ သူ့ကြောင့်သင်ကိုယ့်ဒူးကိုယ်ချွန်အောင်နေ တတ်လာခဲ့လို့ပါ။
၃၁။ကိုယ့်အပေါ်လိမ်ညာခဲ့တဲ့သူတွေအတွက် ကြောင့်ဘုရားကိုကျေးဇူးတင်ပါ၊သူ့တို့ ကြောင့်သင်အတွေ့ အကြုံရင့်ကျက်လာခဲ့ ရလို့ပါ။
၃၂။သင့်အပေါ်အထင်သေးခဲ့တဲ့သူအတွက် ကြောင့်ဘုရားကိုကျေးဇူးတင်ပါ၊သူ့တို့ ကြောင့်သင့်အထဲကဂုဏ်သိက္ခာကိုသင်နိုး ဆွခွင့်ရခဲ့လို့ပါ။
၃၃။သင့်ကိုထားခဲ့တဲ့သူတွေကြောင့်ဘုရားကို ကျေးဇူးတင်ပါ၊သူတိုကြောင့် သင်တစ် ယောက်ထဲလည်းရပ်တည်တတ်လာခဲ့သ လိုဘုရားကိုလဲအားကိုးတတ်လာခဲ့လို့ ပါ။
၃၄။ကျရှုံးခြင်းနဲ့တွေ့ကြုံခဲ့ရလို့ဘုရားကို ကျေးဇူးတင်ပါ၊ဒီအရာကြောင့်ဘုရားကိုပို ကိုးစားတတ်လာစေတယ်။အောင်မြင်ခြင်း ကြောင့်လဲဘုရားကိုကျေးဇူးတင်ပါ၊ဒီအရာကြောင့်ဘဝမှာပိုအဓိပ္ပာယ်ရှိစေခဲ့လို့ ပါ။
၃၅။မိဘနှစ်ပါးနဲ့ မိသားစုတွေဘုရားပေးထား လို့ ဘုရားကိုကျေးဇူးတင်တယ်၊သူတို့ ကြောင့်ခုလိုလူလားမြောက်ခဲ့တယ်။
၃၆။ခွန်အားပေးခဲ့တဲ့သူတွေ၊ခန္ဓာ၊စိတ်၊ဝိညာဉ် ကြီးပြင်းလာစေခဲ့တဲ့သူတွေ… အရာအား လုံးအတွက်ကျေးဇူးတော်ချီးမွမ်းပါ။သူတို့ ကြောင့်ရှေ့လျှောက်ဖို့ခွန်အားပိုရှိခဲ့လို့ ပါ။
၃၇။အားနည်းခဲ့ဖူးလို့ ဘုရားကိုကျေးဇူးတင်တယ်၊အားနည်းနေတဲ့သူတွေကိုစာနာနားလည်မှုပေးနိုင်ခဲ့ပြီ။
၃၈။ဖျားနာခြင်းအတွက်ဘုရားကိုကျေးဇူးတင်တယ်၊ အံ့သြဖွယ်တန်ခိုးတော်နဲထိတွေ့ ဖို့ အခွင့်ရခဲ့လို့ပါ။
၃၉။ဆင်းရဲခဲ့ရလို့ ဘုရားကိုကျေးဇူးတင်တယ်၊ စိတ်နှိမ့်ချပြီးဘုရားစကားနှလုံးသွင်းမိစေခဲ့လို့ပါ။
၄၀။ကျွန်တော့မှာဆင်းရဲလို့အဆင့်မြင့်အကောင်း စားအစားစာတွေမစားနိုင်ခဲ့ပေမဲ့၊ကောင်းကင်ကကျတဲ့ဝိညာဉ်မန္နမုန့် (နူတ်ကပတ်တော်)ကို နေ့စဉ်စားသုံးနေရပြီမို့ ကျေးဇူးတော်ချီးမွမ်း ပါတယ်။
၄၁။ကျွန်တော့်မှာအဝတ်စားအကောင်းစား ကြီးတွေမဝတ်နိုင်ပေမဲ့၊ ယေရှုခရစ်အသွေးတော်အားဖြင့်သန့်ရှင်းသောဝတ် လုံကိုဝတ်ခဲ့ရပြီမို့ ကျေးဇူးတော်ချီးမွမ်း ပါတယ်။
၄၂။ကျွန်တော့်မှာဥစ္စာကြွယ်ဝမူမရှိပေမဲ့၊ဘုရားသခင်ကကောင်းကင်ဘဏ်အကောက်တခုဖွင့်ပေးခဲ့ပြီးယေရှုခရစ်နာမအား ဖြင့်တောင်းနိုင်တဲ့အရာမို့ ကျေးဇူးတော် ချီးမွမ်းပါတယ်။
၄၃။ကျွန်တော့်မှာနာမည်ကြီးသမ္မတတွေရဲ့ ဖုန်းကိုဝင်အောင်မဆက်နိုင်ခဲ့ပေမဲ့၊အရာခပ်သိမ်းကိုတတ်နိုင်တဲ့ထာဝရဘုရားကို တော့အချိန်မရွှေးဆက်သွယ်နိုင်ခဲ့ပြီမို့ ကျေးဇူးတော်ချီးမွမ်းပါတယ်။
၄၄။ကျွန်တော့်မှာအဆင့်မြင့်ဘွဲ့ တွေမယူနိုင်ခဲ့ပေမဲ့၊ပညာရဲ့အချုပ်အချာဖြစ်တဲ့အမြင့်ဆုံးသောထာ၀ရဘုရားသခင်ကိုသိ ကျွမ်းခွင့်ရရှိခဲ့ပြီမို့ ကျေးဇူးတော်ချီးမွမ်း ပါတယ်။
၄၅။ကျွန်တော့်မှာကမ္ဘာ့သူဌေးစာရင်းဝင်အောင်၊သမိုင်းစာမျက်နှာဝင်အောင် မလုပ်နိုင်ခဲ့ပေမဲ့၊ ကောင်းကင်နိုင်ငံရဲ့အသက်စာစောင်စာရင်းမှာဝင်အောင်မှတ်တမ်းတင် နိုင်ခဲ့ပြီမို့ ကျေးဇူးတော်ချီးမွမ်းပါတယ်။
၄၆။ကျွန်တော့်မှာထိပ်တန်းနာမည်ကြီးပုဂ္ဂိလ်တွေနဲ့ အစည်းဝေးထိုင်ခွင့်မရှိခဲ့ပေမဲ့၊ဘုရင်တကာဘုရင်၊အရှင်တကာအရှင်၊ဘုရားတကာဘုရားသခင်နဲ့ နေ့တိုင်းစကား ပြောခွင့်ရနေပြီမို့ ကျေးဇူးတော်ချီးမွမ်း ပါတယ်။
၄၇။ကျွန်တော့်မှာနောက်လိုက်အစေခံတွေမ ရှိပေမဲ့၊ထာဝရဘုရားရဲ့ကောင်းကင်တမန်တော်တွေကိုယ်တိုင်လာပြီးကွယ်ကာစောင့်ရှောက်တာခံရပြီမို့ ကျေးဇူးတော် ချီးမွမ်းပါတယ်။
၄၈။ကျွန်တော့မှာဖျားနာရင်အကောင်းဆုံးဆေးရုံကဆရာဝန်နဲ့မပြနိုင်ခဲ့ပေမဲ့၊ ကောင်းကင်နိုင်ငံကဆရာဝန်သခင်ယေရှုခရစ်ရဲ့ကုသခြင်းခံခဲ့ရပြီမို့ ကျေးဇူးတော်ချီးမွမ်းပါတယ်။
၄၉။ကျွန်တော့်မှာသူငယ်ချင်းကောင်းဆိုလို့ သိပ်မရှိခဲ့ပေမဲ့၊အရင်းနီးဆုံးနဲ့ ကျွန်တော်ကိုထာဝရအချစ်ဆုံးဖြစ်တဲ့ယေရှုခရစ်ကိုလက်ခံရရှိခဲ့ပြီးသူတပါးရဲ့သူငယ်ချင်း ကောင်းဖြစ်စေခဲ့ပြီမို့ ကျေးဇူးတော်ချီး မွမ်းပါတယ်
၅၀။ပြော၍မကုန်နိုင်တဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်တွေအတွက်အမြဲတမ်းကျေးဇူးတော်ချီးမွမ်းပါ(၂ကော၉:၁၅)။
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။(၁သက် ၅:၁၈)