ဒုက္ခကြားကချီးမွမ်းခြင်းအကြောင်းရင်း(၇)ချက်
နိဒါန်း
ခရစ်ယာန်ယုံကြည်မှုဟာတခြားနဲ့မတူဘဲထူးခြားမှုအများကြီးရှိနေပါတယ်။ဒီအများကြီးထဲကတခုပြောပါဆိုရင်အခက်ခဲပြဿနာကြားကဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနိုင်ခြင်းပါဘဲ။ဘာလို့ဒီလိုခဲယဉ်းဆိုးယုတ်တဲ့အခြေနေထဲကနေကျေးဇူးတော်ချီးမွမ်းနေနိုင်ကြသလဲဆိုတာကိုအကြောင်းရင်း(၇)ချက်နဲ့အလင်းပေးပါမယ်။
၁။ခရစ်တော်ရဲ့ဆင်းရဲခြင်းကိုဆက်ခံခွင့်ရလို့။
(၁ပေ၄:၁၂-၁၃ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဖို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဩဖွယ်သောအရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်း မရှိကြနှင့်။သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။)
၂။ဘုရားအတူပါရှိခြင်းကိုသက်သေရလို့
(ယော၁၆:၃၃သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။)အခြားကျမ်း၂ကော၁၂:၇-၉။
၃။ဘုရားကိုလက်တွေ့မြင်လာရလို့
(ယောဘ၄၂:၅သတင်းတော်ကို အကျွန်ုပ်သည်နားနှင့် ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။)
၄။ယုံကြည်ခြင်းတိုးပွားလာစေလို့
(၁ပေ၁:၆-၇အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကို စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ်သည်နှင့်၊ ယေရှုခရစ် ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် အလိုငှာဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ် ရှိကြ၏။)
၅။သူတပါးကိုနှစ်သိမ့်တတ်လာစေလို့။
(၂ကော၁:၄ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။)
၆။ဘုရားဆုံးမပြုပြင်ပေးနေတာမို့
(ယော၁၅:၂ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။)အခြားကျမ်း ဟေဗြဲ၁၂:၅-၈။
၇။ထာဝရကိုပိုမျှော်လင့်တတ်လာလို့။
(ရောမ၈:၁၈၊၂၃ငါတို့အားပေါ်ထွန်းလတ္တံ့သောဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကိုပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။…ထိုမျှမကဝိညာဉ်တော်၏ကျေးဇူးတော်အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနုတ်ခြင်းချမ်းသာကို မျှော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။)
နိဂုံး
ဆင်းရဲဒုက္ခနဲ့အခက်အခဲတွေကြားမှာယုံကြည်သူတွေဟာဘုရားသခင်ကိုချီးမွမ်းနေနိုင်သေးခြင်းအကြောင်းရင်းကအခက်ခဲဟာ
၁။ခရစ်တော်ရဲ့ဆင်းရဲခြင်းကိုဆက်ခံခွင့်ရလို့ပါ။
၂။ဘုရားအတူပါရှိခြင်းကိုသက်သေရလို့ပါ။
၃။ဘုရားကိုလက်တွေ့မြင်လာရလို့ပါ။
၄။ယုံကြည်ခြင်းတိုးပွားလာစေလို့ပါ။
၅။သူတပါးကိုနှစ်သိမ့်တတ်လာစေလို့ပါ။
၆။ဘုရားဆုံးမပြုပြင်ပေးနေတာမို့ပါ။
၇။ထာဝရကိုပိုမျော်လင့်တောင်တတ်လာလို့ဘဲဖြစ်ပါတယ်။