• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျေးဇူးတော်၌ကြီးထွားသောသူ

၁။မကျန်းမာသူအများကြီးထဲမှာကျန်းမာစွာနေခွင့်ပေးတဲ့ဘုရားကိုကျေးဇူးတင်သင့်ပါတယ်။
ဒါပေမယ့်ရောဂါရနေတဲ့အချိန််ကျေးဇူးတော်ချီးမွမ်းခြင်းကကျန်းမာနေတဲ့အချိန်ချီးမွမ်းတာ ထက်သာတဲ့ကျေးဇူးတော်၌ကြီးထွားသောသူပါ။အာမင်။

၂။နေရာတကာစစ်မက်ဘေးဒဏ်ကြောင့်လှုံခြုံမှုမရှိတဲ့လောကကြီးထဲမှာအခုထိတိုင်ဘုရားသခင်ကသင့်ကိုကာကွယ်ပေးနေသေးတာကြောင့်ကျေးဇူးတော်ချီးမွမ်းသင့်ပါတယ်။ဒါပေမယ့်ဆိုးသွမ်းတဲ့စစ်ဘေးထဲကျရောက်နေပေမယ့်ကျေးဇူးတော်ချီးမွမ်းနိုင်သေးခြင်းဟာသာယာနေတဲ့အချိန်ချီးမွမ်းတာထက်ပိုပြီးသာလွန်လေးနက်တဲ့ယုံကြည်ခြင်းပါ။အာမင်။

၃။စားဖို့သောက်ဖို့အင်မတန်ခက်ခဲတဲ့ကာလမှာလုံလောက်သောအစာကိုဘုရားသခင်ချပေးနေတာကြောင့်ကျေးဇူးတော်ချီးမွမ်းသင့်ပါတယ်။ဒါပေမယ့်ဘေးဒဏ်အမျိုးမျိုးကြောင့်မနက်ဖြန်ဘာစားရမလဲမသိဖြစ်နေတဲ့ကြားထဲကနေကျေးဇူးတော်ချီးမွမ်းနိုင်သူဟာကျေးဇူးတော်၌ကြီးထွားသောသူပါ။အာမင်။

၄။အကြောင်းအမျိုးမျိုးကြောင့်လူတိုင်းနေ့စဉ်သေကြေနေကြပေမယ့်၊ယနေ့ထိတိုင်မိသားစုတခုလုံးကိုအသက်ရှင်ခွင့်ပေး‌ထားသေးတာကြောင့်ကျေးဇူးတော်ချီးမွမ်းသင့်ပါတယ်။ဒါပေမယ့်မိသားစုထဲသေသွား(ခရစ်တော်၌အိပ်ပျော်)သူရှိနေတဲ့ကြားထဲကကျေးဇူးတော်ချီးမွမ်းနေနိုင်သေးခြင်းဟာကျေးဇူးတော်၌ကြီးထွားသောသူပါ။အာမင်။

၅။စစ်မှန်တဲ့ဘုရားကိုမသိသေးသူကမ္ဘာပေါ်မှာလူပေါင်းအများကြီးရှိတဲ့အထဲစစ်မှန်တဲ့ယေရှုဘုရားကိုသိရှိယုံကြည်ပြီးကယ်တင်ခြင်းရခဲ့တာမို့ကျေးဇူးတော်ချီးမွမ်းသင့်ပါတယ်။ဒါပေမယ့်အဲဒီကယ်တင်ခြင်းမရသေးသူကိုသတင်းကောင်းဝေငှပြီးသူများကိုလည်းကိုယ့်လိုကယ်တင်ခြင်းရစေပြီးဘုရားစစ်ဘုရားမှန်ကိုသိစေတာမျိုးဟာ ကျေးဇူးတော်၌ကြီးထွားသောသူပါ။အာမင်။

နိဂုံး
ယနေ့ကျနော်တို့ဝိညာဉ်ရေးရာမှာကောင်းကြီးရရင်ချီးမွမ်းတတ်ပြီးကောင်းကြီးမရဘူးထင်ရင်မချီးမွမ်းတတ်တာဟာဝိညာဉ်ရေးရာအရွယ်မကြီးထွားမရင့်ကျက်သေးလို့ဖြစ်ပါတယ်။သခင်ဘုရား၌ဝိညာဥ်ရေးရာမှာသာ၍ကြီးထွားရင့်ကျက်သောသူများဖြစ်ကြပါစေ။အာမင်။
(၂ပေ ၃:၁၈ကျေး​ဇူး​တော်၌​လည်း​ကောင်း၊ငါ​တို့​ကို ကယ်​တင်​တော်​မူ​သောအ​ရှင်သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌​လည်း​ကောင်းကြီး​ပွား​ကြ​လော့။)