သမ္မာကျမ်းစာမှသရဖူ(၅)မျိုး
၁။မညိုးနွမ်းမပျက်ဆီးနိုင်သောသရဖူ
(ကောရိန်သုဩဝါဒစာ ပဌမစောင် ၉:၂၅ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။)
ခရစ်ယာန်ယုံကြည်ဆက်ကပ်မှုလမ်းစဉ်ဟာလောကနဲ့အပြေးပြိုင်နေတာနဲ့တူပါတယ်၊အဆုံးတိုင်အောင်ပြေးတဲ့သူ၊လောကကိုအောင်နိုင်သောသူဟာဒီသရဖူမျိုးကိုရရှိပါလိမ့်မယ်။
၂။ဖြောင့်မတ်ခြင်းဓမ္မသရဖူ
(တိမောသေဩဝါဒစာ ဒုတိယစောင် ၄:၈ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။)
ဒီသရဖူရဖို့ရှင်ပေါလုလိုယုံကြည်ချက်အတွက်ကောင်းစွာတိုက်လှန်ခဲ့ပြီးသူ၊ခရစ်ယာန်အသက်တာရဲ့ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီးသူ၊ယုံကြည် ခြင်းတရားကို စောင့်ရှောက်ခဲ့သူဖြစ်ရပါမယ်။
၃။အသက်သရဖူ
(ဗျာဒိတ်ကျမ်း ၂:၁၀သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။)
(ရှင်ယာကုပ်ဩဝါဒစာ ၁:၁၂စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။)
ဒီသရဖူကတော့လောကမှာအသက်ရှင်နေတဲ့အခါစုံစမ်းနှောက်ယှက်ခြင်းအမျိုးမျိုးကိုသည်းခံအောင်နိုင်သောယုံကြည်သူများ၊ခရစ်တော်ကြောင့်ညှင်းပန်းနှိပ်စက်ခြင်းကိုခံခဲ့ရသူတိုင်းအတွက်ပြင်ဆင်ထားတဲ့သရဖူဘဲဖြစ်ပါတယ်။
၄။မျော်လင့်ဝမ်းမြောက်ခြင်းသရဖူ
(သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၂:၁၉ငါတို့မြော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာဖြစ်ကြသည်မဟုတ်လော။)
(ဖိလိပ္ပိဩဝါဒစာ ၄:၁ထိုကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ဦးရစ်သရဖူတည်းဟူသော၊ ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့၊ ငါ့ချစ်သူတို့။)
ဒီသရဖူကတော့ဒီဘဝမှာတင်ရနိုင်တဲ့အရာပါ၊ဧဝံဂေလိတရားကိုလုပ်ကိုင်သောသူတိုင်းအတွက်အသီးအပွင့်တွေဟာသူတို့ရဲ့ဝမ်းမြောက်ခြင်းဘဲဖြစ်ပါတယ်၊ယခုကာလမှစပြီးထာဝရတိုင်အောင်ဝမ်းမြောက်ခြင်းခံစားရမှာဖြစ်ပါတယ်။
၅။ဘုန်းကြီးသောသရဖူ
(ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၅:၄သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။)
ဒီသရဖူကအသင်းတော်ကသိုးတွေကိုသစ္စာရှိရှိပုံသက်သေနဲ့ထိန်းကျောင်းနေတဲ့အမှုတော်ဆောင်တွေအတွက်ဖြစ်ပါတယ်၊)အကယ်၍ယနေ့အမှုတော်ဆောင်တွေပုံသက်သေမရှိသစ္စာမရှိရင်ဒီသရဖူဆုံးရှုံးရပါလိမ့်မယ်။