သင်လုပ်နိုင်သောဧဝံဂေလိပြုနည်း(၁၂)မျိုး
၁။သမ္မာတရားကိုနူတ်ဖြင့်လိုက်လံဟောပြောခြင်းဖြင့်ဧဝံဂေလိလုပ်ခြင်း။
(ရောမဩဝါဒစာ ၁၀:၁၄)
၂။ဧဝံဂေလိဝေစာအားဖြင့်မယုံကြည်သောသူကိုဝေပေးပြီးဧဝံဂေလိလုပ်ခြင်း။
(၂တိ၄:၂၊ကောလောသဲ၁:၂၈)
၃။Viber,facebook,wechat…အခြားသောဆိုရှယ်မီဒီယာအားဖြင့်ဧဝံဂေလိဝေငှခြင်း။(ကိုယ်မပြောတတ်ရင်ဆရာတွေရဲ့စာကိုShareခြင်း)။
(၂တိ၄:၂၊ကောလောသဲ၁:၂၈)
၄။ဖုန်းဆက်ပြီးအမြဲအားပေးဆုတောင်းခြင်းဖြင့်ဧဝံဂေလိဝေငှခြင်း။
(၂တိ၄:၂၊ကောလောသဲ၁:၂၈)
၅။မိမိရဲ့အပြုအမူအနေအထိုင်အပြောအဆို(ကောင်းသောပုံသက်သေ)အားဖြင့်သူတပါးရှေ့မှာဧဝံဂေလိဖြစ်စေခြင်း။
(ယာကုပ်၂:၂၆)
၆။သမ္မာကျမ်းစာအုပ်နှင့်ဧဝံဂေလိဆိုင်ရာဝိညာဉ်ရေးရာစာအုပ်များဝယ်ပြီးမယုံကြည်သေးသောသူများအားလက်ဆောင်ပေးခြင်းဖြင့်ဧဝံဂေလိလုပ်ခြင်း။
(ယော၅:၃၉)
၇။မယုံကြည်သေးသောသူတွေကိုအသင်းတော်(သို့မဟုတ်)တရားပွဲသို့ခေါ်ဆောင်သွားပြီးဧဝံဂေလိလုပ်ခြင်း။
(ယော၁:၄၀၊၆:၈၊၁၂:၂၁-၂၂ထဲမှအဒ္ဒြေလို)
၈။ဧဝံဂေလိလုပ်နေသူအတွက်အမြဲတမ်းဒူးထောက်ဆုတောင်းပေးခြင်းဖြင့်ဧဝံဂေလိအမှု၌ပါဝင်ခြင်း။
(၁တိ၂:၁-၄)
၉။ငွေကြေးအားဖြင့်၊အချိန်အားဖြင့်၊အလုပ်အားဖြင့် ကိုယ်အားသာရာအားဖြင့်ဧဝံဂေလိလုပ်ငန်းအရပ်ရပ်၌လှူဒါန်းပါဝင်ခြင်း။(၂ကော၉:၆)
၁၀။မယုံကြည်သေးသောသူနှင့်အတူဧဝံဂေလိဆိုင်ရာVideoဇာတ်ကားများကိုအတူခေါ်ကြည့်စေခြင်းဖြင့်ဧဝံဂေလိလုပ်ခြင်း။(၁တိ၄:၂၊ကောလောသဲ၁:၂၈)
၁၁။ဧဝံဂေလိဝေငှသူများမွေးထုတ်ပေးခြင်းဖြင့်ဧဝံဂေလိ၌ပါဝင်ခြင်း။ဥပမာ ကျမ်းစာကျောင်းပြ၊ဓမ္မသင်တန်းပြနှင့်အခြား။(၂တိ၂:၂)
၁၂။အုတ်တချပ်သဲတပွင့်အနေနှင့်ဧဝံဂေလိ၌ပါဝင်ခြင်း(ဥပမာ ဝေစာလုပ်ငန်းအဖွဲ့ဝင်၊တရားပွဲစီစဉ်သူနှင့်ဖြစ်မြောက်ဖို့ပါဝင်သူ၊အသင်းတော်၌သူတပါးလာပြီးဧဝံဂေလိနားထောင်ဖို့အဆင်ပြေအောင်ပန်းထိုးသူ၊သန့်ရှင်းရေးလုပ်သူ၊ဧည့်ကြို…အခြားများ)