ဘဝမှာကျေးဇူးတင်ရမည့်လူများ
၁။ခဏခဏရန်လာရှာတဲ့သူကြောင့်ဘုရားကိုကျေးဇူးတင်တယ်၊သူ့ကြောင့်သီးခံစိတ်ကိုလေ့ကျင့်ခွင့်ရခဲ့လို့။
၂။ကိုယ်ချော်လဲအောင်မကောင်းကြံတဲ့သူကြောင့်ဘုရားကိုကျေးဇူးတင်တယ်၊ သူ့ကြောင့်ကိုယ့်ဒူးကိုယ်ချွန်အောင်နေတတ်ခဲ့ရလို့။
၃။ကိုယ့်အပေါ်လိမ်ညာခဲ့တဲ့သူကြောင့်ဘုရားကိုကျေးဇူးတင်တယ်၊သူ့ကြောင့်ကိုယ့်အတွေ ့အကြုံရင့်ကျက်လာခဲ့ရလို့။
၄။ကိုယ့်အပေါ်အထင်သေးခဲ့တဲ့သူကြောင့်ဘုရားကိုကျေးဇူးတင်တယ်သူ့တို့ကြောင့်ကိုယ့်ထဲကဂုဏ်သိက္ခာကိုနိုးဆွခွင့်ရခဲ့လို့။
၄။ကိုယ့်ကိုထားခဲ့တဲ့သူတွေကြောင့်ဘုရားကိုကျေးဇူးတင်တယ်၊သူတိုကြောင့်ကိုယ်တယောက်ထဲလည်းရပ်တည်တတ်လာလို့။
၅။ကျရှုံးခြင်းနဲ့တွေ့ကြုံခဲ့ရလို့ဘုရားကိုကျေးဇူးတင်တယ်၊ သူ့ကြောင့်ဘုရားကိုပိုကိုးစားတတ်လာတယ်။
၆။အောင်မြင်ခြင်းကြောင့်ဘုရားကိုကျေးဇူးတင်တယ်၊သူ့ကြောင့်ဘဝမှာ ပိုအဓိပ္ပာယ်ရှိလာစေခဲ့တယ်။
၇။အားပေးခဲ့တဲ့သူတွေကြောင့်ဘုရားကိုကျေးဇူးတင်တယ်၊သူတို့ကြောင့်ရှေ့လျှောက်ဖို့ခွန်အားပိုရှိခဲ့တယ်။
၈။မိဘနှစ်ပါးနဲ့မိသားစုရှိရလို့ဘုရားကိုကျေးဇူးတင်တယ်၊သူတို့ကြောင့်ခုလိုလူလားမြောက်ခဲ့တယ်။
ခွန်အားပေးခဲ့တဲ့သူတွေ…
ခန္ဓာ၊စိတ်၊ဝိညာဉ်ကြီးပြင်းလာစေခဲ့တဲ့သူတွေ…အရာအားလုံးအတွက်ကျေးဇူးတော်ချီးမွမ်းတယ်။
…………………………………………….
ကျမ်းချက်
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။ ၁သက်၅း၁၈။
ခုစာဖတ်နေတဲ့မိတ်ဆွေလဲ
ကောမန့်မှာကျေးဇူးတော်ရေတွက်ကြည့်ပါ။
Ye Ming(ပတ္တမြားမြေ)