ယေဟောဝါဘုရားနာမ(၇)မျိုး
၁။ယေဟောဝါယိရေ(Jehovah-jireh)
အဓိပ္ပယ်ကဘုရားသခင်ပြင်ဆင်တော်မူလိမ့်မည်။
(ကမ္ဘာဦးကျမ်း၂၂:၁၃-၁၇ ထိုအခါအာဗြဟံသည်မျှော်ကြည့်၍၊မိမိနောက်မှာချုံပုတ်၌ချိုညှိလျက်ရှိသော သိုးကိုမြင်လေ၏။ထိုသိုးကိုသွား၍ယူပြီးလျှင် ၊မိမိသားကိုယ်စားမီးရှို့ရာယဇ်ပြု၍ပူဇော်လေ၏။ထိုအရပ်ကိုယေဟောဝါယယိရေဟုအာဗြဟံသမုတ်လေ၏။ ထိုသို့နှင့်အညီ၊ တောင်ပေါ်မှာထာဝရဘုရရားပြင်ဆင်တော်မူမည်ဟုယနေ့တိုင်အောင်ဆိုလေ့ရှိသတည်း။)
၂။ယေဟောဝါနိဿိ(Jehovah-nissi)
အဓိပ္ပာယ်ကဘုရားသခင်အောင်မြင်စေတော်မူလိမ့်မည်။
(ထွက်မြောက်ရာကျမ်း ၁၇:၁၅-၁၆ မောရှေ သည်လည်း ယဇ်ပလ္လင်ကိုတည်၍၊ယေဟောဝါနိဿိဟုသမုတ်လေ၏။အကြောင်းမူကား၊အာမလလက်လူမျိုး၏လက်သည်ထာဝရဘုရား၏ရာဇပလ္လင်တော်၏ရန်ဘက်ဖြစ်သော
ကြောင့်၊ ထာဝရဘုရားသည်ကာလအစဉ်အဆက်အာမလက်အမျိုးကိုစစစ်တိုက်တော်မူလိမ့်မည်ဟုဆိုသတည်း။)
၃။ယေဟောဝါရှာလုံ(Jehovah-shalom)
အဓိပ္ပာယ်ကဘုရားသခင်ငြိမ်သက်ခြင်းပေးလိမ့်မည်။
(တရားသူကြီးမှတ်စာ ၆:၂၃-၂၄ ထာဝရဘုရားက၊ချမ်းသာပါစေ။မစိုးရိမ်နှင့်။သင်သည်သေဘေးနှင့်လွတ်လျက်ရှိသည်ဟုမိန့်တော်မူ၏။ထိုအရပ်၌ဂိဒေါင်သည်ထာဝရဘုရားအဖို့ယဇ်ပလ္လင်ကိုတည်၍၊ ယေဟောဝါရှာလုံ အမည်ဖြင့်မှည့်လေ၏။အဗျေဇာသား၏နေရာဩဖရရွာ၌ယနေ့တိုင်အောင်ရှိသတည်း။)
၄။ယေဟောဝါရှမ္မ(Jehovah-shammah)
အဓိပ္ပာယ်ကဘုရားသခင်သည်အတူပါရှိပေးမည်။
(ယေဇကျေလအနာဂတ္တိကျမ်း ၄၈:၃၅ ထိုသို့မြို့ပတ်လည်အတိုင်းအရှည်ကား၊တစ်သောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မ အမည်ဖြင့် ခေါ်တွင်ရလိမ့်သတည်း။)
၅။ယေဟောဝါဇေဒကနု(Jehovah-tsidqenu)
အဓိပ္ပာယ်ကဘုရားသခင်သဖြောင့်မတ်စေမည်။
(ယေရမိအနာဂတ္တိကျမ်း ၂၃:၅-၆ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန့်ရှင်းသောအညွန့်ကိုဒါဝိဒ်အဖို့ငါပေါက်စေသည်အတိုင်း၊ ဉာဏ်ကောင်းသောရှင်ဘုရင်တစ်ဦးသည်စိုးစံ၍၊မြေကြီးပေါ်မှာတရားသဖြင့်ဖြောင့်မတ်စွာစီရင်ရာကာလသည်ရောက်လိမ့်မည်။ ထိုမင်းလက်ထက်၌ယုဒပြည်သည် ကယ်တင်ခြင်းသို့ရောက်၍၊ ဣသရေလပြည်လည်း ငြိမ်ဝပ်စွာနေရလိမ့်မည်။ ထိုမင်းသည် ယေဟောဝါဇေဒကနု ဟူသော ဘွဲ့နာမရှိလိမ့်သတည်း။)
၆။ယေဟောဝါရိုရီ(Jehovah-rohi)
ဒီကျမ်းလျက်ထဲမှာရိုရီလို့အတိကျမပါပေမဲ့၊သိုးသိန်းရဲ့ေဟဘရူးအသံထွက်ကရိုရီပါ၊တချို့ကျမ်းစာဘာသာပြန်ဗားရှင်းမှာရိုရီလို့တိုက်ရိုက်ယူသုံးပါတယ်။
အဓိပ္ပာယ်ကဘုရားသခင်ကသိုးထိန်းလိုထိန်းကျောင်းလိမ့်မည်။
(ဆာလံကျမ်း ၂၃:၁ထာဝရဘုရားသည် ငါ၏ သိုးထိန်း
ဖြစ်တော်မူ၏။ငါသည်ဆင်းရဲမခံရ။)
၇။ ယေဟောဝါရိုဖာ(Jehovah-rophe)
အဓိပ္ပာယ်ကဘုရားသခင်ကုသပေးလိမ့်မည်။
ဒီကျမ်းချက်ထဲမှာလဲရိုဖာလို့မတွေ့ရပေမဲ့၊ကုသပေးခြင်းဆိုင်ရာဟေဘရူးစကားလုံးအသံထွက်ကရိုဖာပါဘဲ။
(ထွက်မြောက်ရာကျမ်း၁၅:၂၆ သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားကို စေ့စေ့နားထောင်၍ နှစ်သက်တော်မူသောအကျင့်ကို ကျင့်လျှင်လည်းကောင်း၊ပညတ်တရားတော်အလိုသို့လိုက်၍စီရင်တော်မူချက်တို့ကိုစောင့်ရှောက်လျှင်လည်းကောင်း၊ ငါသည်အဲဂုတ္တုလူတို့၌စွဲစေသောရောဂါတစ်စုံတစ်ခုကိုမျှသင်တို့၌မစွဲစေ။ ငါသည်သင်တို့၏ရောဂါကိုငြိမ်းစေသော ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။)