ခေတ္တနှင့်ထာဝရ(မြင်စေပါ)
၁။ခေတ္တလူ့ဘဝငြိမ်းချမ်းရေးအတွက်ဓမ္မတရားဖက်ရပ်တည်ဖို့အရေးကြီးတာကိုကြည့်ရင်၊ထာဝရငြိမ်းချမ်းဖို့အတွက်သမ္မာတရားဖက်ရပ်တည်ဖို့သာ၍အရေးကြီးတာမြင်စေပါ။
၂။ခေတ္တလူ့ဘဝလွတ်လပ်ရေးရဖို့ကိုယ်တိုင်ပါဝင်လုပ်ဆောင်ဖို့လိုအပ်တာကိုကြည့်ရင်၊ထာဝရဝိညာဥ်လွတ်မြောက်ဖို့ဒီထက်မကပါဝင်ပေးဆပ်နေဖို့အရေးကြီးတာမြင်စေပါ။
၃။ခေတ္တလူ့ဘဝသာယာဖို့ငွေကြေးအားဖြင့်တတ်နိုင်သလောက်ပါဝင်ပံ့ပိုးနေရတာကိုကြည့်ရင်၊ထာဝရကာလသာယာဖို့အတွက်ယခုကတည်းကအမှုတော်မြတ်မှာသာ၍ပေးလှူပါဝင်သင့်တာမြင်စေပါ။
၄။ခေတ္တလူ့ဘဝပြင်ဆင်ဖို့အတွက်မြေပြင်သတင်းကိုမရမကရှာဖတ်၊ရှာနားထောင်ဖို့အဝေးကြီးသွားပြီးအင်တာနက်ချိတ်ကြည့်ဖို့လုပ်နေရတာကိုကြည့်ရင်၊ထာဝရအတွက်အဆင်သင့်ရှိဖို့သမ္မာကျမ်းစာကိုသာ၍ဖတ်ရှုနှလုံးသွင်းပြီး၊တရားဒေသနာကိုမရမကရှာနားထောင်သင့်တယ်ဆိုတာမြင်စေပါ။
၅။ခေတ္တလူ့ဘဝအတွက်မရှက်မကြောက်ဘဲအမြဲဆန္ဒထွက်ပြပါဝင်နေဖို့အရေးကြီးတယ်ဆိုရင်၊ထာဝရကာလအတွက်လမ်းပေါ်ထွက်ဧဝံဂေလိလုပ်တာရှက်ကြောက်စရာမဟုတ်မှန်းသာ၍မြင်စေပါ။
၆။ခေတ္တလူ့ဘဝမှာငယ်ငယ်လေးနဲ့နိုင်ငံ့အတွက်အသက်ပေးသွားတဲ့GZတွေရဲ့အနာဂတ်ကိုနှမျောမိတယ်ဆိုရင်၊ဧဝံဂေလိမကြားရသေးဘဲကယ်တင်ခြင်းမရသေးဘဲသေသွားနေပါလားဆိုတာသာ၍မြင်တတ်စေပါ။
၇။ခေတ္တလူ့နိုင်ငံအတွက်လိုအပ်လာရင်ဖမ်းချုပ်ခံ၊ထောင်ကျခံ၊အသက်ပေးတဲ့အထိပြင်ဆင်ထားတယ်ဆိုရင်၊ထာဝရနိုင်ငံတော်အတွက်သာ၍ဖမ်းခံရမှာမကြောက်သင့်တော့ဘူး၊လိုအပ်လာရင်အသက်ကိုလည်းသာ၍ပေးတန်နေပြီဆိုတာမြင်စေပါ။
မိတ်ဆွေ
သင်ထာဝရအရာအတွက်ဘာများပါဝင်ခဲ့ပြီလဲ?ဝိညာဉ်တော်ဘုရားသင့်ကိုအလင်းပေးပါစေ။အာမင်။
(၁ယော 2:17-18 (စံမီ)လောကနှင့်လောကီတပ်မက်ခြင်းတို့သည်ရွေ့လျားကွယ်ပျောက်သွားမည်။ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်သောသူမူကား ကာလအစဉ်အဆက်တည်၏။ သားသမီးတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။)