ယုံကြည်သူနှင့်မီးသင်္ဂြိုဟ်ခြင်း
ယုံကြည်သူခရစ်ယာန်တွေသေတဲ့အခါတချို့မီးနဲ့သင်္ဂြိုဟ်ကြပါတယ်။ဒီမှာခရစ်ယာန်တွေအတွက်မေးခွန်းတခုပေါ်လာတာကယုံကြည်သူ တွေသေရင်မီးသင်္ဂြိုဟ်လို့ရပါသလား?ဆိုတာပါဘဲ။ဒါကိုလိုရင်းလေးဖြေပေးချင်ပါတယ်။
၁။သမ္မာကျမ်းစာမှာယုံကြည်သူတွေသေရင်မီးသင်္ဂြိုဟ်ရမယ်လို့မသွန်သင်ထားသလိုမတားမြစ်ထားပါဘူး။ကျမ်းစာထဲမှာမီးသင်္ဂြိုဟ်ခြင်းမရှိတာတော့မဟုတ်ပါဘူး၊၁ရာ၃၁:၁-၁၃ထဲမှာရှောလုနဲ့သူသားတွေ(ယောနသန်အပါအဝင်)သေသွားတဲ့အခါသူ့လူတွေကအလောင်းကိုယူပြီးမီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။ပြီးမှအရိုးကိုယူပြီးမြုပ်ခဲ့တာပါ။ဒီလုပ်ရပ်ဟာမှန်ကန်မှုရှိ ကြောင်း၂ရာ၂:၄-၆မှာဖော်ပြထားပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့်မီးသင်္ဂြိုဟ်ခြင်းဟာဘုရားကိုပြစ်မှားတဲ့သူမှအဲလိုလုပ်ခံရတာမဟုတ်ဘဲ၊ဘုရားကိုချစ်ကြောက်ယုံကြည်သူတွေသေရင်လဲမီးသင်္ဂြိုဟ်ခြင်းတွေရှိခဲ့တာတွေ့ရမှာပါ။(အထူးအခြေအနေကြောင့်)။
၂။ယုံကြည်သူတချို့ကမီးသင်္ဂြိုဟ်ခြင်းဟာရှင်ပြန်ထမြောက်ခြင်းအတွက်အတားဆီးဖြစ်လို့မလုပ်ရဘူးလို့ခံယူကြတာရှိကြပြန်ပါတယ်။ဒါပေမယ့်ကျနော်တို့သိထားရမှာကမြေမြုပ်ရင်လဲအချိန်တန်ရင်မြေမုန့်ဖြစ်သွားမှာဖြစ်သလိုမီးသင်္ဂြိုဟ်ခြင်းဟာလဲပြာမုန့်(မြေဩဇာ)ဖြစ်သွားတာပါဘဲ။အနှေးနဲ့အမြန်လေးဘဲကွာသွားတာပါ။သတိထားရမှာကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ဟာဘာမှမရှိခြင်းကနေအရာအားလုံးကိုဖြစ်စေခဲ့တဲ့ဘုရားဖြစ်တယ်ဆိုတာပါဘဲ၊သင်မြေမုန့်ဘဲဖြစ်ခဲ့ဖြစ်ခဲ့၊ပြာမုန့်ဘဲဖြစ်ခဲ့ဖြစ်ခဲ့၊ရေထဲ၊မီးထဲ၊လေထဲ၊အခြားဘယ်နေရာဘဲဖြစ်ဖြစ်ခန္ဓာကွယ်ပျောက်ခဲ့ကွယ်ပျောက်ခဲ့ပါစေ၊ရှင်ပြန်ထမြောက်ချိန်တန်ရင်ဘုရားရဲ့တန်ခိုးအားဖြင့်ပြန်ထလာမယ်ဆိုတာအကြွင်းမဲ့ယုံကြည်ထားပါ(ဗျာ၂၀:၁၃၊၁ကော၁၅:၃၅-၃၈)။အာမင်။
၃။ယုံကြည်သူတွေသေရင်မီးသင်္ဂြိုဟ်ရမလား အလောင်းကိုမြေမြုပ်သင်္ဂြိုဟ်ရမလားမေးရင်သမ္မာကျမ်းအတိုင်းလူသေရင်မြေမြုပ်တာပိုသင့်တော်တယ်လို့ဖြေပေးချင်ပါတယ်။ဒါပေမယ့်အထူးကိစ္စမျိုး(ဥပမာကိုဗစ်ကူးစက်ရောဂါနဲ့သေသူ၊အခြား)ဆိုရင်မီးသင်္ဂြိုဟ်ပြီးအရိုးပြာနဲ့ခရစ်ယာန်သင်္ချိုင်းမှာမြုပ်လို့ရကြောင်း၊ဒါဟာလဲမမှားကြောင်း၊ကျမ်းစာမှာလဲအလားတူသာဓကရှိကြောင်းဖော်ပြလိုက်ရပါတယ်။သန့်ရှင်းသောဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။