သမ္မာကျမ်းစာရဲ့အံ့ဩဖွယ်(၁၆)ချက်
နိဒါန်း
ယော၈:၃၂မှာ”သမ္မာတရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်”…လို့ဆိုထားပါတယ်။ဒါဟာသမ္မာတရားဖြစ်တဲ့ဒီကျမ်းစာကိုသိပြီးလက်တွေ့ခံယူတဲ့အခါအပြစ်ကနေလွတ်မြောက်ခွင့်ရပြီး၊ ဇာတိပကတိရဲ့ချုပ်နှောင်ခြင်းအနေလွတ်မြောက်မယ်လို့ဆိုတာဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ပတ်မှာသမ္မာကျမ်းစာနေ့ဖြစ်တဲ့အားလျော်စွာသမ္မာကျမ်းစာရဲ့အံ့ဩဖွယ်အချက်(၁၆)ချက်နဲ့ခွန်အားပေးချင်ပါတယ်။
၁။သမ္မာကျမ်းစာဆိုတာယနေ့ထိကမ္ဘာပေါ်မှာရောင်းအားအကောင်းဆုံး၊ပုံနှိပ်ထုတ်ဝေမှုအများဆုံးနဲ့ဖတ်ရှုသူအများဆုံးစာအုပ်အဖြစ် အံ့ဩဖွယ်တွေ့မြင်ရပါတယ်။
(2016 စစ်တမ်းအရတစ်နှစ်မှာ 340,00000 အုပ်ရောင်းထွက်)
၂။သမ္မာကျမ်းစာဆိုတာကမ္ဘာပေါ်မှာဘာသာပြန်မှုအများဆုံးစာအုပ်အဖြစ်ယနေ့ထိတိုင်အောင်မတူညီတဲ့ဘာသာစကားပေါင်း(၂၅၃၀)ကျော်ဘာသာပြန်ပြီးကြောင်း(wiki)နှင့်၊ဆက်လက်ဘာသာပြန်နေဆဲဖြစ်ကြောင်းအံ့ဩဖွယ်တွေ့မြင်ရပါတယ်။
(မူရင်းဟေဘရူး၊ဂရိ၊အာရမစ်ဘာသာစကားမှအခြားဘာသာစကားသို့)
၃။သမ္မာကျမ်းစာဆိုတာကမ္ဘာ့ရှေးအကျဆုံးစာအုပ်ဖြစ်သလို၊နှစ်ပေါင်း၃၅၀၀ကျော်ရှိခဲ့ပြီး၊ယနေ့ထိဖတ်လိုက်ရင်အဓိပ္ပာယ်ရှိအသုံးဝင်(ခေတ်ကိုက်)နေတာအံ့ဩဖွယ်မြင်တွေ့ရပါတယ်။
(၆၆အုပ်ရေးပြီးချိန်မတူ၊ အစောဆုံးရေးခဲ့တဲ့ကျမ်းစာကိုတွက်ချက်)
၄။သမ္မာကျမ်းစာဆိုတာသမိုင်းတလျှောက်စရေးတဲ့အချိန်နဲ့စာအုပ်အဖြစ်ပေါင်းချုပ်လိုက်တဲ့အချိန်ထိကြားမှာနှစ်ပေါင်း ထောင်ချီကြာခဲ့ပေမဲ့၊၆၆အုပ်ထဲအကြောင်းအရာတွေဟာတခုနဲ့တခုဆက်စက်နေတာအံ့ဩဖွယ်မြင်တွေ့ရပါတယ်။
(၆၆အုပ်စာရေးချိန်ရှေ့နောက်နှစ်ပေါင်း1500 ကွာခြား)
၅။သမ္မာကျမ်းစာဆိုတာစာရေးသူအများဆုံးအဖြစ်မှတ်တမ်းတင်ခံရတဲ့ပြီး၊မတူသောစာရေးသူ/ခေတ်/ဝန်းကျင်မှာတူညီတဲ့အကြောင်းအရာတခုကိုရေးဖွဲ့ခဲ့ကြတာအံ့ဩဖွယ်တွေ့မြင်ရပါတယ်။
(ရှင်ဘုရင်၊အမတ်ကြီး၊သိုးထိန်း၊ပရောဖတ်၊ထောင်သား၊ဆရာဝန်၊ကဗျာဆရာ၊စာရေးဆရာ၊အရာရှိ၊ရိုးရိုးသာမန်လူ၊လယ်သမား၊အလုပ်သမား၊စည်ပင်၊တံငါ၊ဖာရိရှဲ….စသဖြင့်စာရေးသူ၄၀ကျော်။)
၆။သမ္မာကျမ်းစာဆိုတာကြိုတင်ဟောထားချက်အများဆုံးစာအုပ်ဖြစ်ပါတယ်၊စာအုပ်စရေးတဲ့အချိန်နှစ်ပေါင်း(၃၅၀၀)ကျော်ကစခုထိကြိုဟောချက်ပေါင်းတစ်ထောင်ကျော်လက်တွေ့ဖြစ်ပျက်ခဲ့ပြီး၊ကျန်သုံးပုံတစ်ပုံကြိုဟောချက်တွေကတော့လက်ရှိဖြစ်ပျက်နေသလို၊ဖြစ်လာမဲ့အရာတွေဘဲဖြစ်နေကြောင်း အံ့ဩဖွယ်တွေ့ရပါတယ်။
၇။သမ္မာကျမ်းစာဆိုတာပညာရပ်အစုံလင်ဆုံးစာအုပ်ဖြစ်ပါတယ်။သမိုင်း၊သီချင်း၊ကဗျာ၊ပုံပြင်၊ဗျာဒိတ်၊ဆိုရိုးစကား၊သာဓက၊ပညတ်၊ယဉ်ကျေးမှု၊ပြဇာတ်၊ဓဿနိက၊သီအော်လော်ဂျီ၊ဆေးပညာ၊သိပ္ပံပညာ၊ဘူမီ၊စစ်ရေး၊အချစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊ပထဝီ၊လူ့အခွင့်အရေး၊သန့်ရှင်းရေး၊ကိုယ်ကျင့်တရား၊စိတ်ပညာ…အမျိုးမျိုးပါဝင်နေပြီးအဓိကအနေနဲ့ကယ်တင်ခြင်းတခုတည်းကိုဦးတည်နေတာအံ့ဩဖွယ်တွေ့ရပါတယ်။
၈။သမ္မာကျမ်းစာဆိုတာနိုင်ငံတချို့မှာသမ္မတကအစ၊တာဝန်ထမ်းဆောင်ဖို့သမ္မာကျမ်းစာပေါ်လက်တင်ပြီးကျမ်းကျိန်ရပါတယ်၊လပေါ်ပထမဆုံးရောက်သွားသူကလဲလပေါ်မှာသမ္မာကျမ်းစာကိုဖတ်ခဲ့သလို၊ကုလသမဂ္ဂစည်းဝေးဆောင်ကြီးမှာလည်းသမ္မာကျမ်းစာကိုအုပ်မြစ်နေရာမှာမြုပ်ပြီးတည်ဆောက်ခဲ့ပြီး၊ဟေရှာယအနာဂတ္တိကျမ်း၂:၄ ကိုလည်းနံံယံမှာရိုက်ကပ်ထားတာ အံ့ဩဖွယ်တွေ့ရပါတယ်။
၉။သမ္မာကျမ်းစာဆိုတာသမိုင်းတစ်လျှောက်တိုက်ခိုက်ခံရမှုအများဆုံး၊ဖျက်ဆီးခံရမှုအများဆုံးစာအုပ်ဖြစ်ပြီး၊ခုထိမားမားရပ်တည်နေနိုင်တဲ့တစ်အုပ်တည်းသော အံ့ဩဖွယ်စာအုပ်ပါ။
၁၀။သမ္မာကျမ်းစာဆိုတာ ပညာမတတ်တဲ့ အဘွားအိုတွေ တောင်နားလည်နိုင်ကြပြီး၊ တချို့ပညာရှိကြီးတွေခုထိ နားမလည်နိုင်တဲ့ အံ့ဩဖွယ်စာအုပ်ပါ။
၁၁။သမ္မာကျမ်းစာဆိုတာလူဘယ်ကလာပြီး၊သေရင်ဘယ်သွားမယ်ဆိုတဲ့အရာကို အဖြေပေးလမ်းညွန်ထားတဲ့ တအုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၂။သမ္မာကျမ်းစာဆိုတာပညာရှိသူဖြစ်ပါစေ၊ပညာမရှိသူဖြစ်ပါစေ၊ယုံကြည်ခြင်းနဲ့အစပြုဖတ်ရှုမှသာနားလည်နိုင်မဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၃။သမ္မာကျမ်းစာဆိုတာဖတ်ပြီးယုံကြည်တဲ့သူတိုင်းဒီယုံကြည်ချက်အတွက်ကျေနပ်ပြုံးရွှင်စွာအသက်ပေးကာကွယ်ရဲသူအများဆုံးဖြစ်တဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၄။သမ္မာကျမ်းစာဆိုတာဘုရားသခင်မှလူတွေကိုစကားပြောခြင်းအများဆုံးဖြစ်တဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၅။သမ္မာကျမ်းစာဆိုတာဘယ်နိုင်ငံမဆိုရှိနေပြီး၊ဖတ်ရှုသူအများဆုံးဖြစ်တဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
၁၆။သမ္မာကျမ်းစာဆိုတာ ထာဝရအသက်ဘယ်လိုလုပ်ပြီးရနိုင်ကြောင်းလမ်းညွန်ပေးတဲ့တစ်အုပ်တည်းသောအံ့ဩဖွယ်စာအုပ်ပါ။
နိဂုံး
ချစ်သောမိတ်ဆွေ
ရှင်ယောဟန်ခရစ်ဝင် ၅:၃၉ ထဲမှာကျမ်းစာအားဖြင့်ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့်သင်တို့သည်ကျမ်းစာကိုစေ့စေ့ကြည့်ရှုကြ၏။ထိုကျမ်းစာပင်ငါ(ယေရှု)၏သက်သေဖြစ်၏။ဒီလောက်အံ့ဩဖွယ်တွေပြည့်နေတဲ့ကျမ်းစာကိုသင်ဖတ်ဖို့ဘာလို့ပြင်းနေရပါ
သနည်း၊သို့မဟုတ်ကျမ်းစာမရှိသေးဘူးဆိုရင်အမြန်ဆုံးဝယ်ဖတ်ကြည့်ပါလို့တိုက်သွန်းပါရစေ။