• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားသခင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံ

ဆရာရဲမင်း

11 月 14, 2024

ဘုရားသခင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံ

ဘုရားသခင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံမတူဘူးလို့တချို့တရားဟောဆရာတွေအနက်ပြန်သွန်သင်နေတာတွေ့မိပါတယ်။အမှန်တော့အတူတူပါဘဲ။ယေရှုခရစ်ကိုယ်တိုင်ဘုရားသခင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံအတူတူဖြစ်ကြောင်း(မဿဲ၁၉:၂၃နဲ့၂၄)ထဲကတနေရာထဲမှာဒီနှစ်ခုလုံးကိုသုံးခဲ့ပါတယ်။
ပိုမိုရှင်းလင်းစေတာကရှင်မဿဲမှာဖော်ပြခဲ့တဲ့“ကောင်းကင်နိုင်ငံ”စကားလုံးကိုရှင်မာကုနဲ့ရှင်လုကာတွေမှာ“ဘုရားသခင်နိုင်ငံ”လို့သုံးထားတာတွေ့ရတာကြောင့်အတူတူဘဲလို့ပြောနိုင်တာဖြစ်ပါတယ်။ကျမ်းချက်နိုင်းယှဥ်မှု၇ခုကိုချပြ‌ပေးလိုက်ပါတယ်။

၁။ရှင်မဿဲ၁၁:၁၁-၁၂မှာငါ​အ​မှန်​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ တစ်​ယောက်​မျှ မ​ပေါ်​မ​ထွန်း​သေး။ သို့​သော်​လည်း ကောင်း​ကင်​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍ ကြီး​မြတ်၏။
ရှင်လုကာ၇:၂၈ငါ​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော ပ​ရော​ဖက် တစ်​ယောက်​မျှ​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍​ကြီး​မြတ်၏။

၂။ရှင်မဿဲ၁၃:၁၁ကိုယ်​တော်​က၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်၏ နက်​နဲ​သော အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ထို​သူ​တို့​မူ​ကား အ​ခွင့်မရှိကြ။
မာကု၄:၁၁ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။
ရှင်လုကာ၈:၁၀ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။

၃။ရှင်မဿဲ၁၃:၂၄အ​ခြား​သော ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​သော​သူ​နှင့် တူ၏။
ရှင်မာကု၄:၂၆-၂၇ထို​မှ​တစ်​ပါး လူ​သည် လယ်၌ မျိုး​စေ့​ကြဲ​ပြီး​မှ နောက်​တစ်​ဖန် မိ​မိ​မ​ကြည့်​မ​မှတ်၊- ည၊ နေ့၊ အိပ်​လျက် ၊ နိုး​လျက်​နေ​သော်​လည်း အ​ပင်​ပေါက်၍ ကြီး​ပွား​သည်​နှင့် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် တူ၏။

၄။ရှင်မဿဲ၁၃:၃၁အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။
မာကု၄:၃၀ထို​မှ​တစ်​ပါး ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။ အ​ဘယ်​ဥ​ပ​မာ​နှင့် ခိုင်း​နှိုင်း​ရ​အံ့​နည်း​ဟူ​မူ​ကား၊- မုန်​ညင်း​စေ့​နှင့် တူ၏။
ရှင်လုကာ၁၃:၁၈တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​ဘယ်​အ​ရာ​နှင့် တူ​သ​နည်း။ အ​ဘယ်​သို့ ပုံ​ပြ​ရ​အံ့​နည်း။- လူ​သည် ယူ၍ ဥ​ယျာဉ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။

၅။ရှင်မဿဲ၁၃:၃၃အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ၏။ မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌​ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။
ရှင်လုကာ၁၃:၂၀တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​ဘယ်​သို့​ပုံ​ပြ​ရ​အံ့​နည်း။- မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌ ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သော တ​ဆေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။

၆။ရှင်မဿဲ၁၈:၃ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။
ရှင်မာကု၁၀:၁၄ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊
ရှင်လုကာ၁၈:၁၇ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့ မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု မိန့်​တော်​မူ၏။

၇။ရှင်မဿဲ၈:၁၁ငါ​ဆို​ပြန်​သည်​ကား၊ လူ​များ​တို့​သည်၊ အ​ရှေ့​အ​ရပ်၊ အ​နောက်​အ​ရပ်​မှ​လာ၍၊ ကောင်း​ကင်​နိုင်​ငံ​တော်၌ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​တ​ကွ လျောင်း​ရ​ကြ​လ​တ္တံ့၊
ရှင်လုကာ၁၃:၂၉ထို​အ​ခါ အ​ရှေ့​အ​နောက် တောင်​မြောက်​အ​ရပ် လေး​မျက်​နှာ​က​လာ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ထဲ​တွင် လျောင်း​ရ​ကြ​လ​တ္တံ့။

အထက်ပါနိုင်းယှဉ်မှုအားဖြင့်သိနိုင်တာကဘုရားသခင်နိုင်ငံနဲ့ကောင်းကင်နိုင်ငံဟာအတူတူဖြစ်ကြောင်းပါ။