• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းရင်း(၁၀)ချက်

ဆရာရဲမင်း

11 月 14, 2024

ကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းရင်း(၁၀)ချက်

နိဒါန်း
တစ်လုပ်စားဖူးသူ့ကျေးဇူးဆိုပြီးလူလူချင်းကျေးဇူးတုန့်ပြန်သောအနေနဲ့ပြုလုပ်တာကိုကျေးဇူးဆပ်ခြင်းလို့ခေါ်ပါတယ်။ဘုရားသခင်ပြုပေးခဲ့တာတွေကိုပြန်လည်ရေတွက်ပြီးချီးမွမ်းခြင်းယဇ်ပူဇော်တာကတော့ယုံကြည်သူတွေရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းဘဲဖြစ်ပါတယ်။သမ္မာကျမ်းစာမှာကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းရင်းနဲ့ပတ်သက်ပြီးအများအပြားဖော်ပြထားတဲ့အထဲကနေအဓိကအချက်(၁၀)ချက်ကိုအတူတကွခွန်အားယူကြပါမယ်။

၁။အပြစ်ရဲ့ကျေးကျွန်မှလွတ်မြောက်ပြီးဖြောင့်မတ်သူဖြစ်ခွင့်ရလို့ပါ။
ရောမ၆:၁၇-၁၈သင်​တို့​သည် အ​ပြစ်​တ​ရား၏ ကျွန်​ဖြစ်​ဖူး​သော်​လည်း၊ ယ​ခု​တွင်​ခံ​ခဲ့​ပြီး​သော ဩ​ဝါ​ဒ​နည်း​ဥ​ပ​ဒေ​သ​စ​ကား​ကို စေ​တ​နာ​စိတ်​နှင့် နား​ထောင်​ကြ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။- သင်​တို့​သည် အ​ပြစ်​တ​ရား၏​လက်​မှ လွတ်​ကြ​ပြီ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏ ကျွန်​ဖြစ်​ကြ၏။

၂။ခရစ်တော်အားဖြင့်ဇာတိသဘောကိုအမြဲအောင်နိုင်ပြီးအသက်တာသန့်ရှင်းနိုင်ခဲ့လို့။
ရောမ၇:၂၅ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။ ထို​သို့ စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ပြစ်​တ​ရား​အ​လို​သို့​လည်း​ကောင်း၊ ငါ​လိုက်​တတ်၏။

၃။ခရစ်တော်အားဖြင့်သေခြင်းကိုအောင်မြင်ခွင့်ရလို့ပါ။
၁ကော၁၅:၅၆-၅၇သေ​မင်း၏​လက်​နက်​ကား၊ ဒု​စ​ရိုက်​အ​ပြစ်​ပေ​တည်း။ ဒု​စ​ရိုက်​အ​ပြစ်၏ တန်​ခိုး​ကား၊ ပ​ညတ်​တ​ရား ပေ​တည်း။ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား အောင်​ခြင်း​အ​ခွင့်​ကို ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြီး​လှ​စွ​တ​ကား။

၄။အသက်တာမှာလက်တွေ့သက်သေရလို့ပါ။
ယောဘဝတ္တု၄၂:၅သ​တင်း​တော်​ကို အ​ကျွန်ုပ်​သည်​နား​နှင့် ကြား​ဖူး​ပါ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ကို မျက်​စိ​နှင့် မြင်​ရ​ပါ၏။

၅။ထာဝရကောင်းကင်နိုင်ငံတော်ကို‌ ရထားလို့ပါ။
ဟေဗြဲ၁၂:၂၈ထို​ကြောင့်၊ ငါ​တို့​သည် မ​လှုပ်​နိုင်​သော​နိုင်​ငံ​ကို ရ​သည်​ဖြစ်၍၊ ခန့်​ညား​ကြောက်​ရွံ့​သော​သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို လျောက်​ပတ်​စွာ ဝတ်​ပြု​နိုင်​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကို စွဲ​လမ်း​ကြ​ကုန်​အံ့။

၆။အနာရောဂါမှသက်သာအောင်ကုသပေးလို့ပါ။
ဆာလံ၁၀၃း၂-၄ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊သင်၏​အ​နာ​ရော​ဂါ​
ရှိ​သ​မျှ​တို့​ကို​လည်းပျောက်​စေ​တော်​မူ၏။သင်၏​အ​သက်​ကိုဖျက်​ဆီး​ခြင်း​ထဲ​က​ရွေး၍ကျေး​ဇူး​တော်၊က​ရု​ဏာ​တော်​များ​နှင့်သင်၏​ခေါင်း​ကို ပတ်​ရစ်​တော်​မူ၏။ 11-12မြေ​ကြီး​ပေါ်​တွင် ကောင်း​ကင်​အ​မြင့်​ရှိ​သည် အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သူ​တို့၌ က​ရု​ဏာ​တော်​သည် အား​ကြီး​ပေ၏။ အ​ရှေ့​မျက်​နှာ​စွန်း​သည် အ​နောက်​မျက်​နှာ​စွန်း​နှင့် ဝေး​သည်​အ​တိုင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ငါ​တို့​နှင့် ဝေး​စေ​တော်​မူ၏။ ‘

၇။ဘုရားသခင်နှစ်သက်တဲ့အလိုတော်ယဇ်မို့ပါ။
ဆာလံ ၅၀:၁၃-၁၅နွားသားကို ငါစားမည်လော။ ဆိတ်သွေးကို ငါသောက်မည်လော။ ကျေးဇူးချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ သစ္စာကတိထားသည်အတိုင်း၊ အမြင့်ဆုံးသောအရာ၌ သစ္စာဝတ်ကိုဖြေလော့။ အမှုရောက်သည်ကာလ၌ ငါ့ကိုပတ္ထနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်ဟု မိန့်တော်မူ၏
၁သက် ၅:၁၈အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှာ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။

၈။အခြေနေတိုင်းပေါ်ရောင့်ရဲတင်းတိမ်နိုင်စေလို့ပါ။
ဆာလံ၁၀၃း၂-၄ကျေး​ဇူး​တော်​အ​ပေါင်း​ကိုမ​မေ့​လျော့​နှင့်။ သင့်​ကို​ အ​သက်​ကြီး​စဉ်၊ ကောင်း​သော​အ​ရာ​ နှင့် ရောင့်​ရဲ​စေ​တော်​မူ​သ​ဖြင့်၊သင်၏​အ​ရွယ်​သည်ရွှေ​လင်းတ၏​အ​ရွယ်​ကဲ့​သို့ ပြု​ပြင်​ခြင်း​ရှိ၏။
ဖိလိပ္ပိဩဝါဒစာ ၄:၁၁-၁၂ထိုသို့ငါဆိုသော်၊ ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည်မဟုတ်။ အကြောင်းမူကား၊ ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။- ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း၊ ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ၊ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။

၉။ဘုရားဘုန်းထင်ရှားပြီးပုံသက်သေဖြစ်စေလို့ပါ။
ဆာ လံ ကျမ်း။ 50:22-23ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။ ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ငါ၏​ဘုန်း​ကို ထင်​ရှား​စေ​သော​သူ​ဖြစ်၏။ မိ​မိ​သွား​သော​လမ်း​ကို ဆင်​ခြင်​သော​သူ​အား​လည်း၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​ပြ​မည်​ဟု ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။’

၁၀။ပြောလို့မကုန်နိုင်တဲ့ဆုကျေးဇူးရှိနေလို့ပါ။
၂ကော၉:၁၅ပြော၍​မ​ကုန်​နိုင်​သော ဘု​ရား​သ​ခင်၏ ဆု​ကျေး​ဇူး​တော်​ကို အောက်​မေ့၍ ချီး​မွမ်း​ခြင်း​ရှိ​စေ​သ​တည်း။