• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နှစ်သစ်သန္နိဌာန်(၄)ချက်

ဆရာရဲမင်း

11 月 14, 2024

နှစ်သစ်သန္နိဌာန်(၄)ချက်

နိဒါန်း
နှစ်သစ်မှာဆာလံ၁ထဲက“မ”သုံးမျိုး ဖြစ်တဲ့ မလိုက်၊မရပ်၊မထိုင်နဲ့၊လုပ်ရမည့်အရာတခုကိုအတူတကွဆုံးဖြတ်ချက်ချပြီးအစပြုရအောင်ပါ။

၁။မ​တ​ရား​သော​သူ​တို့​၏တိုက်​တွန်း​ခြင်း​သို့​မ​လိုက်(ဆာလံ၁:၁)
ဤနှစ်သစ်မှစ မတရားသောသူ(မှန်သမျှ)တို့၏တိုက်တွန်းသွေးဆောင်ခြင်းမှရှောင်ပါမည်၊ကင်းအောင်နေပါမည်။ကိုယ်တော်ဘုရားကူညီမ စတော်မူပါ၊အားနည်း၍မတရားသောသူရဲ့တိုက်တွန်းခြင်းထဲရောက်မိပါကကျွန်ုပ်ကိုဆွဲခေါ်တော်မူပါ။

၂။လူ​ဆိုး​တို့၏လမ်း​တွင်​မ​ရပ်​မ​နေ(ဆာလံ၁:၂)
ဤနှစ်သစ်မှစ လူဆိုးတို့သွားလာတတ်သောနေအိမ်၊လမ်းအဝင်အထွက်မှစ၊ရောက်တတ်သည့်နေရာတိုင်းတွင်ပါဝင်ရပ်တည်နေမည်မဟုတ်ပါ။ကိုယ်တော်ဘုရားကူညီမ စတော်မူပါ၊အားနည်း၍လူဆိုးရဲ့ နေရာထဲသွားရောက်ရပ်နေမိပါကကျွန်ုပ်ကိုဆွဲခေါ်တော်မူပါ။

၃။မ​ထီ​မဲ့​မြင်​ပြု​သောသူ​တို့၏အ​စည်း​အ​ဝေး​၌​မ​ထိုင်(ဆာလံ၁:၂ခ)
ဤနှစ်သစ်မှစ ဘုရားသခင်ကိုမထီမဲ့မြင်ပြုတတ်သောလူတွေရဲ့အစည်းအဝေး၌လုံးဝ(လုံးဝ)တက်ရောက်မည်မဟုတ်ပါ။ကိုယ်တော်ဘုရားကူညီမ စတော်မူပါ၊အကယ်၍အားနည်းပြီးမထီမဲ့မြင်ပြုတတ်‌ သောသူတို့ရဲ့အစည်းအ‌ ဝေးထဲပါဝင်မိပါကကျွန်ုပ်ကိုဆွဲခေါ်တော်မူပါ။

၄။ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​၌မွေ့​လျော်​၍၊ တ​ရား​တော်​ကို နေ့​ည​မ​ပြတ်​ဆင်​ခြင်​အောက်​မေ့ပါမည်။(ဆာလံ၁:၂)
တရားတော်ဆိုတဲ့နူတ်ကပတ်သမ္မာကျမ်းစာရဲ့သွန်သင်ချက်ကိုအချိန်ရှိတိုင်းခံယူတည်ဆောက်သွားပါမည်။ကိုယ်တော်ဘုရားကူညီမ စတော်မူပါ၊အကယ်၍အားနည်းပြီးတရားတော်နဲ့ဝေးခဲ့မိပါကကျွန်ုပ်ကိုဆွဲခေါ်တော်မူပါ။

နိဂုံး
ဤကဲ့သို့ဆုံးဖြတ်ခြင်းကြောင့်
နှစ်သစ်မှာကျွန်ုပ်သည်မင်္ဂလာရှိသောသူဖြစ်ပါသည်။အာမင်။
နှစ်သစ်မှာကျွန်ုပ်သည်ပြု‌လေသမျှ၌အောင်မြင်ခြင်းရရှိသောသူဖြစ်ပါသည်။အာမင်။

ဆာလံ၁:၂-၃တ​ရား​တော်​ကို နေ့​ည​မ​ပြတ်​ဆင်​ခြင်​အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မြစ်​နား​မှာ​စိုက်​လျက် မိ​မိ​အ​ချိန်​တန်​မှ အ​သီး​ကို​သီး​၍၊ အ​ရွက်​မ​ညှိုး​နွမ်း​တတ်​သော အ​ပင်​နှင့်​တူ၏။ ပြု​လေ​သ​မျှ​တို့​၌ အောင်​လိမ့်​သ​တည်း။