• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခွင့်မလွတ်ခြင်းရဲ့ဆိုးကျိုး(၄)မျိုး

ဆရာရဲမင်း

11 月 19, 2024

ခွင့်မလွတ်ခြင်းရဲ့ဆိုးကျိုး(၄)မျိုး

သူများကိုခွင့်မလွတ်ရင်
၁။ဘုရားရဲ့ခွင့်လွတ်ခြင်းကိုလည်းသင်မရဘူး။
မဿဲ၆:၁၄-၁၅သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။- သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို မလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။

သူများကိုခွင့်မလွတ်ဘဲဆု‌တောင်းရင်
၂။သင့်ဆုတောင်းသံကိုလဲဘုရားနားမထောင်ဘူး။
မာကု၁၁:၂၅ သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။

သူများကိုခွင့်မလွတ်ဘဲဝတ်ပြုနေရင်
၃။သင့်ဝတ်ပြုခြင်းယဇ်ကိုလဲဘုရားလက်မခံဘူး။
မဿဲ၅:၂၃-၂၄ သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍ သွားလော့။- ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သကာကို တင်လော့။(ကိုယ်ကသူများကိုပြစ်မှားထားတာရှိရင်လဲအရင်တောင်းပန်ပြီးမှဘုရားဝတ်ပြုပါ၊သူများကိုယ့်ကိုပြစ်မှားထားရင်လဲအရင်ခွင့်လွတ်ပြီးဘုရားဝတ်ပြုပါ)။

သူများကိုခွင့်မလွတ်ရင်
၄။ဝိညာဉ်တော်ဘုရားကိုစိတ်နာနေစေလိမ့်မယ်
ဧဖက်၄:၃၀-၃၁ရွေးနုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။……အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။