• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နှစ်သစ်မှာရေတွက်အစပြုခြင်း

ဆရာရဲမင်း

11 月 19, 2024

နှစ်သစ်မှာရေတွက်အစပြုခြင်း

၁။ကျေးဇူးတော်ရေတွက်ချီးမွမ်းပါ။
ဆာလံ၁၀၃:၂-၅ အို ငါ့​ဝိ​ညာဉ်၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​လော့။ ကျေး​ဇူး​တော်​အ​ပေါင်း​ကို မ​မေ့​လျော့​နှင့်။ သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊ သင်၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​စေ​တော်​မူ၏။ သင်၏​အ​သက်​ကို ဖျက်​ဆီး​ခြင်း​ထဲ​က​ရွေး၍ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​များ​နှင့် သင်၏​ခေါင်း​ကို ပတ်​ရစ်​တော်​မူ၏။ သင့်​ကို​အ​သက်​ကြီး​စဉ်၊ ကောင်း​သော​အ​ရာ​နှင့် ရောင့်​ရဲ​စေ​တော်​မူ​သ​ဖြင့်၊ သင်၏​အ​ရွယ်​သည် ရွှေ​လင်း​တ၏​အ​ရွယ်​ကဲ့​သို့ ပြု​ပြင်​ခြင်း​ရှိ၏။

၂။ကိုယ်မှားခဲ့တဲ့အပြစ်များကိုရေတွက်ဝန်ချပါ။
၁ယော၁:၉ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။

၃။ကိုယ့်ကိုပြစ်မှားခဲ့သူကိုရေတွက်ခွင့်လွတ်ပါ။
မဿဲ၆:၁၄-၁၅ သင်​တို့​သည် သူ​တစ်​ပါး​တို့၏ အ​ပြစ်​ကို​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- သင်​တို့​သည် သူ​တစ်​ပါး​တို့၏​အ​ပြစ်​ကို မ​လွှတ်​လျှင်၊ သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မ​မူ။

၄။အသက်တာကိုပြန်လည်အသစ်ပြုပြင်ပါ။
၂ကော၅:၁၇ လူ​မည်​သည်​ကား၊ ခ​ရစ်​တော်၌​ရှိ​လျှင် အ​သစ်​ပြု​ပြင်​သော​သ​တ္တ​ဝါ ဖြစ်၏။ ဟောင်း​သော​အ​ရာ​တို့​သည် ပြောင်း​လဲ၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​ပြီ။

၅။ကိုယ့်နေ့ရက်ကိုရေတွက်သတိပြုပါ။
ဆာလံ၉၀:၁၂ အ​ကျွန်ုပ်​တို့​သည် ပ​ညာ​တ​ရား​ကို နှ​လုံး​သွင်း​မိ​မည်​အ​ကြောင်း၊ ကိုယ်​နေ့​ရက်​ကာ​လ​ကို ရေ​တွက်​နိုင်​စေ​ခြင်း​ငှာ သွန်​သင်​တော်​မူ​ပါ။

၆။ဘုရားလူဆီဆုဆောင်းခံကောင်းချီးယူပါ။
ကမ္ဘာ၃၂:၂၆-၂၇ ထို​သူ​က​လည်း၊ ငါ့​ကို​လွှတ်​ပါ၊ မိုး​လင်း​ဆဲ​ရှိ​ပြီ​ဟု​ဆို​လျှင်၊ ယာ​ကုပ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ကောင်း​ချီး​မ​ပေး​လျှင်၊ မ​သွား​ရ​ဟု​ဆို၏။ ထို​သူ​က​လည်း၊ သင်၏​အ​မည်​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ ယာ​ကုပ်​ဖြစ်​ပါ​သည်​ဟု ပြန်​ဆို၏။ …ထို​အ​ရပ်၌ ကောင်း​ချီး​ပေး​တော်​မူ၏။

၇။နှစ်သစ်အတွက်‌ပေးလှူပြီးမျိုးစေ့ချပါ။
၂ကော၉:၆-၉အ​နည်း​ငယ်​သော​မျိုး​စေ့​ကို ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​သာ​ရိတ်​ရ​မည်။ များ​စွာ​ကြဲ​သော​သူ​သည် များ​စွာ​ရိတ်​ရ​မည်​ဟု မှတ်​ကြ​လော့။လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။- ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။

သင့်အတွက်ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံတဲ့နှစ်သစ်ဖြစ်ပါစေ။အာမင်။