သမ္မာကျမ်းစာထဲကနှစ်သစ်
သမ္မာကျမ်းစာထဲမှာနှစ်သစ်(နှစ်ဆန်းတစ်ရက်နေ့)နဲ့ပတ်သက်ပြီး၄နေရာဖော်ပြထားတာလေ့လာတွေ့ရှိရပါတယ်။တခုချင်းလေ့လာရင်းသင်ခန်းစာယူကြရအောင်ပါ။
၁။နောဧသင်္ဘောရေကျခြင်း
ကမ္ဘာ၈:၁၃ နောဧအသက်ခြောက်ရာ့တစ်နှစ်ပြည့်သောနှစ်၊ ပထမလ၊ တစ်ရက်နေ့တွင် မြေကြီးပေါ်မှာ ရေခန်းခြောက်လေ၏။ နောဧသည် သင်္ဘောအမိုးကိုဖယ်ရှား၍ ကြည့်ရှုသောအခါ မြေပြင်သည် ခြောက်လျက်ရှိသည်ကို မြင်လေ၏။(MSBU)
နှစ်သစ်ဆိုတာအသစ်တကြိမ်ပြန်အစပြုဖို့ဘုရားပေးတဲ့ကျေးဇူးတော်အခွင့်အရေးပါ။
၂။တဲတော်တည်ဆောက်ခြင်း
ထွက်၄၀:၁-၂တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ သင်သည် ပထမလ၊ ပထမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကိုဆောက်ရမည်။
နှစ်သစ်မှာဘုရားသခင်နဲ့သီးသန့်အချိန်ယူဖို့တည်ဆောက်သွားပါ။ဘုရားနဲ့အမြဲမိသဟာယရှိနေဖို့၊ကိုးကွယ်တဲ့အသက်တာရှိနေဖို့ဖြစ်ရပါမယ်။
၃။ဟေဇကိမင်းဗိမာန်တော်ကိုသန့်ရှင်းခြင်း
၂ရာဇဝင်ချုပ်၂၉:၁၇ ပထမလတစ်ရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက်နေ့တွင် ဗိမာန်တော်ဦးသို့ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး၊ ဗိမာန်တော်ကိုသန့်ရှင်းစေ၍ ပထမလ တစ်ဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။
နှစ်သစ်မှာကျွန်တော်တို့တတွေရဲ့နှလုံးသားဗိမာန်တော်ကိုသန့်ရှင်းစင်ကြယ်စေပြီး၊တနှစ်လုံးဘုရားကောင်းချီးခံယူရအောင်ပါ။
၄။ဧဇရမှဂျေရုစလင်သို့သွားခြင်း
ဧဇရမှတ်စာ၇:၉ ပထမလ တစ်ရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍၊ ပဥ္စမလ တစ်ရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုးကျေးဇူးတော်ကြောင့်၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။ အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်၏။
နှစ်သစ်မှာဧဇရလို နောင်တရဝန်ချပြီး၊ဘုရားသခင်ရဲ့စကားတော်တွေကိုကိုယ်တိုင်ခံယူသည်သာမက၊အခြားသူတွေကိုပါပြန်လည်ဝေမျှပေးတတ်ဖို့လိုပါတယ်။