• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

တပည့်တော်စစ်လက္ခဏာ(၅)မျိုး

ဆရာရဲမင်း

11 月 20, 2024

တပည့်တော်စစ်လက္ခဏာ(၅)မျိုး

နိဒါန်း
သမ္မာကျမ်းစာထဲမှာယေရှုခရစ်တော်ရဲ့ နောက်လိုက်တပည့်တော်တွေအများကြီးရှိခဲ့ပါတယ်။ဒီထဲမှာအတုနဲ့အစစ်အများကြီးရောနှောနေတာလဲတွေ့ရမှာပါ။ဒါကြောင့်ခရစ်တော်ရဲ့တပည့်တော်စစ်တွေရဲ့အမှတ်လက္ခာဏာ(၅)မျိုးကိုကျမ်းစာအရဖော်ပြပါမယ်။

၁။အချင်းချင်းချစ်ခြင်း
‭ရှင်ယောဟန်၁၃:၃၅သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

၂။ပုံသက်သေရှိခြင်း
‭ရှင်ယောဟန်၁၅:၈သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့် မှန်ကြလိမ့်မည်။
(‭ဂလာတိ 5:22-23 ဝိညာဉ်(အသီး)ပ​က​တိ၏​အ​ကျိုး​မူ​ကား၊ ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ ကောင်း​မြတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊နူး​ညံ့​သိမ်​မွေ့​ခြင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ပေ​တည်း။ ထို​သို့​သော​အ​ကျင့်​ကို အ​ဘယ်​တ​ရား​မျှ မ​မြစ်​တား။)

၃။မိမိလက်ဝါးကပ်တိုင်ကိုထမ်းခြင်း
‭ရှင်မဿဲ၁၆:၂၄ ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။
(ကိုယ့်လက်ဝါးကပ်တိုင်=လူ ဟောင်းဇာတိ”ငါ”ဆိုတာကိုအမြဲရိုက်သတ်ပြီး၊ယေရှုခရစ်တော်၌အသစ်သောအသက်တာဖြင့်နာခံအသက်ရှင်ခြင်း။)
‭ဂလာတိ၅:၂၄-၂၅ ခ​ရစ်​တော်​နှင့်​စပ်​ဆိုင်​သော​သူ​တို့​သည် ဇာ​တိ​ပ​က​တိ​ကို​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​စိတ်​များ​နှင့် အ​လို​ဆ​န္ဒ​များ​ကို​လည်း​ကောင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ​ပြီ။သို့​ဖြစ်၍ ငါ​တို့​သည် ဝိ​ညာဉ်​ပ​က​တိ​ကြောင့် အ​သက်​ရှင်​လျှင်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​ကုန်​အံ့။
‭ဂလာတိ၂:၂၀ ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။

၄။‭အရာခပ်သိမ်းထက်ဘုရားကိုချစ်ခြင်း
‭ရှင်လုကာ၁၄:၂၆အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
သတိထားရမှာကယုံကြည်သူတိုင်းမိဘနဲ့အိမ်သူအိမ်သားကိုမုန်းရမယ်လို့မဆိုလိုပါ။ဘုရားကိုနံပတ်တစ်နေရာထားရမယ်၊ယုံကြည်ခြင်းနဲ့ပက်သက်လာရင်ဘုရားကိုဦးစားပေးပြီးဘုရားရဲ့အချစ်နဲ့မိဘကိုရိုသေပြီးချစ်ရမယ့်သဘောပါ။ဥပမာမိသားစုမှာကိုယ်တစ်ယောက်ထဲအရင်ယုံကြည်လာရင်ကျန်တဲ့အိမ်သားတွေကပြဿနာလာရှာတတ်ကြတယ်၊ဒါကိုသီးခံပေးဆပ်တတ်ဖို့သွန်သင်နေတာပါ၊မိဘကိုရိုသေဖို့ယုံကြည်ခြင်းကိုသစ္စာမ‌ဖောက်လိုက်နဲ့ပြောတာပါ။

၅။ခရစ်တော်စကားတိုင်းနာခံအသက်ရှင်ခြင်း
‭ရှင်ယောဟန်၈:၃၁-၃၂ ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည် ငါ၏​ဒေ​သ​နာ၌ တည်​လျှင် ငါ့​တ​ပည့်​အ​မှန်​ဖြစ်​ကြ၏။သ​မ္မာ​တ​ရား​ကို​လည်း သိ​ကြ​သ​ဖြင့်၊ ထို​တ​ရား​သည် သင်​တို့​ကို လွှတ်​လိမ့်​မည်​ဟု၊ ယုံ​ကြည်​သော ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။
‭ရှင်ယောဟန်၁၄:၁၅ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။

နိဂုံး
ယနေ့ယုံကြည်သူတိုင်းဟာခရစ်တော်နောက်လိုက်(တပည့်)တွေပါဘဲ။ပြဿနာကအတုနဲ့အစစ်ရောနှောနေကြပါတယ်။မိမိကိုယ်ကိုယုံကြည်သူတစ်ယောက်ဟုတ်တယ်ဆိုရင်ငါဟာခရစ်တော်တပည့်စစ်မစစ်ဒီအချက်(၅)ချက်နဲ့စစ်ဆေးပြီးအသက်ရှင်ဖို့လိုပါတယ်။
၁။ငါအချင်းချင်းချစ်နေလား?
၂။ငါပုံသက်သေရှိလား?
၃။ငါကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်းနေလား?
၄။‭အရာခပ်သိမ်းထက်ဘုရားကိုချစ်နေလား?
၅။ခရစ်တော်စကားတိုင်းနာခံအသက်ရှင်နေလား?
ဆင်ခြင်ကြပါစို့။
ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။