• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျမ်းစာထဲကဗာမာဆိုတာမြန်မာကဗမာလား?

ဆရာရဲမင်း

11 月 20, 2024

ကျမ်းစာထဲကဗာမာဆိုတာမြန်မာကဗမာလား?

‭ယေဇကျေလ၂၀:၂၉ ငါကလည်း၊ သင်တို့သွားတတ်သော မြင့်ရာအရပ်ကား၊ အဘယ်သို့နည်းဟု မေးသော်လည်း၊ ယနေ့တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာအမည်ဖြင့် သမုတ်ကြ၏။
သမ္မာကျမ်းစာထဲက ဗာမာ(Bamah)ဆိုတာ
ဟေဘရူးစကားလုံးבָּמָה(မူရင်းကုဒ် H1117)ရဲ့အသံထွက်ဖြစ်ပါတယ်။ဒီ နေရာမှာဟီဘရူးစကားလုံးအသွားအလာအရ”ဗာ”ဆိုတာတက်သွားခြင်းဖြစ်ပြီး၊”မာ”ဆိုတာဘာလဲလို့သက်‌ ရောက်ပါတယ်။အဓိပ္ပာယ်ကတော့မြင့်သောအရပ်မှာဘာသွားလုပ်လဲလို့သက်ရောက်ပါတယ်။ဣသရေလလူမျိုးရဲ့ဘိုး ဘေးတချို့တွေဟာမြင့်သောအရပ်မှာသွားပြီးရုပ်တုတည်ထားကိုးကွယ်တာမျိုးရှိခဲ့တာမို့နောက်လာနောက်သားတွေကိုဘုရားသခင်ကယေဇကျေလအားဖြင့်သတိပေးနေတာပါ။
မြန်မာနိုင်ငံထဲကဗမာဆိုတာ
ဗမာဆိုတာတိဘက်-ဗမာနွယ်(Tibeto-Burman) လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးမွန်ဂိုလွိုက်(Mongoloid race) ဖြစ်တယ်လို့ မြန်မာသမိုင်းပညာရှင် သမိုင်းပါမောက္ခဆရာကြီးဒေါက်တာသန်းထွန်း က မှတ်ချက်ပြုပါတယ်။တနည်းအားဖြင့်ဗမာဆိုတာလူမျိုးစုနဲ့ဘာသာစကားကိုဆိုလိုတာဖြစ်ပါတယ်။
ဒါကြောင့်
ကျမ်းစာထဲကဖော်ပြတဲ့ဗာမာဆိုတာမြင့်သောအရပ်ကိုဆိုလိုတာဖြစ်ပြီး၊မြန်မာပြည်ထဲကဗမာကတော့လူမျိုးဘာသာစကားကိုဆိုလိုတာဖြစ်တာမို့ဒီနှစ်ဟာစကားလုံးတူ‌ ညီနေပေမဲ့အရင်းအမြစ်နဲ့အဓိပ္ပာယ်လုံးဝမတူကြောင်းတင်ပြအပ်ပါတယ်။