ကုသလဆိုတာဘာလဲ?
ဆာလံ၁၀၃:၁၈ သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကိုကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
ကုသလဆိုတာကုသိုလ်ကိုဆိုလိုပါတယ်။
ကုသိုလ်ဆိုတာ ကောင်းမှုပါဘဲ။
ကုသိုလ်စကားလုံးရဲ့မူရင်းကပါဠိစကားလုံး ကုသလ ကနေဆင်းသက်လာတာ။
ကု=အဆိုးတရား
သလ=ဖယ်ရှားဖျက်ဆီးနိုင်သာသဘောတရား
ကုသလ=အဆိုးတရားကိုဖျက်ဆီးနိုင်တဲ့အရာ(ကုသိုလ်)၊တနည်းအားဖြင့် ကောင်းမှု။
ဒါကြောင့် ဆာလံ၁၀၃:၁၈ ကိုဒီလိုဖတ်ရမယ်
သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကိုကျင့်ခြင်းငှာ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် အဆိုးတရားကိုဖျက်ဆီးနိုင်သော(ကောင်းမှု)တရားတော်နှင့် ဆိုင်ရကြ၏။
မူရင်း ဟေဘရူး(ဟေဗြဲ)ကျမ်းစာမှာ တော့
ကုသိုလ်မဟုတ်ဘဲ၊ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းလို့သုံးပါတယ်။ဒါလည်းကုသိုလ်နဲ့တော့မဆန့်ကျင်နေပါဘူး။ဘုရားရဲ့ဖြောင့်မတ်ခြင်းဆိုတာသခင်ယေရှုခရစ်တော်အားဖြင့်လူသားတွေကိုပြုပေးခဲ့တဲ့ကောင်းမှု(ကုသိုလ်)ပါဘဲ။