မိန်းမကိုယောကျာ်းနံရိုးနဲ့ဖန်ဆင်းရခြင်းအနှစ်သာရ
ကမ္ဘာဦး၂:၂၂ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။
၁။ဘုရားသခင်ကယောကျာ်းရဲ့ခြေလက်နဲ့မိန်းမကိုဖန်ဆင်းထားတာမဟုတ်ပါဘူး၊ဒါကြောင့်ဘယ်လောက်ဘဲဒေါသထွက်နေပါစေ-သင့်မိန်းမကိုရိုက်ချင်သလိုရိုက်၊ကန်ချင်သလိုကန်ဖို့လုံးဝ(လုံးဝ)မဟုတ်ဘူးဆိုတာအမြဲသတိရပါ။မိန်းမဆိုတာရိုက်နက်ဖို့မဟုတ်ပါ။ချစ်ဖို့၊ကာကွယ်ပေးဖို့ဘုရားသင့်ကိုပေးထားတာပါ။
၂။ဘုရားသခင်ကယောကျာ်းရဲ့ဦးခေါင်းရိုးနဲ့မိန်းမကိုဖန်ဆင်းထားတာမဟုတ်ပါဘူး၊ဒါကြောင့်မိန်းမတွေလည်းကိုယ့်ယောကျာ်းခေါင်းပေါ်ထိတက်ထိုင်အုပ်ချုပ်နေတာမျိုးလုံးဝမလုပ်ရဘူးဆိုတာအမြဲသတိရပါ။ယောကျာ်းကိုထောက်ပံ့ကူညီပေးဖို့သင့်ကိုဖန်ဆင်းထားတာအမြဲသတိရပါ။
၃။ဘုရားသခင်ကယောကျာ်းရဲ့နံရိုးနဲ့မိန်းမကိုဖန်ဆင်းပေးခဲ့တာပါ။ဘာလို့နံရိုးနဲ့ဖန်ဆင်းထားတာလဲဆိုတော့
(က)နံရိုးဆိုတာကာကွယ်ရမဲ့အရာမို့မိန်းမတွေကိုယောကျာ်းလုပ်တဲ့သူကအနာတရမဖြစ်အောင်အမြဲကာကွယ်ပေးရမယ်ဆိုတာသတိပြုပါ။
(ခ)နံရိုးဆိုတာနှလုံးသားကိုဖုံးအုပ်ထားတာမို့ယောကျာ်းတွေရဲ့နှလုံးသားမထိခိုက်အောင်မိန်းမများလည်းအထူးဖုံးအုပ်ပေးတတ်ဖို့လိုပါတယ်။
(ဂ)နံရိုးဆိုတာကိုယ်နဲ့မခွာအတူရှိနေတာမို့၊ခရစ်ယာန်အိမ်ထောင်လင်မယားများဟာအမြဲလမ်းမခွဲဘဲအတူနေ(အတူနေ)ဖို့အင်မတန်အရေးကြီးကြောင်းနားလည်ထားရပါမယ်။
ဒါဟာနံရိုးနဲ့ဖန်ဆင်းရခြင်းရဲ့အနှစ်သာရပါဘဲ။
သတိပြုရမှာက
မိန်းမနဲ့ယောကျာ်းနံရိုးအရေအတွက်(၂၄ချောင်း)ချင်းအတူတူဘဲဖြစ်ပါတယ်။အာဒံရဲ့နံရိုးတစ်ချောင်ယူထုတ်လိုက်လို့သူမွေးလာတဲ့ယောကျာ်းတိုင်းနံရိုးတစ်ချောင်းလျော့နေရမယ်လို့မသက်ရောက်ပါ။ကျမ်းစာမှာလဲယောကျာ်းလေးတိုင်းဟာမိန်းမတွေထက်နံ့ရိုးတစ်ချောင်းလျော့နေတယ်လို့မဖော်ပြထားပါ။ဥပမာ-အဖေကမျက်လုံးကန်းနေသူမို့မွေးလာတဲ့သားသမီးတိုင်းမျက်လုံးကန်းနေရမယ်လို့မသက်ရောက်ပါ။
ဝိညာဉ်တော်အလင်းပေးပါစေ။
အာမင်။