• 周五. 4 月 17th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားရှေ့မှာအချည်းနှီးဖြစ်ခြင်း(၁၀)မျိုး

ဆရာရဲမင်း

11 月 20, 2024

ဘုရားရှေ့မှာအချည်းနှီးဖြစ်ခြင်း(၁၀)မျိုး

၁။ယုံကြည်ခြင်းရှိတယ်ပြောပြီးအကျင့်ပါမလာရင်ဘုရားရှေ့မှာအချည်းနှီးပါ။
(ရှင်ယာကုပ်၂:၂၆ ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။)
(ဧဖက်၂:၈-၁၀)

၂။ဗတ္တိဇံသာခံပြီးကယ်တင်ခြင်းမရခဲ့ရင်ဘုရားရှေ့မှာအချည်းနှီးပါ။
(ရှင်မာကု၁၆:၁၆ ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။)
(တမန်၁၆:၃၀-၃၁)

၃။ပညာတတ်ပြီးချစ်ခြင်း‌မေတ္တာမရှိခဲ့ရင်ဘုရားရှေ့မှာအချည်းနှီးပါ။
(၁ကော ၈:၁ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှသည် ပိုင်းခြားတတ်သော ဉာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဉာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။)

၄။ဆု‌ကျေးဇူးရှိပြီးအမှုတော်မြတ်မှာမပါဝင်မဆက်ကပ်ရင်ဘုရားရှေ့မှာအချည်းနှီးပါ။
(၁ပေ ၄:၁၀သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့။)

၅။ဆု‌တောင်းပြီးပေမဲ့ယုံကြည်ခြင်းမရှိဘဲ‌နေရင်ဘုရားရှေ့မှာအချည်းနှီးပါ။‌
(ရှင်မာကု၉:၂၃-၂၄ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့် လျှောက်ပြန်လေ၏။)

၆။သမ္မာကျမ်းစာဖတ်ပြီးမလိုက်လျှောက်ရင်ဘုရားရှေ့မှာအချည်းနှီးပါ။
(ရှင်ယာကုပ်၁:၂၂-၂၃ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။တရားကိုမကျင့်ဘဲ နာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သောသူနှင့်တူ၏။)

၇။အပြစ်ဝန်ချပြီးလက်တွေ့မပြောင်းလဲရင်ဘုရားရှေ့မှာအချည်းနှီးပါ။
(ရှင်မဿဲ၃:၈ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကိုကျင့်ကြလော့။)
(သုတ္တံ၂၈:၁၃)

၈။ဂုဏ်တော်ချီးမွမ်းပြီးစိတ်မပါဘဲဟန်ပြနေရင်ဘုရားရှေ့မှာအချည်းနှီးပါ။
(ရှင်ယောဟန်၄:၂၄ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။)

၉။ကိုးကွယ်ခြင်းရှိပြီးလက်တွေ့ကိုင်းရှိုင်းမှုမရှိရင်ဘုရားရှေ့မှာအချည်းနှီးပါ။
(၂တိ ၃:၅ ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။)စံမီ

၁၀။တို့ထိဖော်ပြမှုရှိပြီးလက်တွေ့လိုက်နာဆောင်ရွတ်မှုမရှိရင်ဘုရားရှေ့မှာအချည်းနှီးပါ။
ရှင်ယောဟန် ၁၄:၂၆သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။ (စံမီ)

ချစ်သောမိတ်ဆွေ
သင်နဲ့ကျွန်ုပ်လည်းဘုရားရှေ့မှာ
ဘာတွေ ချည်းနှီးဖြစ်နေလဲဆင်ခြင်ကြည့်ရအောင်။