• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လင်မယားအဆင်ပြေနေမှအရာရာအဆင်ပြေမည်

ဆရာရဲမင်း

11 月 20, 2024

လင်မယားအဆင်ပြေနေမှအရာရာအဆင်ပြေမည်

သတိထားမိလား
သင့်မြတ်ပြီးအဆင်ပြေနေကြတဲ့မိသားစုမှာ
တူညီတဲ့အချက်တစ်ချက်ရှိနေပါတယ်။
အဲဒါကတော့
အနစ်နာခံအလျော့ပေးတတ်သူ၊
ရန်ငြိုးမထားဘဲချစ်နေပေးတတ်
သူတစ်ယောက်ရှိနေတာပါ။
ဇနီးနဲ့အပြိုင်အငြင်းအခုန်မလုပ်တဲ့ခင်ပွန်း၊
သို့မဟုတ်
ခင်ပွန်းနဲ့အပြိုင်ရန်ငြိုးမထားတဲ့ဇနီး၊
ရှိနေတတ်ကြတာပါ။
အမှန်တော့
မိသားစုတိုင်းမှာအခက်ခဲကိုယ်စီပါ။
လင်မယားတိုင်းမှာပြဿနာရှိကြစမြဲပါ။
မတူညီတာက
ပညာရှိတွေဟာ
ပြဿနာမီးစဖြစ်လာတော့မဲ့အချိန်
ခေတ္တရှောင်နေတတ်ကြပါတယ်။
အမြဲတမ်းစကားများရန်ဖြစ်နေတတ်တဲ့
အိမ်ထောင်ဟာ၊မင်းထက်ငါပိုမိုက်တယ်ဆိုတဲ့
ဒေါသအတ္တစိတ်ကြောင့်နိဂုံးမလှကြပါဘူး။
မင်းဘဲဒေါသထွက်တတ်တာမဟုတ်ဘူးငါလဲဒေါသထွက်တတ်တယ်ဆိုပြီးဘာမဟုတ်တဲ့ကိစ္စသေးသေးလေးကနေလမ်းခွဲတဲ့အထိဖြစ်လာကြတာပါ။
တကယ်တမ်းတော့ မိသားစုမှာ
သင့်မြတ်လေလေ-အဆင်ပြေလေလေပါ၊
ရန်ဖြစ်လေလေ-အခြေနေဆိုရွားလေလေပါဘဲ။
လေ့လာကြည့်ပါ
မိသားစုမှာအဆင်ပြေအောင်နေထိုင်တတ်သူဟာ
လူမှုအသိုင်းဝိုင်းမှာလဲအစဉ်ပြေနေတတ်ပြီး
စိးပွားတိုးတက်အောင်မြင်နေတတ်ပါတယ်။
ဆန့်ကျင်ဖက်အနေနဲ့
မိသားစုထဲမှာအမြဲပြဿနာရှာတတ်သူ၊
မိသားစုပေါ်ဒေါသပေါက်ကွဲတတ်သူဟာ၊
အပြင်လူမှုအသိုင်းဝိုင်းမှာလဲဘောင်မဝင်နိုင်၊
သူ့ရဲ့အနာဂတ်လဲဘယ်လိုမှမလှပနိုင်ပါ။
ပြောချင်တာက
မိသားစု၊လင်နဲ့မယားကြား
နားလည်မှုယူဖို့အင်မတန်အရေးကြီးကြောင်းပါ။
မိသားစု‌ဆက်ဆံရေးအဆင်ပြေနေမှ
အရာရာအဆင်ပြေလာပါမယ်။

(၁ကော13:7-8 (မေတ္တာသည်)ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။မေ​တ္တာ​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​နှင့် အ​စဉ်​ကင်း​လွတ်၏။ )