• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မြွေမြင်တိုင်းစာတန်လို့မခံယူပါနဲ

ဆရာရဲမင်း

3 月 18, 2025

မြွေမြင်တိုင်းစာတန်လို့မခံယူပါနဲ

ဧဒင်ဥယျာဥ်မှာမြွေကိုစာတန်အသုံးချခဲ့တယ်။ပရောဖက်ကျမ်းတွေမှာမြွေကိုအဆိပ်ရှိလို့အဆိုးဖက်ခိုင်းနိုင်းရေးတာရှိတယ်။ဗျာဒိတ်ကျမ်းမှာစာတန်ကိုရှေးမြွေလို့တင်စားပြန်တယ်။ဒါနဲ့ဘဲယုံကြည်တွေဟာမြွေကိုစာတန်လို့ခံယူကုန်ကြတယ်။အမှန်ကမြွေဟာသာမန်တိရိစ္ဆာန်သာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျမ်းစာမှာမြွေကိုအကောင်းဖက်ကခိုင်းနိုင်းတာလဲရှိနေလို့ပါ။

၁။မောရှေရဲ့တောင်ဝှေးကိုမြွေအဖြစ်ပြောင်းပြီးဘုရားအသုံးပြုခဲ့တာမမေ့နဲ့။ဒါကမြွေကိုအကောင်းဖက်ကသုံးခဲ့တာ။(ထွက်၇:၉-၁၂)

၂။ဓမ္မဟောင်းမှာမြွေနဲ့ယေရှုခရစ်တော်ဘုရားကိုပုံဆောင်ဖော်ပြထားတာမမေ့နဲ့။ဒါကမြွေကိုကယ်တင်ခြင်းမှာအသုံးပြုဖော်ပြခဲ့တာ။(တော၂၁:၇-၁၀၊ယော၃:၁၄)

၃။ဓမ္မသစ်မှာယုံကြည်သူတွေကိုမြွေလိုအသက်ရှင်ဖို့သွန်သင်ထားတာမမေ့ပါနဲ့။ဒါကမြွေရဲ့ကောင်းကွက်ကိုသင်ယူခိုင်းတာ။(မဿဲ၁၀:၁၆)။

ဆိုတော့
ကျမ်းစာမှာမြွေကိုစာတန်အဖြစ်ပုံဆောင်ပြောဆိုတာရှိပေမဲ့ မြွေပုံနဲ့မြွေတွေ့တိုင်းစာတန်လို့မမှတ်ယူသင့်ပါ။ မြွေကိုအတိတ်နိမိတ်မကောင်းသလိုလိုနဲ့ကြောက်ပြီးတကူးတကျင်ရှောင်စရာလဲမလိုပါ။မြွေဟာသာမာန်တိရိစ္ဆာန်တစ်ကောင်သာဖြစ်ပါတယ်။မတူညီတဲ့ပုံဆောင်မှုမှာသာကွာသွားတာပါ။