• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကျန်းမာချမ်းသာဒေသနာနှင့်ကားတိုင်တရားကွာခြားချက်

ဆရာရဲမင်း

5 月 16, 2025

ကျန်းမာချမ်းသာဒေသနာနှင့်ကားတိုင်တရားကွာခြားချက်

၁။ကျန်းမာချမ်းသာဒေသနာကခေတ္တကျန်းမာချမ်းသာခြင်းကိုဗဟိုပြုတယ်။ကားတိုင်တရားကတော့ထာဝရကျန်းမာချမ်းသာခြင်းဗဟိုပြုတယ်။
(ဖိလိပ္ပိ၃:၁၉-၂၀ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား၊ မိမိတို့ဝမ်းပေတည်း။ မိမိတို့ ရှက်ကြောက်ဖွယ်သော အကျင့်၌သာ မိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။ ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။)

၂။ကျန်းမာချမ်းသာဒေသနာကဘုရားကိုအသုံးချပြီးလိုချင်တဲ့ကျန်းမာချမ်းသာကိုရအောင်လုပ်ယူတယ်။ကားတိုင်တရားကတော့လိုအပ်လာရင်ရွေငွေတွေအသက်နဲ့ တောင်ပေးဆပ်ပြီးယေရှုဘုရားကိုရအောင်လုပ်‌‌ပေးရတယ်။
(ဖိ၃:၈ထို​မျှ​မ​က ငါ၏ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို​သိ​သော ပ​ညာ​သည် အ​ဘယ်​မျှ​လောက် မြတ်​သည်​ကို ထောက်၍၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ရှုံး​စေ​သော​အ​ရာ​ကဲ့​သို့ ငါ​ထင်​မှတ်၏။)

၃။ကျန်းမာချမ်းသာဒေသနာကလောကနဲ့လောကအရာတွေကိုစွဲလမ်းဖို့ချစ်ဖို့သွန်သင်တယ်။ကားတိုင်တရားကတော့ခေတ္တအရာထက်-အထက်အရာကိုသာစွဲလမ်းဖို့သွန်သင်တယ်။
(ကောလောသဲ၃:၂ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော အ​ရာ​တို့​ကို စွဲ​လမ်း​သော​စိတ် မ​ရှိ​ကြ​နှင့်။ အ​ထက်​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း ရှိ​ကြ​လော့။)

၄။ကျန်းမာချမ်းသာဒေသနာကလူတွေရဲ့အပြစ်တရားနဲ့နောင်တတရားအဓိကမဟောကြဘူး။ကားတိုင်တရားကတော့လူတွေကိုအပြစ်ကနေနောင်တရဖို့အဓိကဟောရတယ်။
(တမန်တော်၂၀:၂၁ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏)

၅။ကျန်းမာချမ်းသာဒေသနာကယုံကြည်သူဒုက္ခဆင်းရဲခံရတာဟာဘုရားအလိုတော်မရှိဘူး၊ဖျားနာဆင်းရဲနေရင်ယုံကြည်သူအစစ်မဟုတ်သလိုလိုပြောတတ်ကြတယ်။ကားတိုင်တရားကတော့ယုံကြည်သူတိုင်းလဲဒုက္ခဆင်းရဲကြုံမှာဖြစ်ကြောင်း၊မတူတာကယုံကြည်သူ‌တွေဟာအဲဒီဒုက္ခဆင်းရဲကိုယေရှုခရစ်အားဖြင့်အောင်မြင်နိုင်ကြောင်းသွန်သင်ပါတယ်။
(ရှင်ယောဟန်၁၆:၃၃သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။)

၆။ကျန်းမာချမ်းသာဒေသနာက ယေရှုကိုယုံကြည်ရင်မုချကျန်းမာမယ်-ချမ်းသာမယ်-အောင်မြင်မယ်သာပြောပြီးခရစ်တော်နောက်လိုက်ရင်ပေးဆပ်ရမဲ့ဒုက္ခဆင်းရဲခြင်းအရာတွေတမင်ထိန်ချန်ခဲ့တယ်။ကားတိုင်တရားကတော့ရှင်းတယ်၊ကျန်းမာ-ချမ်းသာ-အောင်မြင်ခြင်းရှိသလိုယုံကြည်သူရဲ့အသက်တာမှာယေရှုခရစ်ကိုယုံကြည်လို့ပေးဆပ်ရမဲ့ မကျန်းမာခြင်း-ဆင်းရဲခြင်း-ကျရှူံးခြင်း-အရှက်ခွဲခံရခြင်းတွေလဲရှိမယ်။ဒါပေမဲ့ဒါတွေကိုဘုရားသခင်ကပေးတဲ့စာမေးပွဲသာဖြစ်တယ်၊ထာဝရမှာသရဖူပြင်ဆင်ထားတယ်ဆိုတာသွန်သင်တယ်။
(ရှင်လုကာ၉:၂၃ထိုမှတစ်ပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။)

ဘုရားသခင်ကသင့်ကိုခေတ္တကျန်းမာချမ်းသာခြင်းထက်
ထာဝရကျန်းမာချမ်းစာစေချင်တဲ့ဘုရားဖြစ်တယ်-အာမင်။ဒါကြောင့်ခေတ္တအရာကိုတောင်းလို့ရတယ်-ဘုရားလဲ ပေးနိုင်တယ်ဆိုပေမဲ့ယုံကြည်မှုရဲ့ပန်းတိုင်လို့လုံးဝ(လုံးဝ)မခံယူမိပါစေနဲ့။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။

(ရှင်မဿဲ၆:၂၄ အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏ အစေကိုလည်းကောင်း မခံနိုင်ကြ။)
မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/9934290183288425/