• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

စင်ကြယ်ခြင်းပြုရသောနေ့စေ့ခြင်း

ဆရာရဲမင်း

10 月 10, 2024

စင်ကြယ်ခြင်းပြုရသောနေ့စေ့ခြင်း

ယေရှုခရစ်ဖွားမြင်ပြီးတာနဲ့ရှင်လုကာခရစ်ဝင်2:22 မှာဒီလိုဖော်ပြထားပါတယ်“ထို​နောက်မော​ရှေ၏ပ​ညတ်​တ​ရား​အ​တိုင်းစင်​ကြယ်​ခြင်း​ကို​ပြု​ရ​သောနေ့​ရက်​စေ့​သော​အ​ခါ၊မိ​ဘ​တို့​သည်သူ​ငယ်​ကို ယေ​ရှု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍”…..။

ဒီကျမ်းချက်ထဲက“စင်ကြယ်ခြင်းပြုရသောနေ့စေ့သောအခါ”ဆိုတာဘယ်နှစ်ရက်ကြာခဲ့ပြီးမှဗိမာန်‌ တော်ကိုသွားပြီးစင်ကြယ်ခြင်းဝတ်ပြုရသလဲဆိုတာလေ့လာတင်ပြပါမယ်။
ဒီကျမ်းချက်မှာပြောထားတဲ့မောရှေ၏ပညတ်တရားအတိုင်းဆိုတာလေ့လာကြည့်တဲ့အခါဓမ္မဟောင်းထဲကဝတ်ပြုရာကျမ်း၁၂:၂-၆မှာဖော်ပြထားတဲ့ဣသရေလလူမျိုးသားဖွားခြင်းဆိုင်ရာစင်ကြယ်ခြင်းပညတ်ကိုရည်ညွန်းပြီးပြောတာဖြစ်ပါတယ်။

ဝတ်ပြုရာကျမ်း၁၂:၂-၆အရ
ဣသရေလအမျိုးသမီးတိုင်း
၁။သားဖွားပြီး7ရက်မစင်ကြယ်ပါ။
၂။၈ရက်မြောက်မှာသားကိုအရေဖျားလှီးပေးရမည်။
၃။အဲဒီ၈ရက်မြောက်နေ့ကစပြီး၃၃ရက်တိုင်အိမ်မှာဘဲနေ(စတေးဟုန်း)ရမည်။
၄။သမီးလေးမွေးရင် အရေဖျားလှီးဖို့မလိုပေမယ့်စင်ကြယ်ခြင်းရက်ကတော့အထက်ပါရက်အတိုင်းနှစ်ဆ‌နေရမှာပါ။

ဆိုတော့
မယ်တော်မာရိအနေနဲ့ယေရှုခရစ်ကိုမွေးပြီးရက်၄၀တိုင်တိုင်(ရှေ့7ရက်+ နောက်33ရက်)အိမ်မှာဘဲနေရပြီး၊စင်ကြယ်ခြင်းပြုရသောနေ့စေ့မှစင်ကြယ်ခြင်းဝတ်ကိုပြုဖို့ဗိမာန်တော်ကိုလာရတာဖြစ်ပါတယ်။တနည်းအားဖြင့်မယ်တော်မာရိဟာယေရှုခရစ်ကိုဖွားမြင်ပြီး၈ရက်‌‌ မြောက်နေ့မှာဗက်လင်မြို့မှာဘဲသူငယ်တော်ယေရှုကိုအရေဖျားလှီးပေးခဲ့တဲ့သဘောပါ။‌ဆက်ပြီးရက်ပေါင်း၄၀ပြည့်မှ(ရက်စေ့မှ)ဂျေရုစလင်ဗိမာန်‌တော်ကိုလာခဲ့ရတယ်လို့လေ့လာတွေ့ရှိတာကိုတင်ပြလိုက်ရပါတယ်။(များသောအားဖြင့်၈ရက်မြောက်နေ့မှာဗိမာန်တော်ကိုသွားတယ်လို့ဟောသူများနေလို့သတိထား‌ဟောသင့်ပါတယ်)။

အမှားနဲ့ဆွေးနွေးစရာရှိခဲ့ရင်
ကောမန့်မှာအပြုသဘောနဲ့လွတ်လပ်စွာကောမန့်ပေးသွားနိုင်ပါသည်။

Ye Ming(ပတ္တမြားမြေ)