ခရစ္စမတ်ဟာပျော်စရာမဟုတ်ခဲ့ပါ
အခြေအနေကိုကြည့်ရင်ဖြင့်ခရစ္စမတ်ဟာကနဦးကတည်းကပျော်ရွှင်စရာမကောင်းခဲ့ပါဘူး
နိုင်ငံသားများသူ့ကျွန်ရောက်နေတဲ့ကာလ(ရောမအင်ပါယာမှအစ္စရေးကိုနယ်ချဲ့ထားတဲ့ကာလမှာခရစ်တော်မွေးတာပါ)။ဒါဟာပျော်စရာတော့မဟုတ်ခဲ့ပါဘူး။
ကိုယ်ဝန်အရင့်အမာနဲ့ခရီးထွက်လာခဲ့ရတဲ့မာရိ(တနိုင်ငံလုံးနာမည်စာရင်းကောက်မယ့်အမိန့်ကျလာလို့မိသားစုတိုင်းမထွက်မရ၊ထွက်လာခဲ့ရတဲ့အခြေအနေပါ)။ဒါဟာပျော်စရာတော့မဟုတ်ခဲ့ပါဘူး။
ရက်စေ့လို့ခရစ်တော်ကိုမွေးတဲ့ရက်မှာလည်း၊တည်းစရာနေရာရှာမတွေ့လို့နွားတင်းကုတ်မှာသာမွေးပြီး၊သူငယ်တော်ယေရှုကိုတိရိစ္ဆာန်အစာခွက်(နွားစာခွက်)ထဲသာသိပ်ထားခဲ့ရပါတယ်။ဒါဟာပျော်စရာတော့မဟုတ်ခဲ့ပါဘူး။
သူငယ်တော်ယေရှုမွေးဖွားပြီးသိပ်မကြာဘူးနိုင်ငံ့ခေါင်းဆောင်ကြီးရဲ့လိုက်လံသတ်ဖြတ်မှုနဲ့ကြုံရလို့၊မိသားစုလိုက်လွတ်မြောက်နယ်မြေ(အီဂျစ်)ကိုထွက်ပြေးခဲ့ရပါသေးတယ်။ဒါဟာပျော်စရာတော့မဟုတ်ခဲ့ပါဘူး။
ယေရှုခရစ်မွေးဖွားလာရခြင်းဟာလူ တွေရဲ့အပြစ်အတွက်အသေခံဖို့အတွက်ဖြစ်ပါတယ်၊ဒါကြောင့်နောက်ဆုံးလက်ဝါးကပ်တိုင်မှာလူတွေကိုယ်စားရက်ရက်စက်စက်အသေခံသွားခဲ့တာပါ။ဒါဟာပျော်စရာတော့မဟုတ်ခဲ့ပါဘူး။
ဒါပေမယ့်၊ဒါပေမယ့်……
ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံသောသူတိုင်းအတွက်၊ပျော်ရွင်စရာမဟုတ်ခဲ့တဲ့ခရစ္စမတ်ဟာအလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကောင်းဖြစ်လာပါတော့တယ်။ယေရှုခရစ်ရဲ့ပေးဆပ်ခဲ့ခြင်းအားဖြင့်သင်ဟာအမင်္ဂလာမှမင်္ဂလာရှိသောသူဖြစ်လာတာမို့၊သေသင့်တဲ့သူကနေထာဝရအသက်ရှင်ခြင်းသို့ဝင်စားရတာမို့အလွန်ဝမ်းမြောက်ဝမ်းသာစရာဖြစ်လာတာပါ။ဟာလေလုယာ။
ယခုဖြစ်ပျက်နေတဲ့အရာကိုကြည့်ရင်ခရစ္စမတ်မှာပျော်နိုင်မှာမဟုတ်ပါဘူး၊ဒါပေမယ့်ဒီအဖြစ်အပျက်ကိုချုပ်ငြိမ်းဖို့ခရစ်တော်လာတယ်လို့သင်ခံစားမိရင်ခရစ္စမတ်ဟာသင့်အတွက်သတင်းကောင်းအလင်းတန်းတခုဖြစ်လာပါလိမ့်မယ်။လူတိုင်းမငြိမ်မသက်ဖြစ်နေလို့ခရစ်တော်ရဲ့ငြိမ်သက်ခြင်းကိုထာဝရလိုအပ်တာဖြစ်ပါတယ်၊အာမင်။ခရစ္စမတ်ဟာသင်ငြိမ်သက်ခြင်းရဖို့ဖြစ်ပါတယ်မိတ်ဆွေ။ယေရှုသင့်ကိုချစ်တယ်၊သူ့ကိုယုံကြည်ပါ၊ထာဝရငြိမ်သက်ခြင်းရပြီး၊အလွန်ဝမ်းမြောက်ဝမ်းသာခြင်းခံစားရပါလိမ့်မည်။အာမင်။
အခြေအနေကိုကြည့်ရင်ခရစ္စမတ်ဟာကနဦးကတည်းကပျော်ရွှင်စရာမကောင်းခဲ့ပါဘူး၊ဒါပေမယ့်ခရစ်တော်အားဖြင့်ဆိုရင်သင်ငြိမ်သက်ပျော်ရွှင်ခြင်းကိုခံရစားလာရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့လောကမှာငိုကြွေးစရာတွေပြည့်နေတာမို့ထာဝရကယ်တင်ဖို့သူကြွလာတာပါ။အာမင်။
ခရစ်တော်ကြောင့်သာမဟုတ်ရင်ခရစ္စမတ်ဟာပျော်စရာမဟုတ်ခဲ့ပါ။
(ယော၁၆:၃၃သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။)