Christmasမှာဆင်ခြင်မိသည့်ပုံလေးတပုဒ်
ခရစ်စမတ်ရောက်လာပြီဆိုတာနဲ့နှင်းတွေကျလို့၊ချမ်းလိုက်တာအရိုးထိပါဘဲ။
ဒါပေမဲ့ဘုရားကျောင်းကသံစုံသီးမှုတ်သံ၊အကပဒေသာနှင့်စုံညီစွာရုပ်ရုပ်သဲသဲလုပ်နေတဲ့ပွဲဟာအေးလွန်းတဲ့ဆောင်းရာသီကိုဖြိုခွင်းထိုးဖောက်လိုက်သယောင်။
သခင်ယေရှုမွေးဖွားလာခဲ့ရခြင်းကိုခရစ်စမတ်မွေးနေ့ပွဲလုပ်နေခြင်းပင်ဖြစ်သည်။
ဤတွင်…ဘုရားကျောင်းပြင်ပထောင့်လေးတနေရာတွင်အဝတ်နွမ်းနွမ်းနှင့်လူတယောက်အအေးဒဏ်ကိုအံတုကာလျှောက်သွားလျှောက်လာလုပ်နေသည်။ဒါပေမဲ့အအေးဒဏ်အေးလွန်းတာကြောင့်နောက်ဆုံးမခံနိုင်တော့ဘဲခွေကျသွားသည်။
လူတယောက်ဘေးနားလျှောက်လာပြီးသူ့ကိုထူမပေးသည်၊ပြီတော့မေးသည်၊”ဘာလို့ဘုရားကျောင်းထဲမဝင်တာလဲ?” အဝတ်နွမ်းနဲ့လူကအားစိုက်ပြီးပြန်ဖြေသည်” ကျွန်တော့အဝတ်ကတအားစုပ်ပျက်နေလို့ပေးမဝင်ဘူးတ ဲ့” ဖြေပြီးတာနဲ့အနွေးဓာတ်ကိုခံစားရပြီးခွန်အားပြန်ရလာလို့မော့ကြည့်လိုက်တော့…မျက်နာမှာအလင်းတန်းဝတ်ရုံအဖြူရောင်နှင့်လူဖြစ်နေသည်။ ဒါ….သခင်….ယေရှု….ပြောရင်းဆိုရင်းဒူးထောက်လိုက်သည်။ပြီးတော့နားမလည်စွာနှင့်တုန်ရင်နေသောအသံဖြင့်မေးလိုက်သည်။”သခင်၊ဘာလို့ဒီမှာနေနေတာလဲ?ကိုယ်တော်ကဘုရားကျောင်းကလူအုပ်ကြီးဆီမှာရောက်နေရမှာမဟုတ်လား?”သခင်ယေရှုက“သူတိုလည်းငါ့ကိုမဝင်ခိုင်းဘူး”။အဝတ်နွမ်းနဲ့လူက“ဘာလို့လဲသခင်?သူတို့တွေကသခင့်မွေးနေ့လုပ်နေကြတာမဟုတ်လား?”ယေရှုကလည်း“သူတို့တွေကငါ့နာမည်နဲ့ပျော်ပွဲလုပ်နေတာပါ,ကိုယ့်ကိုကိုယ်ချီးမြောက်နေကြတာပါ။ဒီနေ့မင်းဒီနေရာမှာမရှိရင်ငါလည်းလာစရာအကြောင်းမရှိပါဘူးလေ၊ခုပြန်လိုက်ငါမင်းနဲ့ထာဝရအတူရှိမှာပါ။ ”
………………………….ပြီး………………………………
ချစ်သောမိတ်ဆွေဒီပုံလေးအားဖြင့်အတူတကွဆင်ခြင်အသက်ရှင်ကြပါစို့။
ရှင်ယာကုပ်၂:၁-၄ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။- ရွှေလက်စွပ်နှင့် တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားဇရပ်ထဲသို့ ဝင်သောအခါ၊- တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါ ဟူ၍လည်းကောင်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍လည်းကောင်း၊ သင်တို့သည် ပြောဆိုလျှင်၊- တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ်လော။