စကားပြောခြင်းဆိုင်ရာပညတ်(၁၀)ချက်
၁။အကျိုးမဲ့သောစကားမပြောပါနှင့်။
(ရှင်မဿဲခရစ်ဝင် ၁၂:၃၆
ငါဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့သောစကားကို ပြောသမျှအတွက်၊ တရားဆုံးဖြတ်သောနေ့၌ စစ်ကြောခြင်းကို ခံရကြလတံ့။ သင့်စကားများအားဖြင့် သင်သည်အပြစ်လွတ်လိမ့်မည်။)
၂။ညစ်ညူးသောစကားလုံးဝမပြောပါနှင့်။
(ဧဖက်ဩဝါဒစာ ၄:၂၉
ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။)
၃။မုသာမပြောပါနှင့်။
(သုတ္တံကျမ်း ၁၂:၂၂
မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ် ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သော သူတို့မူကား၊ နှစ်သက်တော်မူဖွယ် ဖြစ်ကြ၏။)
၄။စကားကိုမများစေပါနှင့်။
(သုတ္တံကျမ်း ၁၀:၁၉
စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။)
၅။လက်လွတ်စပယ်မပြောပါနှင့်။
(သုတ္တံကျမ်း ၂၉:၂၀
သတိမရှိဘဲ စကားများသောသူရှိလျှင်၊ ထိုသူ၌ မျှော်လင့်စရာအခွင့် ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မျှော်လင့်စရာအခွင့် ရှိ၏။)
၆။အကျိုးအကြောင်းမသိဘဲမပြောပါနှင့်။
(သုတ္တံကျမ်း ၁၈:၁၃
အကျိုးအကြောင်းကို မစစ်မီ၊ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ် ရှိ၏။)
၇။ထိုးနက်တဲ့စကားမပြောပါနှင့်။
(သုတ္တံကျမ်း ၁၂:၁၈
သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။)
၈။ချော့မော့သောမုသာမသုံးပါနှင့်။
(သုတ္တံကျမ်း ၂၈:၂၃
ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တစ်ဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။)
၉။ဂုဏ်ပြိုင်ဝါကြွားသောစကားမပြောပါနှင့်။
(ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၄
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။)
၁၀။အပြောဘဲရှိပြီးမလုပ်နိုင်မဖြစ်ပါနှင့်။
(ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၃:၁၈
ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။)
သမ္မာကျမ်းစာမှကောက်နုတ်တင်ပြပါသည်။
Ye Ming(ပတ္တမြားမြေ)