သင်သာသိမြင်ခဲ့ရင်
သင်သာကောင်းကင်ရွှေပြည်ရဲ့ဘုန်းစည်းစိမ်ကိုသိမြင်ခဲ့မယ်ဆိုရင်…
လက်ရှိကြုံတွေ့နေတဲ့ခက်ခဲဆင်းရဲခြင်းကိုမှုတော့မှာမဟုတ်တော့ပါ။
သင်သာထာဝရသရဖူအကြောင်းကိုသိမြင်ခဲ့မယ်ဆိုရင်….
လက်ရှိကြုံတွေ့နေတဲ့စုံစမ်းနှောက်ယှက်ခြင်းကိုမှုတော့မှာမဟုတ်တော့ပါ။
သင်သာထာဝရဘုရားရဲ့ဂတိတော်ကိုသိရှိနားလည်ခဲ့မယ်ဆိုရင်…
လက်ရှိကြုံတွေ့နေတဲ့ပျက်ရယ်ပြုခံရခြင်းကိုမှုတော့မှာမဟုတ်တော့ပါ။
သင်သာထာဝရနေရမည့်အိမ်တော်ရှိကြောင်းသိခဲ့မယ်ဆိုရင်…
လက်ရှိလက်ဝယ်ထားရှိတဲ့ယာယီတဲကိုဆွဲလမ်းနေမှာမဟုတ်တော့ပါ။
သင်သာကောင်းကင်ရွှေပြည်ရဲ့ဘဏ္ဍာကိုသိမြင်ခဲ့မယ်ဆိုရင်…
လက်ရှိလုယက်နေရတဲ့စည်းစိမ်ဂုဏ်ပကာသနတွေကိုမှုတော့မှာမဟုတ်တော့ပါ။
သင်သာနောင်တချိန်မှာရမဲ့ဆုလဒ်ကိုသိမြင်ခဲ့မယ်ဆိုရင်…
လက်ရှိပေးဆပ်နေရတဲ့ဆုံးရှုံးခြင်းတွေကိုမှုတော့မှာမဟုတ်တော့ပါ။
ဒါကြောင့်ချစ်မိတ်ဆွေ…
ယနေ့သင်အမြဲတမ်းစွဲကိုင်ထားရမှာက…
၁။ကျေးဇူးတော်
မထိုက်တန်ဘဲရတာ၊ဘုရားသခင်ပေးတဲ့အခမဲ့ကယ်တင်ခြင်း။
၂။ယုံကြည်ခြင်း
အခမဲ့လက်ဆောင်ကိုယူဖို့လက်တစုံ၊အရေးကြီးသောဘဝရဲ့သော့ချက်ပေါ့။
၃။ပေးဆပ်ခြင်း
ဒါကအပြင်ပန်းကြည့်ရင်ဆင်းရဲခက်ခဲကြမ်းတမ်းပေမဲ့၊အတွင်းထဲမှာကောင်းကြီးပြည့်နက်နေသောအရာ။
၄။သီးခံခြင်း
သတ္တိကြောင်ခြင်းမဟုတ်ဘူး၊သူရဲကောင်းတို့ရဲ့လက်နက်တစုံဖြစ်တယ်။
၅။ချစ်ခြင်းမေတ္တာ
ခရစ်တော်၏စိတ်ထား၊ခရစ်တော်၏သင်းရနံ့ပေါ့။
၆။မျော်လင့်ခြင်း
အေးစက်သောဆောင်းမှနွေဦးရာသီသို့…
ခွန်အားအမြဲဖြစ်စေတဲ့ဆေးတခွက်ပေါ့။
၇။ကျေးဇူးတင်ခြင်း
ပျော်ရွှင်ရောင့်ရဲခြင်းရဲ့တံခါး၊
ငြိမ်သက်ခြင်း၊ကောင်းကြီး၏နိဒါန်းလေးပေါ့။
……………………………………………..
ကျမ်းချက်
…ဆင်းရဲ ငြို ငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။(ရောမဩဝါဒစာ ၈:၃၆)
May GOD Bless You