မာသာထရီစာ၏မှတ်သားစရာအဆိုများ
မေး။ ။အကောင်းဆုံးနေ့ရက်က?
ဖြေ။ ။ယနေ့
မေး။ ။အလွယ်ကူဆုံးအရာက?
ဖြေ။ ။အပြစ်လုပ်ခြင်း
မေး။ ။အကြီးမားဆုံးအတားအဆီးက?
ဖြေ။ ။ကြောက်ရွံ့ခြင်း
မေး။ ။ဆုံးရှုံးမှုအကြီးဆုံးက?
ဖြေ။ ။ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိခြင်း
မေး။ ။အဆိုးဆုံးအရာက?
ဖြေ။ ။တကိုယ်ကောင်းဆန်ခြင်း
မေး။ ။အနားယူရန်အကောင်းဆုံးက?
ဖြေ။ ။အလုပ်လုပ်ခြင်း
မေး။ ။အကောင်းဆုံးဆရာက?
ဖြေ။ ။ကလေးငယ်များ
မေး။ ။အလိုအပ်ဆုံးက?
ဖြေ။ ။နားလည်မှု
မေး။ ။အပျော်ရွှင်ဆုံးအလုပ်က?
ဖြေ။ ။သူတပါးကိုကူညီခြင်း
မေး။ ။ပြုပြင်ရန်လိုအပ်နေတာက?
ဖြေ။ ။အကျင့်ဆိုး
မေး။ ။အန္တာရာယ်အရှိဆုံးလူက?
ဖြေ။ ။မုသာပြောသူ
မေး။ ။မခံစားနိုင်တဲ့ခံစားချက်က?
ဖြေ။ ။မုန်းသီးခြင်း
မေး။ ။အကောင်းဆုံးလက်ဆောင်က?
ဖြေ။ ။ခွင့်လွတ်ခြင်း
မေး။ ။မရှိမဖြစ်တာက?
ဖြေ။ ။မိသားစု
မေး။ ။အကောင်းဆုံးဖြတ်လမ်းက?
ဖြေ။ ။လမ်းတိုင်းတည့်တည့်သွားခြင်း
မေး။ ။အလိုချင်ဆုံးခံစားချက်က?
ဖြေ။ ။အတွင်းစိတ်ကငြိမ်သက်ခြင်း
မေး။ ။မင်္ဂလာအရှိဆုံးက?
ဖြေ။ ။အပြုံး
မေး။ ။ရောင့်ရဲစေသောအရာ?
ဖြေ။ ။လုပ်သင့်သောအရာကိုလုပ်နိုင်ခြင်း
မေး။ ။အကြီးမားဆုံးအချစ်က?
ဖြေ။ ။မိဘအချစ်
မေး။ ။အလှပဆုံးအရာက?
ဖြေ။ ။ချစ်ခြင်းမေတ္တာ
Ye Ming(ပတ္တမြားမြေ)
May God Bless You