ဖခင်များနေ့ဖြစ်ပေါ်လာပုံသမိုင်း
၁၉၀၉ ခုနှစ်၊အမေရိကန်ဝါရှင်တန်နယ် Spokane မှာနေတဲ့ Mrs. Dodd(Sonora Louise Smart Dodd) ဆိုတဲ့အမျိုးသမီးဟာ မေလမှာကျင်းပတဲ့မိခင်များနေ့ကိုပါဝင်ခဲ့ပြီးဒီလိုတို့ထိမှုတခုဖြစ်ခဲ့ပါတယ်… :「မိခင်များနေ့ရှိပြီးဘာလို့ဖခင်များနေ့မရှိတာလဲ?」ဒါနဲ့ ဝတ်ပြု ကိုးကွယ်မှု အစီအစဉ် ပြီးသွားတဲ့အခါမှာ သင်းအုပ်ဆရာဆီသွားပြီးဆွေးနွေးတင်ပြခဲ့ပါတယ်။
အကြောင်းရင်းက သူမရဲ့ဖခင်ဖြစ်သူ Mr William Jackson Smart ဟာ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲမှာ ပါဝင် စစ်မှုထမ်းခဲ့တဲ့အကြောင်း၊ သူ့မရဲ့ မိခင်ဟာ စောစောစီးစီး သေဆုံးသွားခဲ့ပြီး ဖခင်ဟာ နောက်အိမ်ထောင် မပြုတော့ဘဲ ကလေး ၆ ယောက်ကိုသာ ပြုစု ပျိုးထောင် သွန်သင် ကျွေးမွေးခဲ့ပါတယ်။ အဲဒီ မေတ္တာကို အပြည့်အဝ ခံစားရတဲ့ Dodd ဟာ ဖခင်ကို ဂုဏ်ပြု ဖို့သာ စိတ်ထဲမှာ ဆန္ဒပြင်းပြနေပါတော့တယ်။ဒါကြောင့်မိခင်များနေ့ ရှိသကဲ့သို့ ဖခင်များနေ့ကို သတ်မှတ်ပြီး ဂုဏ်ပြုသင့်တဲ့အကြောင်းပြောဆိုတင်ပြခဲ့ပါတယ်။
သင်းအုပ်ဆရာကလည်းဒီဖခင်အကြောင်းနားထောင်ပြီးအလွန်တို့ထိမှုရှိတဲ့အတွက်ဖခင်များနေ့သတ်မှတ်ဖို့အရေးသူကိုယ်တိုင်ပါဝင်ကူညီပေးခဲ့ပါတယ်။ဒီနောက် စီပွားရေးသမားများ၊ နိုင်ငံရေးသမားများနဲ့ အသင်းတော် ခေါင်းဆောင် များကို ချဉ်းကပ်ကာ နိုင်ငံတော် အသိအမှတ်ပြုတဲ့ နေ့တစ်နေ့ ဖြစ်အောင် ကြိုးစား အားထုပ်ခဲ့ကြပြီးအာင်မြင်မှုလည်း ရရှိခဲ့ပါတယ်။
ဒါကြောင့် ၁၉၁၀ ခုနှစ် ဂျွန်လ တတိယပတ်မှာ ကမ္ဘာ့ပထမဆုံးဖခင်များနေ့ အခန်းအနားကို ဝါရှင်တန် မြို့တော်ကြီးမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ဝါရှင်တန်မှာသာမက အခြားပြည်နယ်များကိုလည်း တဖြည်းဖြည်း ပြန့်နှံ့ သွားခဲ့ပါတယ်။ ၁၉၁၃ ခုနှစ်မှာ တော့ အများပြည်သူ အားလပ်ရပ်အဖြစ် အသိအမှတ်ပြုရန် ကွန်ဂရက်မှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဒါပေမဲ့နိုင်ငံတော်အဆင့်ရောက်ဖို့ထပ်ကြိုးစားခဲ့ရသေးတယ်။
၁၉၂၄ခုနှစ်မှာ သမ္မတ Calvin Coolidge ဖခင်များနေ့ကိုနိုင်ငံတော်အဆင့်ထိဖြစ်ဖို့ထောက်ခံခဲ့ပြီး၊၁၉၆၆ခုနှစ်မှာသမ္မတ LyndonJohnson ကနေ William Jackson Smart ရဲ့ မွေးနေ့ဖြစ်တဲ့ ဂျွန်လတတိယပတ်တနင်္ဂနွေနေ့ကိုနိုင်ငံတော်ရဲ့ ဖခင်များနေ့အဖြစ်ကြေငြာသွားခဲ့ပါတယ်။
၁၉၇၂ ခုနှစ် သမ္မတ Richard Nixon လက်ထက်မှာတော့ တရားဝင်လက်မှတ်ထိုးပြီးနိုင်ငံတော်ရဲ့ထာဝရဖခင်များနေ့အဖြစ်ထပ်မံကြေငြာပေးခဲ့ပါတယ်။
ဒီနောက်ပိုင်းတွင် အခြားနိုင်ငံများကလည်း ထိုအစီအစဉ်ကို သဘောကျ နှစ်ချိုက်ကြပြီး လိုက်လံကျင်းပခဲ့ကြပါတယ်။တစ်နိုင်ငံနှင့်တစ်နိုင်ငံ နေ့ရက်များမှာ မတူညီကြသော်လည်းအများစု ကျင်းပကြတဲ့ နေ့ရက်ကတော့ ဇွန်လ၏ တတိယပတ် တနင်္ဂနွေနေ့သာ ဖြစ်ပါတယ်။ ဖခင်များနေ့ကို ကျင်းပဘို့ ဦးစွာ လှုံ့ဆော်မှုပြုခဲ့တဲ့ အမျိုးသမီးကြီး Sonora Smart Dodd ဟာ ချီကာဂိုမြို့မှာ ရှိတဲ့ အနုပညာ တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်အသက် (၉၄) အရွယ်မှာ ခရစ်တော်၌အိပ်ပျော်သွားတယ်လို့ သိရပါတယ်။
…………………………………………..
(မိခင်များနေ့သည်နှစ်တိုင်း၅လပိုင်းရဲ့ဒုတိယပတ်ဖြစ်ပြီး၊ဖခင်များနေ့သည်နှစ်တိုင်း၆လပိုင်းရဲ့တတိယပတ်ဖြစ်ပါသည်။)