စံပြခင်ပွန်းကောင်းဖြစ်ဖို့(၁၀)ချက်
၁။ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသူ
ဆာလံ ၁၂၈း၁-၃ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းခရီးတော်သို့လိုက်သွားသမျှသော သူတို့သည် မင်္ဂလာရှိကြ၏။ သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသောသံလွင်ပင်များကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။
၂။ မိမိဇနီးပေါ်ဦးခေါင်းတာဝန်ကျေပွန်ပါ။
ဧဖက်ဩဝါဒစာ ၅:၂၃မှာခရစ်တော်ဟာအသင်းတော်ရဲ့ခေါင်းဖြစ်သသလိုယောက်ျား ဟာဇနီးသည် ရဲ့ခေါင်းဖြစ်ရမယ်လို့ပြောပါတယ်။ဦးခေါင်းနေရာဆိုတာရာထူးထက်တာဝန်လို့ပြောရင်မမှားပါဘူး၊ခရစ်တော်ကိုယ်တိုင်လူတွေရဲ့ခြေဆေးပေးပြီးစံနမူနာပေးခဲ့ပါပြီ၊ယနေ့အမျိုးသားလုပ်သူတွေမိမိဇနီးနဲ့မိသားစုပေါ်ဆရာကြီးလုပ်ဖို့မဟုတ်ဘဲတာဝန်ယူပြီးအစေခံစိတ်ရှိဖို့ဖော်ပြနေတာဘဲဖြစ်ပါတယ်။ဦးခေါင်းဆိုတဲ့အိမ်ထောင်ဦးစီးတာဝန်အများကြီးရှိတဲ့အထဲအရေးကြီးအချက်၃ချက်တင်ပြပါ့မယ်။
၁။ဘုရားဝတ်မှာဦးဆောင်လမ်းပြခြင်း (ယောရှု၂၄း၁၅)
၂။မိသားစုဝင်ကိုကာကွယ်ခြင်း(ဧဖက်၅း၂၈-၂၉)
၃။စားဝတ်နေရေးတာဝန်ယူခြင်း(၁တိ၅း၈)
၃။ဇနီးသည်နှင့်အတူတူအမြဲနေထိုင်ပါ။
၁ပေ၃းရထဲမှာဘဲခင်ပွန်းသည်များကိုယ့်ဇနီးသည်နဲ့အတူတကွပေါင်းသင်းကြပါလို့သွန်သင်ထားပါတယ်၊ဘာကြောင့်လဲဆိုတော့အမျိုးသားတွေဟာများသောအားဖြင့်ဇနီးနဲ့အတူမနေဘဲအဝေးတနေရာမှာလုပ်ကိုင်စားသောက်နေကြလို့ပါ။တကယ်တမ်းတော့ဘယ်ရောက်ရောက်ဘာလုပ်လုပ်ဇနီးမောင်နှံဆိုတာအေးတူပူအမျှအတူတူနေမှစုံစမ်းခြင်းနဲ့ကင်းဝေးမှာမို့ကျမ်းစာကအတူနေဖို့မိန့်မှာထားတာပါ။
၄။ မိမိဇနီးကိုနားလည်တန်ဖိုးထားပါ။
၁ပေ၃းရမှာခင်ပွန်းသည်တွေကမိမိဇနီးသည်ကိုကိုယ့်ထက်အားနည်းတဲ့သူမို့နားလည်မှုပေးပြီး၊တန်ဖိုးထားဖို့သွန်သင်ထားပါတယ်။ယနေ့သင့်ဇနီးကိုသင်တန်ဖိုးထားနားလည်ပေးနေပြီလော?သင်ဖြစ်စေချင်တာထက်ဘုရားအလိုတော်ကိုဝန်ခံဖို့လိုပါတယ်။
၅။ဇနီးသည်ပေါ်အမြဲသစ္စာရှိပါ။
မာလခိ၂:၁၅မှာဘုရားသခင်ဟာလူမိန်းမလူယောကျင်္ားများစွာကိုဖန်ဆင်းလို့ရနိုင်ပေမဲ့၊မိန်းမတယောက်ထဲနဲ့ယောကျင်္ားတယာက်ထဲကိုသာအရင်ဖန်ဆင်းခဲ့ခြင်းဟာထိုက်တန်ကိုင်းရှိုင်းတဲ့အမျိုးကိုရလိုခြင်းပါလို့ဖော်ပြပါတယ်။ဆက်ပြီးလက်ထပ်ထားတဲ့ မယားကို သစ္စာဖျက်ပြီးမပြစ်မှားကြနှင့်လို့မိန့်မူထားပါတယ်။ဒါကြောင့်တလင်တမယားနဲ့ထာဝရသစ္စာရှိဖို့အရေးကြီးပါတယ်။
၆။ မိမိဇနီးသည်ကိုချစ်ပါ။
ဧဖက်၅:၂၈မှာခင်ပွန်းလုပ်သူတွေကိုယ့်ဇနီးသည်ကိုချစ်ပါလို့ဆိုပါတယ်။ကျမ်းစာတအုပ်လုံးမှာဒီလိုမှာကြားချက်၃ခါရှိပါတယ်။ချစ်တယ်ဆိုတာပါးစပ်ကနေတဖွဖွပြောနေတာထက်ကိုယ့်ဇနီးကိုလက်တွေ့ကာကွယ်ပေးခြင်းနဲ့လုပ်ကြွေးခြင်းအားဖြင့်သက်သေပြရပါမယ်
၇။ဇနီးသည်ပေါ်မကြမ်းတမ်းဘဲနူးညံ့ပါ။
ကောလောသဲဩဝါဒစာ၃:၁၉မှာယောကျင်္ားထုတွေကိုမိမိဇနီးပေါ်ကြမ်းတမ်းစွာမပြုကြဖို့မိန့်မှာထားပါတယ်။ဒါကြောင့်အတူပေါင်းသင်းတဲ့ဘဝအသက်တာမှာဘာဖြစ်ဖြစ်ကိုယ့်ဇနီးပေါ်မအော်ဟောက်မိဖို့၊လက်လွန်ပြီးမရိုက်နက်မိဖို့အမြဲတစေသတိထားရပါမယ်
၈။ကိုယ်စိတ်နှလုံးအားလုံးဇနီးပေါ်မှီဝဲပါ။
ဧဖက်ဩဝါဒစာ၅:၃၁မှာယောကျ်ားတွေကိုယ့်မိဘကိုစွန့်ပြီးဇနီးပေါ်မှီဝဲရမယ်လို့သွန်သင်ပါတယ်။ဒီနေရာမှာမိဘကိုပစ်ပယ်ပြီးကျေးဇူးကန်းခိုင်းတာမဟုတ်ပါဘူး၊ဇနီးသည်ကို”အခြားလူ”လို့မသတ်မှတ်တော့ဘဲကိုယ်နဲ့တသားထဲဖြစ်သွားလို့ဘာမဆိုဇနီးသည်ကိုအရင်သိခိုင်းပြီးသူနဲ့အတူဆုံးဖြတ်ဖို့ပါ။အထူးသဖြင့်မိဘထက်ပိုနီးစပ်သူအဖြစ်သတ်မှတ်ခိုင်းတဲ့သဘောပါ။ပြီးမှအတူတကွနှစ်ဖက်မိဘကျေးဇူးဆပ်ရမှာပါ။
၉။အမျက်ထွက်ငြင်းခုံခြင်းမရှိဘဲဆုတောင်းသောသူ
၁တိ ၂:၈သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက်ကိုချီ၍ ဆုတောင်းစေခြင်းငှာ ငါအလိုရှိ၏။
၁၀။မူးယစ်သောက်စားခြင်း၊လောင်းကစားနှင့်ကင်းသူ
ရောမ ၁၃:၁၃-၁၄ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။- သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှာ မကြံစည်ကြနှင့်။