သမ္မာကျမ်းစာမှတစ်လင်တစ်မယား
ယုံကြည်သူခရစ်ယာန်တွေမှာတစ်လင်တစ်မယားစနစ်သာဘုရားအလိုတော်ရှိကြောင်း၊မိန်းမ(ယောကျာ်း)အများကြီးယူခြင်းဟာဘုရားအလိုတော်မဟုတ်ကြောင်းသမ္မာကျမ်းစာရှုထောင့်ကနေအချက်(၇)ချက်ခွဲပြီးဖြေရှင်းပေးပါမယ်။
၁။ဘုရားသခင်ရဲ့ကနဦးဖန်ဆင်းပေးခြင်းကိုကြည့်ရင်၊(မာလခိ၂:၁၅)အရဘုရားသခင်ဟာအာဒံအတွက်ဧဝအများကြီးဖန်ဆင်းပေးနိုင်ပေမယ့်၊ဧဝအတွက်အာဒံအများကြီးဖန်ဆင်းပေးနိုင်ပေမယ့်၊အာဒံ(ယောကျာ်း)တစ်ယောက်ဧဝ(မိန်းမ)တစ်ယောက်ကိုသာဖန်ဆင်းပေးခဲ့တာမို့တစ်လင်တစ်မယားစနစ်ကိုသာဘုရားသတ်မှတ်ပေးခဲ့တာရှင်းလင်းလွန်းပါပေတယ်။
၂။တရားဟောရာ၁၇:၁၇မှာလည်းရှင်ဘုရင်တွေဟာအိမ်ထောင်ရေးမှာပြဿနာမရှိစေရအောင်မိန်းမအများကြီးမယူရဘူးလို့ပညတ်ထားပါတယ်။ဒါပေမယ့်တချို့သောဓမ္မဟောင်းကယုံကြည်သူတွေဟာမိန်းမအများကြီးယူခဲ့ကြတာမို့ပြဿနာအများကြီးကြုံခဲ့ကြရပါတယ်(ဥပမာရှောလုမုန် ၃ရာ၁၁:၃-၄)။
၃။၁တိ၃:၂-၁၂နဲ့တိတု၁:၆မှာသင်းအုပ်စည်းကမ်းကိုပြောတဲ့အခါ“မယားတစ်ယောက်ထဲရှိသောသူ”လို့သတိပေးထားပါတယ်။အထူးသဖြင့်အမှုတော်ဆောင်တွေဟာမယားတစ်ယောက်ဘဲရှိရမယ်လို့အတိအကျသတိပေးထားတာဖြစ်သလို၊ဒီစကားအားဖြင့်ဘုရားသခင်ရဲ့အလိုတော်ဟာတစ်လင်တစ်မယားစနစ်ဖြစ်ကြောင်းနားလည်ရပါမယ်။
၄။ဧဖက်၅:၂၂-၂၃မှာအိမ်ထောင်သည်ယောကျာ်းနဲ့မိန်းမအကြောင်းကိုသွန်သင်တဲ့နေရာမှာလည်းဂရိစကားလုံးယောကျာ်းနဲ့မိန်းမကို“တစ်ခုတည်း”ဆိုတဲ့အဓိပ္ပာယ်နဲ့ရေးသားထားတာလေ့လာတွေ့ရှိပါလိမ့်မယ်။ဆိုလိုချင်တာကအိမ်ထောင်မှာယောကျာ်းတစ်ဦးသာလျှင်၊မိန်းမတစ်ဦးသာလျှင်လင်နဲ့မယားလို့သက်ရောက်တာဖြစ်ပါတယ်။
၅။ယေရှုခရစ်တော်ကလည်းမဿဲ၁၉:၁-၉မှာတစ်လင်တစ်မယားစနစ်ကိုထောက်ခံပြောဆိုသွန်သင်ခဲ့သလို၊ဟေဗြဲ၁၃:၄မှာလည်း“မင်္ဂလာဆောင်ခြင်းအမှုပေါ်သစ္စာရှိပါ”လို့အထူးသတိပေးထားတာလည်းသတိရကြရပါမယ်။(မင်္ဂလာမဆောင်ဘဲတိတ်တိတ်ပုန်းယူထားရင်တော့အပြစ်ကြီးပါတယ်)။
၆။တစ်လင်တစ်မယားစနစ်ဂာဘုရားအလိုတော်ဆိုရင်ဘာလို့ဓမ္မဟောင်းကျမ်းစာထဲမှာဘုရား ရွေးကောက်တဲ့လူတွေကတချို့မှာမိန်းမနှစ်ယောက်အထက်ရှိနေခဲ့ကြတာလဲလို့မေးကောင်းမေးနိုင်ပါမယ်။အမှန်တော့ဓမ္မဟောင်းကျမ်းစာဆိုတာသမိုင်းအဖြစ်အပျက်တွေကိုအရှိကိုအရှိတိုင်းမှတ်သားထားတာမမေ့သင့်ပါ၊မှတ်သားထားတိုင်းဘုရားခွင့်ပြုတယ်လို့ရယ်မသက်ရောက်ပါဘူး။
၇။ဒါဆိုရင်ဘုရားသခင်ကဘာလို့မတားမြစ်(အပြစ်မပေး)တာလဲမေးကောင်းမေးနိုင်ပါမယ်။ဒါကိုဖြေရရင်ဓမ္မဟောင်းခေတ်ကာလရေခံမြေခံကိုလေ့လာရပါတယ်။အဲဒီချိန်ကအမျိုးသမီးအခွင့်အရေးဆုံးရှုံးနေတဲ့ကာလပါ။လူဦးရေအနေနဲ့အမျိုးသားတွေစစ်ထွက်သေကုန်တာများနေတတ်တာမို့အမျိုးသမီးဦးရေပိုပိုများနေပါတယ်။ယောကျာ်းမရတဲ့အမျိုးသမီးတွေကိုရောင်းစားခံရတဲ့အထိအန္တရာယ်နဲ့ကြုံတွေ့နေတဲ့အချိန်ပါ။ဒါကြောင့်ဘုရားသခင်ကအမျိုးသမီးတွေကိုကာကွယ်တဲ့အနေနဲ့၊လူဦးရေများပြားစေဖို့၊နောက်မျိုးဆက်ရှိဖို့အနေနဲ့ရောခေတ္တခွင့်ပြုထားတာဖြစ်မယ်လို့ကျမ်းပညာရှင်တွေကမှတ်ချက်ပြုထားပါတယ်။(ဥပမာကမ္ဘာဦးကာလမှာလူဦးရေများများမရှိသေးလို့မိသားစုထဲကတဆက်ခြားအချင်းချင်းအိမ်ထောင်ပြုခွင့်ပေးထားပြီး၊လူဦးရေများလာတဲ့အခါကန့်သတ်ခဲ့တာမျိုးပါ)။
နောက်ပို့စ်မှာကွာရှင်းခြင်းအကြောင်းလိုရင်းတိုရှင်းတင်ပြသွားဖို့ရှိပါတယ်။
မိမိရဲ့ထင်မြင်ခံယူချက်နဲ့မေးခွန်းများကိုကောမန့်မှာမှတ်ချက်ပြုနိုင်ပါတယ်။
God Bless You.