သင့်ကလေးကိုဒီ(၁၁)ချက်သွန်သင်ပါ။
၁။ကိုယ့်ဟာမဟုတ်တဲ့သူများပစ္စည်းတွေကိုအလကားလျှောက်မယူမိအောင်သွန်သင်ပေးပါ။ဒါမှသူကြီးလာရင်ခိုးခြင်းလုခြင်းကိုရှောင်တတ်လာပါလိမ့်မယ်။
၂။သုံးပြီးတဲ့အရာမှန်သမျှနောက်တခါသုံးဖို့လိုသေးရင်သူ့နေရာသူသေချာပြန်သိမ်းဖို့သွန်သင်ပေးပါ။ဒါမှသူကြီးလာတဲ့အခါသန့်ရှင်းသပ်ရပ်တတ်လာပါလိမ့်မယ်။
၃။လူကြီးသူမနဲ့တွေ့ရင်အရိုအသေပေးတတ်ဖို့သွန်သင်ပေးပါ။ဒါမှသူကြီးလာရင်လိမ်မာပြီးလူကြီးကိုရိုသေတတ်လာပါလိမ့်မယ်။
၄။သူများစကားပြောနေရင်ကြားဖြတ်မပြောဖို့သွန်သင်ပေးပါ။ဒါမှသူကြီးလာရင်လူလူချင်းရိုသေမှုပြုရကြောင်းသိရှိလာပါလိမ့်မယ်။
၅။ဆဲဆိုရိုင်းဆိုင်းတဲ့စကားမပြောဖို့အထူးသတိပေးသွန်သင်ပေးပါ။ဒါမှသူကြီးလာရင်ဆဲဆိုရိုင်းဆိုင်းခြင်းကနေကင်းဝေးရပါလိမ့်မယ်။
၆။အစားအသောက်တွေကိုအလဟသမဖြစ်စေဖို့အမြဲသွန်သင်ပေးပါ။ဒါမှသူကြီးလာရင်ချွေတာစုဆောင်းတတ်လာပါလိမ့်မယ်။
၇။အမှားလုပ်မိရင်သတ္တိရှိရှိဝန်ခံတတ်ဖို့အမြဲသွန်သင်ပြောပြပေးထားပါ။ဒါမှသူကြီးလာရင်တာဝန်ယူတတ်သူ၊တာဝန်ခံတတ်သူဖြစ်လာပါလိမ့်မယ်။
၈။ခရစ်ယာန်ယုံကြည်သူကလေးဆိုရင်
ငယ်ရွယ်တဲ့အချိန်မှစပြီးကယ်တင်ခြင်းအကြောင်းကိုသေချာနားလည်အောင်အမြဲပြောပြရှင်းပြထားပါ၊ဒါမှသူကြီးလာတဲ့အခါကယ်တင်ခြင်းရတဲ့ယုံကြည်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
၉။ခရစ်ယာန်ယုံကြည်သူကလေးဆိုရင်
ငယ်ရွယ်တဲ့အချိန်ကစပြီးကျမ်းစာဖတ်ဆုတောင်းတတ်အောင်သင်ပြပေးပါ၊ဒါမှသူကြီးလာရင်သူကိုယ်တိုင်ဘုရားသခင်ဆီဆုတောင်းတတ်လာမှာဖြစ်သလိုဘုရားသူ့ကိုပြောချင်တဲ့စကားတွေဟာကျမ်းစာထဲမှာရှိကြောင်းသိလာပါလိမ့်မယ်။
၁၀။ခရစ်ယာန်ယုံကြည်သူကလေးဆိုရင်
ငယ်ရွယ်တဲ့အချိန်မှစပြီးရတဲ့မုန့်ဖိုးထဲကနေဆယ်ဖို့တစ်ဖို့နဲ့အလှူငွေထည့်တတ်ဖို့သွန်သင်ပေးပါ၊ဒါမှသူကြီးလာရင်လည်းဒီကောင်းချီးလမ်းနဲ့မလွဲဘဲလျှောက်သွားပြီးကြီးပွားသွားပါလိမ့်မယ်။
၁၁။ခရစ်ယာန်ယုံကြည်သူကလေးဆိုရင်
ငယ်ရွယ်တဲ့အချိန်မှစပြီးဘုရားကျောင်း(ဆန်းဒေးစကူး)အမြဲတက်ဖို့ပို့ဆောင်လမ်းပြပေးပါ။ဒါမှသူကြီးလာတဲ့အခါဘုရားသခင်နဲ့အမြဲမိသဟာယရှိပြီးယုံကြည်သူတွေနဲ့လည်းအမြဲမိသဟာယရှိနေပါလိမ့်မယ်။
သုတ္တံ၂၂:၆ သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်။