• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကလေးများနေ့ဖြစ်ပေါ်လာပုံ(Children’s Day)

ဆရာရဲမင်း

10 月 23, 2024

ကလေးများနေ့ဖြစ်ပေါ်လာပုံ(Children’s Day)

၆လပိုင်း၁ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာကလေးများနေ့ဖြစ်ပါတယ်။မြန်မာပြည်မှာတော့ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့၂လ၁၃ရက်ကိုကလေးများနေ့သတ်မှတ်ပေးထားပါတယ်။ခရစ်ယာန်အသင်းတော်အများစုကတော့၆လဒုတိယတနင်္ဂနွေမှာပြုလုပ်ကြပါတယ်။ကနဦးကလေးများနေ့ကိုကျင်းပပေးခဲ့တာကခရစ်ယာန်ဘုရားကျောင်းတခုမှာပါ၊1856ခုနှစ်၊6လပိုင်းဒုတိယတနင်္ဂနွေမှာဆရာကြီးCharles Leonard ဟာဘုရားကျောင်းကလေးတွေအတွက်နှင်းဆီပန်းတနင်္ဂနွေနေ့ဆိုပြီးကျင်းပပေးခဲ့တာပါ။အဲဒီနောက်ပိုင်း1923ကစနိုင်ငံတချို့မှာကလေးများနေ့ကိုစတင်ကျင်းပစပြုလာနေပါပြီ။

ကလေးများနေ့ကိုအပြည်ပြည်ဆိုင်ရာအဖြစ်သတ်မှတ်ဖို့တွန်းအားပေးခဲ့တာကတော့1925ခုနှစ်၈လပိုင်းကအစည်းဝေးတခုပါ။နိုင်ငံပေါင်း၅၄နိုင်ငံကကိုယ်စားလှယ်တွေဟာဆွန်ဇာလန်နိုင်ငံဂျီနီဗာမှာကလေးများဘဝသာယာရေးခေါင်းစဉ်ဖြင့်အစည်းဝေးကြီးလုပ်ခဲ့ပါတယ်၊အဲဒီမှာဘဲကလေးများဘဝသာယာရေးပြဒါန်းချက်(Geneva Declaration on the protection of children)ကိုအတည်ပြုခဲ့ပြီး၄လ၄ရက်နေ့မှာကလေးများနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။အဲဒီပြဒါန်းချက်ထဲမှာအဓိကအနေနဲ့ကလေးများရဲ့စိတ်ပိုင်းဆိုင်ရာအခွင့်အရေး၊ဆင်းရဲတဲ့ကလေးများကိုကယ်တင်ရေး၊ကလေးအန္တရာယ်ကင်းစင်ရေး၊အသက်ရှင်ရေးနဲ့ပညာရေးသွန်သင်မှုအပိုင်းများပါဝင်ပါတယ်။အဲဒီကစပြီးနိုင်ငံအသီးသီးမတူညီတဲ့ရက်မြတ်မှာကလေးများနေ့အဖြစ်သတ်မှတ်ကျင်းပလာခဲ့ပါတယ်။

6လပိုင်း၁ရက်နေ့ကလေးများနေ့ဖြစ်လာရခြင်းကတော့အစုပြုံလိုက်လူသတ်မှုနဲ့ပတ်သတ်နေပါတယ်။1942ခုနှစ်6လ10ရက်နေ့မှာဂျာမနီFascismတွေကCzech Republic နိုင်ငံLidiceရွာမှာရှိတဲ့ကလေးအားလုံးနီးပါးနဲ့ယောင်္ကျားလေးအားလုံးကိုပစ်သတ်ခဲ့ပြီးမိန်းမနဲ့ကျန်ကလေး၉၀ကိုစခန်းမှာချုပ်နှောင်ဖမ်းဆီးခဲ့ပါတယ်။ရွာတခုလုံးကိုလဲဂျာမနီfascismတွေကဖျက်စီးခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာလဲလူပေါင်းမြောက်များစွာအလုပ်မဲ့သွားပြီးဘေးဒဏ်ကြီးကြုံခဲ့ရပါတယ်၊အထူးသဖြင့်ကလေးတွေဟာကူးစက်ရောဂါနဲ့သေကြပြီး၊ရက်စက်ဒဏ်၊ငတ်မွက်ဒဏ်ကြားမှာအစုလိုက်အပြုံလိုက်သေနေရကြပါတယ်။ဒါကြောင့်1949ခုနှစ်11လပိုင်းမှာ၊ဒီအရာတွေကိုအောက်မေ့ခြင်းနဲ့၊ကလေးတွေရဲ့လုံခြုံမှုကိုအာမခံပေးရေးကိုအပြည်ပြည်ဆိုင်ရာအမျိုးသမီးများအဖွဲ့ချုပ်(Women International Democratic Federation,အတိုကောက်WIDF)ကနေမော်စကိုမှာအစည်းဝေးပြုလုပ်ခဲ့ပြီးကလေးများနေ့ကိုနှစ်စဉ်နှစ်တိုင်းရဲ့၆လပိုင်း၁ရက်နေ့မှာပြုလုပ်ဖို့သတ်မှတ်ခဲ့ပါတယ်။နောက်ပိုင်း1954ခုနှစ်၊12လ၊14ရက်နေ့မှာကုလသမဂ္ဂUNESCOကနေကလေးများနေ့ကို11လ20ရက်နေ့မှာသတ်မှတ်ပြီး၊1959ခုနှစ် 11လ20ရက်နေ့မှာတော့”ကလေးများအခွင့်အရေး”(Declaration of the Rights of the Child)၁၀ချက်ကိုပြဒါန်းနိုင်ခဲ့ပါတယ်။
ကလေးများနေ့နဲ့ပတ်သတ်ပြီးနိုင်ငံအသီးသီးကကျင်းပတဲ့ရက်မြတ်မတူညီကြပေမဲ့များသောအားဖြင့်တော့6လ1ရက်နေ့မှာဘဲလုပ်ကြပါတယ်။မြန်မာပြည်မှာတော့ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့ဖေဖော်ဝါရီ၁၃မှာတချို့ကျင်းပကြပါတယ်။ခရစ်ယာန်အသင်းတော်အများစုကတော့၆လဒုတိယပတ်တနင်္ဂနွေမှာပြုလုပ်ကြပါတယ်။

မတူညီတဲ့ကမ္ဘာ့နိုင်ငံအသီးသီးကကလေးများနေ့ကျင်းပရက်ကိုအနည်းကျဉ်းတင်ပြပေးလိုက်ပါတယ်…
မြန်မာ 2လ13ရက်၊(ဗိုလ်ချုပ်မွေးနေ့)။
တရုတ်ပြည်မကြီးက 6လ၊1ရက်။
ဟောင်ကောင်က 4လ၊4ရက်။
မကာအို 6လ၊1ရက်။
ထိုင်ဝမ် 4လ၊4ရက်။
ဂျပန် 5လ၊5ရက်။
မြောက်ကိုးရီးယား 6လ၊1ရက်။
တောင်ကိုးရီးယား 5လ၊5ရက်။
မုန်ဂိုရီးယား 6လ၊1ရက်။
လာအို 6လ၊1ရက်။
အန္ဒိယ 11လ၊14ရက်။
တူရကီ 4လ၊23ရက်။
ထိုင်း 1လ၊ဒုတိယပတ်စနေ။
စင်ကာပူ 10လ၊1ရက်။
အရှေ့ဂျာမနီ 6လ၊1ရက်။
အနောက်ဂျာမနီ 9လ၊20ရက်။
ဆွီဒင် 8လ7ရက်-ယောင်္ကျားလေးများနေ့၊12လ၊13ရက်-မိန်းကလေးများနေ့။
အမေရိကန် 6လဒုတိယပတ်တနင်္ဂနွေ။
ဘလာဇီး 10လ၊12ရက်။
လာမဲ့6လပိုင်း၁ရက်နေ့မှာကျရောက်မဲ့ကလေးများနေ့ကိုဤပို့စ်ဖြင့်အသိမှတ်ပြုလိုက်ပါတယ်။